Part-18💔🥀

100 3 0
                                    

အချိန်တွေ ကုန်လွန်လာလိုက်တာ....တစ်လတောင် ကြာသွားခဲ့ပြီ
မြင့်မိုရ်က သည်းငယ်ကိုဆက်သွယ်လို့မရအောင် လုပ်ထားတာမို့ သူ့လူတွေလည်း ဘယ်လိုမှရှာမရခဲ့ဘူး

အတူရှိနေချိန်လေးမှာတောင် သည်းငယ်နဲ့တွေ့ပြီး အိမ်ပြန်ချိန်ရတိုင်းမှာ စက္ကန့် မပြတ်သတိရလွမ်းဆွတ်နေရတာ
အခုလို ဝေးကွာနေရတဲ့တစ်လတာဟာ သူ့အတွက်တော့ ငရဲတမျှပါပဲ

သည်းငယ်.......မင်းလည်း ကိုယ့်လိုပဲလွမ်းနေမယ်မဟုတ်လား
အချိန်တိုင်း သတိရနေတယ် သည်းငယ်ရယ် သည်းငယ်ရောက်နေတဲ့နေရာမှာ အစစအရာရာ အဆင်ပြေပါစေကွာ ကိုယ်မင်းကို ရှာလို့တွေ့ခဲ့ရင် ဘယ်သူမှလိုက်မလာနိုင်တဲ့နေရာအထိ ကိုယ်တို့အတူထွက်သွားကြမယ်.......

"မှိုင်း.....ဒယ်ဒီ့ကိုမတားတော့ဘူးလား
မနေ့ကလည်း အရက်တွေချည်းထိုင်သောက်နေတာ........ဒီနေ့လည်း ထပ်သောက်ပြန်ပြီ
ကြာရင် ဒယ်ဒီ့ ကျန်းမာရေး ထိခိုက်သွားလိမ့်မယ်နော်

ကိုယ်လည်း တားတယ် ရိပ်
ဒယ်ဒီကလက်မခံဘူး....သူဒီအတိုင်းနေရင် ကွန့်ကိုပိုသတိရလို့ သောက်မှဖြစ်မယ်တဲ့

အခုသောက်တော့လည်း ဒယ်ဒီမေ့နိုင်တာကျလို့ ပိုပြီးတောင် ဆွေးရသေးတယ်မဟုတ်ဘူးလား

ဒယ်ဒီ့ကိုဒီနေ့တစ်နေ့တော့လွှတ်ထားပေးလိုက်ပါဦးကွာ

ကွန်လည်း လေးငယ်ကြောင့် စိတ်ဆင်းရဲနေရပြီထင်တယ်

အဟင်း..... (သက်ပြင်းချသံ)
ည၁၀နါရီပဲထိုးနေပြီ
ရိပ်လည်းနားတော့လေ....ကိုယ်ဝန်ဆောင်မိခင်က အိပ်ရေးဝမှအားရှိမှာ

အင်း ဒါဆို ရိပ်အနားယူတော့မယ်

လာ...ကိုယ်အခန်းထဲထိလိုက်ပို့ပေးမယ်....

ဒယ်ဒီ့ကိုအဖော်လုပ်ပေးလိုက်ပါဦး
ရိပ်ဖာ့သာအခန်းထဲသွားလိုက်ပါ့မယ်.....

မရပါဘူး ကိုယ့်ဇနီးလေးကိုစိတ်မချဘူး

အဟင်း မှိုင်းနော်.....

ကိုယ့်လက်ကိုသေချာကိုင်နော် ရိပ်"

"အင်း "

ရိပ်ကို သူတို့အခန်းထဲပို့ပေးပြီး အိပ်ပျော်သည်အထိစောင့်ပြီးမှ အောက်ထပ်ဆင်းလာတော့ ဒယ်ဒီက ခြံထဲကခုံတန်းရှည်လေးမှာ ရှိနေလေသည်

"8 Letters"☕💔🥀Nơi câu chuyện tồn tại. Hãy khám phá bây giờ