"8 Letters "
Part-6ရေချိုးခန်းထဲကနေ မျက်နှာသစ်ပြီးထွက်လာသည့် မှိုင်း....ရိပ်ရဲ့လက်ယပ်ခေါ်မှုကြောင့် ပြတင်းပေါက်အနားပြေးသွားကာ လိုက်ကာကိုကွယ်ပြီး ခြံထဲရှိ ဥယျာဥ်ထဲသို့ ချောင်းကြည့်မိနေသည်
ဒယ်ဒီ ဂစ်တာတီးပြီးသီချင်းဆိုနေတာပါလား..
.မှတ်မှတ်ရရ ဒယ်ဒီနောက်ဆုံးဂစ်တာတီးခဲ့တာ သူ့ကိုမွေးသည့်နေ့ဟုဒယ်ဒီပြောခဲ့ဖူးသည်
အဲ့နောက်ပိုင်း ဒယ်ဒီဂစ်တာလုံးဝပြန်မတီးဖြစ်တော့တာ ဒီနေ့ညမတိုင်ခင်အထိပဲ....."မှိုင်း...ဒယ်ဒီဂစ်တာတီးပြီးသီချင်းဆိုနေတဲ့စတိုင်က အရမ်းမိုက်တယ်နော်
သီချင်းကလည်း ခံစားချက်အပြည့်နဲ့ဆိုတာကြောင့်ထင်တယ်...နားထောင်ရတာအရမ်းကောင်းတာပဲ...ဟီးဟီးကိုယ်ထင်တာမမှားဘူးဆိုရင် ဒယ်ဒီကွန်နဲ့ပက်သက်ပြီး ဆွေးနေရလို့ဖြစ်မယ်
မှိုင်းထင်တာမှန်လောက်တယ်....
လာပါ ကိုယ်တို့အိပ်ကြရအောင်...ကိုယ်တို့အိပ်ပြီအထင်နဲ့ ဒယ်ဒီခြံထဲမှာသီချင်းဆိုနေတာနေမှာ
ကိုယ်တို့ချောင်းကြည့်နေမှန်းသိရင် ဒယ်ဒီMoodပျောက်နေဦးမယ်ရိပ် ကြည့်ချင်သေးတယ်မှိုင်းရဲ့
လာပါရိပ်ရယ်....ကိုယ်တို့အိပ်ရာဝင်ကြရအောင်ကွာ
မနက်သူပဲအလုပ်တွေအများကြီးရှိတယ်ဆိုပြီးပြောနေပြီးတော့ဟုတ်သား မှိုင်းပြောမှသတိရတယ်
ဒယ်ဒီ့သီချင်းမှာနစ်မြောနေတာနဲ့မေ့နေတာ
ဟီးဟီးသွားဖြီးပြမနေနဲ့ လာအိပ်မယ်"
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
ဒီနေ့ တူမရီးနှစ်ယောက် အပြင်မသွားဖြစ်ဘဲ အိမ်မှာပဲ ရှိနေသည်
လေးငယ်က အပေါ်ထပ်မှာ စာဖတ်ရင်း အဲကွန်းလေးနဲ့အနားယူနေသည် ပြောရရင် ဇိမ်ယူနေတာပေါ့လေ
ကွန်ကတော့ အောက်ထပ်ဧည့်ခန်းမှာ တစ်ယောက်တည်း.....ရှိနေသည်
ပျင်းလိုက်တာ ငါဘာလုပ်ရမလဲ
ဟာ....ဟုတ်ပြီ အကြံရပြီဖုန်းနဲ့ Bluetooth စက်ကို ချိတ်ပြီး ကွန်အကြိုက်ဆုံးသီချင်းလေးကို ဖွင့်ပြီး သီချင်းအော်ဆိုဖို့ပြင်လိုက်သည်
YOU ARE READING
"8 Letters"☕💔🥀
General Fiction"8 Letters"☕ နှလုံးသားစတင်ချစ်တတ်တဲ့အချိန်ကတည်းက ချစ်ခဲ့သည့်မိန်းကလေးတစ်ယောက် သူမသူငယ်ချင်းရဲ့အဖေကိုမှ မေတ္တာသက်ဝင်မိခဲ့သည့် မိန်းကလေး ချစ်တဲ့သူဆီက ဥပက္ခာပြုခြင်းကိုသာရရှိခဲ့သည့်သူမ နာကျင်ရပါများလာတော့ ချစ်တဲ့သူဘေးကသာမက အားလုံးရဲ့အဝေးကိုထွက်သွားခဲ့သ...