•° •° •° •° •°
ညနေ၅နာရီ လောက်မှာ ကွန်တို့ ရန်ကုန်ကို ပြန်ရောက်ခဲ့သည်
ဦးစက်က ကွန့်အိမ်ကိုလိုက်ပို့ပေးခဲ့သည်"ဦးစက် "
သည်းငယ်က သူ့အား ရေကမ်းပေးလာတာမို့ လှမ်းယူလိုက်သည်"သည်းငယ် အိမ်လည်းရောက်ပြီဆိုတော့ သေချာအနားယူလိုက်နော်
ဟုတ် ဦးစက်ရောပဲ အိမ်ရောက်တာနဲ့ တန်းပြီးအနားယူနော် အလုပ်တွေကို တန်းမကိုင်နဲ့
ဟုတ်ကဲ့ပါဗျ
ဒါဆို ကိုယ်ပြန်ပြီနော် သည်းငယ်
နှုန်ဆက်အနမ်းလေး မရဘူးလားဟင်"သူ့စကားအဆုံးမှာ သည်းငယ်က သူ့အကျီစကိုဆွဲ၍ ကိုယ်ကိုငုံ့စေပြီး နှုတ်ခမ်းချင်းထိကပ်ခဲ့လေသည်
"ပေးပြီးပြီနော် ဦးစက်ပြန်လို့ရပြီ
ဟုတ်ကဲ့ပါဗျ တံခါးတွေသေချာပိတ်အိပ်နော် တစ်ခုခုဆိုရင် ကိုယ့်ဆီဖုန်းလှမ်းဆက်လိုက်
ဟုတ် ကားကိုဂရုစိုက်မောင်းနော်
အိမ်ရောက်ရင် ကွန့်ကိုဖုန်းဆက်နော် ဦးစက် မမေ့နဲ့ဟုတ်ကဲ့ပါဗျ"
ဦးစက်ရဲ့ကား ခြံထဲမှထွက်သွားပြီဆိုတာနဲ့ ခြံတံခါးကိုသေချာပိတ်ခဲ့ပြီး ရေချိုးဖို့အပေါ်ထပ်အခန်းဆီတက်လာခဲ့သည်
ကွန် မှန်တင်ခုံမှာ နို့ရည်လိမ်းမလို့ပြင်နေတုန်းမှာ ဦးစက်ဆီမှ ဖုန်းဝင်လာသည်
"ဟဲလို ဦးစက် အိမ်ရောက်ပြီလားအင်း ခုနလေးတင်ရောက်တာ ကိုယ်ရေချိုးနေလို့ သည်းငယ်ဆီအခုမှဆက်လိုက်တာ
ကွန်လည်းခုနလေးကမှ ရေချိုးလို့ပြီးတာ
ညနေစာကို ကိုယ်လာပို့ပေးရမလားသည်းငယ်
ရတယ် ဦးစက် ကွန် ခရီးမသွားခင်တုန်းက ဝယ်ထားခဲ့တဲ့ ခေါက်ဆွဲထုပ်တွေရှိသေးတယ် အဲ့တာနဲ့ ကြက်ဥဖောက်ထည့်ပြီး စားလိုက်တော့မယ်
သည်းငယ်နော် ကိုယ်က သည်းငယ်ဆီလာချင်လို့ စကားလမ်းကြောင်းစနေတာကို
အဟွန်း ဦးစက်အကြောင်းသိသားပဲ အဲ့တာကြောင့်မလာခိုင်းတာ
တနေကုန် ကားမောင်းလာရတာ ဦးစက်အနားယူသင့်ပြီ
YOU ARE READING
"8 Letters"☕💔🥀
General Fiction"8 Letters"☕ နှလုံးသားစတင်ချစ်တတ်တဲ့အချိန်ကတည်းက ချစ်ခဲ့သည့်မိန်းကလေးတစ်ယောက် သူမသူငယ်ချင်းရဲ့အဖေကိုမှ မေတ္တာသက်ဝင်မိခဲ့သည့် မိန်းကလေး ချစ်တဲ့သူဆီက ဥပက္ခာပြုခြင်းကိုသာရရှိခဲ့သည့်သူမ နာကျင်ရပါများလာတော့ ချစ်တဲ့သူဘေးကသာမက အားလုံးရဲ့အဝေးကိုထွက်သွားခဲ့သ...