part-26

116 0 0
                                    

"ကွန်.....ကိုယ့်စကားသံကိုကြားရမယ်ဆိုရင် ကိုယ်တို့ဆီပြန်လာခဲ့ပေးပါ......ဒီလိုနည်းနဲ့တော့ကိုယ့်ဆီကထွက်မသွားပါနဲ့ကွာ....."

"သမီးငယ် လေးငယ်မှာ မိသားစုဝင်ဆိုလို့ သမီးတစ်ယောက်ပဲရှိတာပါ....သမီးကိုချစ်တဲ့သူတွေကအနားကနေ အခုလိုထွက်မသွားပါနဲ့သမီးရယ်....လေးငယ်တို့ဆီပြန်လာခဲ့ပေးပါကွာ....."

"ဆရာမ သွေးခုန်နှုန်းကရောဘယ်လိုလဲ....

မကောင်းဘူး ဒေါက်တာ သွေးပေါင်လည်းထိုးကျနေတယ်....

ကျွန်တော်တို့အမြန်လုပ်မှဖြစ်မယ်...၁၅မိနစ်အတွင်း သွေးခုန်နှုန်းမငြိမ်ဘူး သွေးပေါင်လည်းဆက်တိုက်ကျနေတုန်းပဲဆိုရင် လူနာကိုလက်လွှတ်လိုက်ရလိမ့်မယ်

ဟုတ်ကဲ့ ဒေါက်တာ...."

15 minutes later ~~~~~

"ဟူး....အခုမှရင်အေးရတော့တယ်....သွေးခုန်နှုန်းကိုတစ်ချက်ပြန်စစ်ပေးပါဦးဆရာမ
နှလုံးခုန်နှုန်းကတော့စိတ်ချသွားရပါပြီ

ဟုတ်ကဲ့ လူနာရှင်တွေကိုသွားခေါ်လိုက်ပါဦး

ဟုတ်ကဲ့ ဒေါက်တာ"

"လူနာရှင်များအထဲဝင်လို့ရပါပြီနော်

ဟုတ်ကဲ့ ဆရာမ ကျွန်တော့်တူမအခြေအနေမစိုးရိမ်ရတော့ဘူးမလား

ဟုတ်ကဲ့ စိုးရိမ်ရတဲ့အခြေအနေကလွတ်သွားပါပြီ
လူနာဒီလိုထပ်မဖြစ်အောင် ဆေးသွင်းပေးထားခဲ့ပါတယ်....

သတိရဖို့ကရော ဘယ်လောက်ကြာဦးမလဲဒေါက်တာ

ဒီနှစ်ရက်အတွင်းသတိပြန်ရလာနိုင်ခြေရှိပါတယ်....တစ်ချက်စောင့်ကြည့်ရဦးမှာပေါ့ဗျာ
အကယ်၍ သတိမရသေးတာရက်ကြာလာပြီဆိုရင်တော့ ကိုမာဝင်နိုင်ခြေများပါတယ်...."

ဒေါက်တာ့စကားကြောင့် သတိမေ့နေသည့်သည်းငယ်ကိုလှမ်းကြည့်မိသည်
"သည်းငယ် အမြန်ဆုံး သတိပြန်ရလာမယ်မဟုတ်လား"

"ဒါဆို ကျွန်တော့်ကိုခွင့်ပြုပါဦး

ဟုတ်ကဲ့ပါဒေါက်တာ "

မြင့်မိုရ် တိမ်လွင့်ကိုကြည့်လိုက်တော့ ကွန့်ရဲ့ဘေးမှာထိုင်ပြီးငိုင်ငိုင်ကြီးဖြစ်နေတာကိုတွေ့ရသည်

"8 Letters"☕💔🥀Where stories live. Discover now