🌸ဘီလူးနမ်းသောအရိုင်းပန်း🌸
အခန်း၁"ဒေါင်!...ဒေါင်!..ဒေါင်!..ဒေါင်!.."
သုန္နကမြို့လည်ခေါင်မှ နာရီစင်ကြီးသည် လေးနာရီထိုးပြီဟေ့လို့ အချက်ပေးသံမြည်လာလေသည်။နာရီစင်ကြီးမှ တဒေါင်ဒေါင်မြည်သံကြောင့် တိတ်ဆိတ်နေတဲ့မြို့ကြီးဟာ တဒင်္ဂလောက်တုန်လှုပ်သွားသည်။
သုန္နကမြို့ရဲ့ လူသွားလမ်းမကျယ်ကြီးထက်မှာလည်း သစ်ရွက်ဝါတွေကဖွေးဖွေးလှုပ်လို့ ..ဝါကျင့်ကျင့်လမ်းမီးတိုင်မှ အလင်းရောင်တွေကလည်း ထိုလမ်းမကြီးပေါ်သို့ဖြာကျနေသည်။ ထိုမြင်ကွင်းဟာ ရွှေဝါရောင်သန်းလွန်းလှတဲ့ နံနွင်းမှုန့်တုံးကြီးနှင့်ပင်တူနေသည်။
လူချမ်းသာတွေသာ နေနိုင်သော ဘုံဗိမ္မာန်တစ်ခုလိုဖြစ်နေတာကြောင့် အဆောက်အဦးတိုင်းကလည်း ဟီးထွက်နေသည်။ခြံ၀န်းတိုင်းမှာ လျှပ်စစ်မီးရောင်တွေ ထိန်နေအောင်ထွန်းထားကြတာကြောင့် တိုက်တာကြီးတွေရဲ့
ပုံသဏ္ဍန်က အမှောင်ထုကိုတောင်ခွင်းပြီး ထင်းလင်းနေသည်။"အား...ဗိုက်ကလည်း..ရစ်လာပြန်ပြီ..."
လုံးလုံးတစ်ယောက် လေးနာရီထိုးမှ ဗိုက်တွေကအရမ်းနာလာသည်။သေချာပေါက်အိမ်သာကို သွားရမှဖြစ်ပေမည်။အခန်းထဲမှာနေရင်းနဲ့ ပြင်ပမှ ညပုရစ်တွေနဲ့ ပိုးမွှားသံတွေကိုလည်း ကြားနေရသည်။
သူမတို့နေတဲ့အလုပ်သမားတန်းလျားနားက နို့စားနွားမကြီးကလည်းတစ်ချက်တစ်ချက် ထထအော်သည်။သူမရဲ့အခန်းနဲ့ကပ်လျက်မှာ ဆောက်ထားတဲ့တင်းကုတ်မှ မြင်းကြီးငညိုကလည်း အိပ်နေရင်းနှာတွေထထမှုတ်လေသည်။
"ကျွီ...."လုံးလုံးခမျာ ခပ်ကြောက်ကြောက်နဲ့ပဲအခန်းတံခါးကို ဖွင့်လိုက်သည်။
"အင်း...ကိစ္စကထိပ်၀ကိုရောက်နေတော့လည်း..
ကြောက်နေလို့မဖြစ်ပါဘူး..အား..ဗိုက်ကလည်း နာလိုက်တာ..တကတည်းဒီအချိန်ကြီးကျမှကွက်တိ..." သူမကိုယ့်ဗိုက်ကိုယ် ပြန်ကျိန်ဆဲနေမိသည်။ဗိုက်ကလည်း အတော်နာနေပြီမို့ လက်နဲ့ဖင်ကိုအတင်းပိတ်ကာအိမ်သာဆီသို့ ပြေးရသည် ။အိမ်သာရှေ့ကို ရောက်တဲ့အခါမှာတော့ လုံးလုံးရဲ့ခြေလှမ်းတွေက ရှေ့ဆက်တိုးလို့မရတော့ပြီ။
အုတ်တံတိုင်းကာထားပေမဲ့ အထင်းသားမြင်နေရတဲ့ ဟိုဘက်ခြံကသရက်ပင်ကြီးကြောင့်ပါပဲ။
YOU ARE READING
ဘီလူးနမ်းသော...အရိုင်းပန်း
General Fiction"မင်းငါ့ကို အဲ့လိုလာမကြည့်နဲ့....ငါ့မှာလည်း ငါသိက္ခာတရားဆိုတာရှိတယ်.... မင်းလိုချင်တာဘာလဲ ကိုယ့်ကိုပြော... ဥစ္စာလား ကိုယ့်မှာအပြည့်ရှိတယ်...ကိုယ်နဲ့လက်ထပ်ပြီးရင် မင်းဘာမှလုပ်စရာမလိုအောင်ကို ဘုရင်မတစ်ပါးလို ပြည့်စုံအောင် ထားပေးမှာ...ချစ်ခြင်းမေတ္တာလာ...