အခန်း(၂၁)
ဘီလူးနမ်းသောအရိုင်းပန်းဆေးရုံကြီး၏ ခွဲစိတ်ခန်းအရှေ့တွင်တော့ ဖြူလုံးအပါအ၀င် လူခြောက်ယောက်ဟာ အပူသောကတွေ မျက်နှာမှာဖုံးလွှမ်းလျှက်ဖြစ်နေသည်။
ဖြူလုံးမှာလည်း မျက်ရည်မကျအောင် လက်သီးဆုပ်၍စိတ်ကို တင်းခံထားရလေသည်။
မျက်ရည်ကျတယ်ဆိုတာတစ်ယောက်ယောက်သေဆုံးသွားမှလေ။
အခုကိုကြီး ကဝိကပြန်ရှင်သန်လာမှာ...ဖြူလုံးတစ်ထစ်ချယုံကြည်တယ်။
ဒါကြောင့်ဖြူလုံး မငိုဘူး။လုံး၀မငိုဘူး။"အိုသွေး...အိုသွေးအလှူရှင်ရှိပါသလားရှင်.."
လူနာက...အရေးပေါ်သွေးသွင်းဖို့လိုအပ်ပါတယ်...""သမီး...သမီးရှိပါတယ်...ဆရာမ..."
ဖြူလုံးချက်ချင်းပဲ ထရပ်လိုက်ပြီး သူနာပြုဆရာမလေးဆီသို့ အပြေးသွားလိုက်မိသည်။
ဆရာမလေးက ဖြူလုံးရဲ့ပုံသဏ္ဍန်ကို ကြည့်လိုက်ပြီးနောက် ဘာကိုအလိုမကျဖြစ်သလဲတော့မသိပေ မျက်မှောင်ကြုံ့သွားသည်။"အသက်...ဘယ်လောက်ရှိပြီလဲ ..."
"နောက်လဆိုရင်...ဆယ့်ခုနှနှစ်ပြည့်တော့မှာပါဆရာမ..."
"အသက်မပြည့်ရင်..သွေးလှူလို့မရပါဘူး
...အသက်ဆယ့်ရှစ်နှစ်ပြည့်မှ လှူလို့ရမှာပါ...
အခြားတစ်ယောက်ကိုသာ ရှာပေးပါ....""မလုပ်ပါနဲ့ဆရာမရယ်...အကြာကြီးစောင့်လိုက်ရင် လူနာဒုက္ခရောက်သွားလိမ့်မယ်...
သမီးဆီက သွေးကိုသာ ယူပေးပါနော်...
သမီးတောင်းပန်ပါတယ်....
ရှိခိုးပြီးတော့...တောင်းပန်ပါတယ်
..ဆရာမရယ်...အဟင့်...သမီးကိုသွေးလှူခွင့်ပေးပါနော်...သမီးရှိကြီးခိုးပါရဲ့ဆရာမရယ်..."သွေးလှူလို့မရဘူးဆို၍ မျက်ရည်တွေကလည်းထိန်းထားသည့်ကြားက ပါးပြင်ပေါ်သို့စီးကျလာပြီးသူနာပြုဆရာမလေးကို ဒူးထောက်ကာ လက်အုပ်ချီ၍ တောင်းပန်မိလေသည်။
"ဟယ်...ဟဲ့....ဘယ်လိုလုပ်နေတာလည်း...ထစမ်းပါဟယ်...လူမြင်လို့မကောင်းဘူး...အိမ်သားတွေ..
ကိုယ့်ကလေးကိုယ်ခေါ်လေ...အော်...
ဘာကိုကြောင်နေကြမှန်းမသိဘူး...
သွေးအလှူရှင်ကိုအမြန်ရှာလာကြပါ...
ဆေးရုံကအိုသွေးတစ်အိတ်ပဲ ကျန်တော့တယ်....
လူနာကသွေးတွေအရမ်း ဆုံးရှုံးထားတော့
...အရမ်းအလျှင်လိုနေပြီ...မြန်မြန်လုပ်ပေးကြပါ...."
YOU ARE READING
ဘီလူးနမ်းသော...အရိုင်းပန်း
General Fiction"မင်းငါ့ကို အဲ့လိုလာမကြည့်နဲ့....ငါ့မှာလည်း ငါသိက္ခာတရားဆိုတာရှိတယ်.... မင်းလိုချင်တာဘာလဲ ကိုယ့်ကိုပြော... ဥစ္စာလား ကိုယ့်မှာအပြည့်ရှိတယ်...ကိုယ်နဲ့လက်ထပ်ပြီးရင် မင်းဘာမှလုပ်စရာမလိုအောင်ကို ဘုရင်မတစ်ပါးလို ပြည့်စုံအောင် ထားပေးမှာ...ချစ်ခြင်းမေတ္တာလာ...