အခန်း(၁၈) Part 18/Uni🌹 Zawgyi

2.2K 54 2
                                    

အခန်း(၁၈)
🌹ဘီလူးနမ်းသောအရိုင်းပန်း🌹

ဖြူလုံးကို ကြိုချင်လွန်းလို့ အလုပ်မအားတဲ့ကြားကနေ ညနေလေးနာရီဒေါင်ဆိုသည်နှင့် ကားကိုအပြင်းနှင်လာခဲ့ခြင်းဖြစ်သည်။
အခုတော့ သူမကိုလည်း ပါအောင်မခေါ်လိုက်နိုင်တာမို့ အလုပ်ထဲသို့သာသွားဖို့ဆုံးဖြတ်လိုက်သည်။

"တီ...တီ...တီ...တီ...

ဖုန်းမြည်သံကြောင့် ကားမောင်းနေရာမှ အစိမ်းရောင်အကွက်ကလေးကိုလှမ်းနှိပ်လိုက်ပြီး
စပီကာကိုဖွင့်လိုက်သည်။

"ဟယ်လို...."

"ဆရာ...ကျွန်တော်ပါ..လူထိန်..."

"ဦးလူထိန်...ဘာကိစ္စရှိလို့လဲ..."

"ဆရာ..ရေသန့်စက်ရုံက..ဆောက်လုပ်ရေးဆိုက်ထဲမှာ အလုပ်သမားတစ်ယောက် အပေါ်ကပြုတ်ကျလို့ဆရာ..."

"ဟာ...အဲ့ဒါဆေးရုံတင်လိုက်လေ..."

"ဟုတ်ကဲ့ဆရာ...ဒီအနီးအနားကပုဂ္ဂိလိကဆေးရုံကိုပဲ လောလောဆယ် ပို့ထားလိုက်တယ်..."

"ဘယ်ဆေးရုံကိုပဲပို့ပို့...အဆင်ပြေဖို့ကအရေးကြီးတယ်...မက်ဆေ့ချ်နဲ့လိပ်စာပို့ထားလိုက်ကျုပ်အခုချင်ချင်း လိုက်လာခဲ့မယ်..."

"ဟုတ်ကဲ့ဆရာ..."

ဖုန်းချလိုက်သည်နှင့် ကားကိုနှစ်ဆလောက်မြန်အောက်မောင်းနှင်လိုက်သည်။
ဆေးရုံ၀န်းထဲသို့ သူ့ကားကိုမောင်း၀င်လိုက်ကာကားပါကင်ထိုးလိုက်သည်။
ဆေးရုံထဲသို့ရောက်တော့ ဦးလူထိန်ကိုဖုန်းဆက်လိုက်သည်။

"ဆရာ..ဦးဒီမှာ..."

ဒေ၀ခေါင်းတစ်ချက်ညိမ့်ပြလိုက်ပြီးနောက်
ဦးလူထိန်၏ အနောက်မှလိုက်လာခဲ့မိသည်။
ဦးလူထိန်သည် အရိုးအကြောကုသဆောင်ဆီသို့ ‌သူ့အားခေါ်သွားနေခြင်းဖြစ်ပြီး ဓာတ်မှန်ခန်းအရှေ့မှာ ရပ်လိုက်လေသည်။
အခြား ဆောက်လုပ်ရေးအလုပ်သမားနှစ်ယောက်ကိုလည်း တွေ့နေရပြီး ဒေ၀ကိုမြင်သည်နှင့်ပြုံးပြကာရိုသေသမှု ဟန်ပန်မျိုး ပြုကြလေသည်။

"အခြေအနေဘယ်လိုရှိလဲ..."

"လောလောဆယ်တော့ ဓာတ်မှန်ရိုက်နေတယ်ဆရာ
...တစ်ထပ်တိုက်ပေါ်ကပြုတ်ကျတယ်ဆိုပေမဲ့ အောက်မှာက ကျောက်သားတွေရှိတော့ ‌တော်တော်ထိသွားမှာ သေချာတယ်...အထွေထွေဌာနက စမ်းသပ်ကြည့်တာတော့...ခြေသလုံးအရိုးကျိုးသွားတာဖြစ်နိုင်တယ်တဲ့...ဝီးချဲလ်နဲ့တင်လာရတယ်...
အရိုးအကျောဆရာ၀န်နဲ့ပြရမယ်ပြောတယ်....ဓာတ်မှန်ရိုက်ပြီးရင် ဆရာ၀န်နဲ့သွားပြရမယ်ဆရာ... "

ဘီလူးနမ်းသော...အရိုင်းပန်း         Donde viven las historias. Descúbrelo ahora