အခန်း(၄)Part 4Unicode/Zawgyi🌹

1.9K 44 0
                                    

🌸ဘီးလူးနမ်းသောအရိုင်းပန်း🌸
🍁အခန်း၄🍁

လွန်ခဲ့သော ဆယ့်နှနှစ်တာကာလ🍁

"ဟေး..မိုးရွာပြီဟေ့..."

နှစ်ပေါင်းများစွာ မိုးခေါင်မှုနဲ့သာကြုံနေရတဲ့
သုန္နကမြို့ရဲ့ဖုန်အလိမ်းလိမ်းကပ်နေတဲ့ မြေပြင်ပေါ်သို့ မိုးသီး၊မိုးပေါက်တွေက အရှိန်ပြင်းစွာကြွေကျလာသည်။
ကလေး၊လူကြီး တစ်ယောက်မကျန်အောင်
လမ်းမပေါ်သို့ ထွက်လာကြပြီး ကခုန်နေကြ
လေရဲ့။သူတို့အတွက်တော့ သကြားမင်းကြီးက သတိတရပေးလိုက်တဲ့ အခွင့်အရေးပဲပေါ့။

"ဝေါ!!..ဝေါ!!ဂျိန်း..."

"အား!!!!"

"သား..သားဘာဖြစ်တာလဲ..."

အိပ်မက်ကနေလန့်နိုးလာတဲ့ ကျွန်တော့်ကိုအဖေက စိုးရိမ်တကြီး ကြည့်လာသည်။ပတ်၀န်းကျင်ကို ကြည့်လိုက်တော့ ညဘက်မှောင်နေသေးတုန်းပဲ။

"သား..ရေသောက်မလား..."

ရေနံဆီမီးခွက်ကို မီးထွန်းလိုက်ပြီး အဖေမေးလာတော့ ကျွန်တော်လက်ကာပြလိုက်တယ်။ရေအိုးထဲမှာ ရေကသိပ်မရှိတာကျွန်တော်သိတာပေါ့။ဘာမဟုတ်တာလေးနဲ့ ရေကိုအလဟသမဖြုန်းချင်ဘူး။

"အဖေ့..."

"ဟေ..သားဘာပြောမှာလဲ..ပြောလေ..."

ကျွန်တော့်ကိုစိုးရိမ်တကြီးကြည့်နေတဲ့ အဖေ့မျက်နှာက အဆီတွေပြန်နေသည်။နဂိုကမှအသားညိုတဲ့အဖေ့သွင်ပြင်က အလုပ်ကြမ်းတွေပဲလုပ်နေရတော့ အမှောင်ထဲမှာ မြင်ရဖို့တောင်ခဲယဉ်းနေတယ်။ကျွန်တော်အဖေ့ကို တည့်တည့်စိုက်ကြည့်လိုက်တယ်။

"ကျွန်တော်တို့ ရေကန်တူးရအောင်..."

"ဘာ!!!

ကျွန်တော် သထွေးကိုမျိုချလိုက်ပြီး ပိုပြီးလေးနက်တဲ့အသံမျိုးဖမ်းလိုက်တယ်။

"ကျွန်တော်တို့ ရေကန်အကြီးကြီးတူးကြရအောင်အဖေ..အခုပဲ..အခုချက်ချင်း..."

"နေ..နေပါအုံးသားရယ်...ဒီအရပ်မှာမိုးမရွာတာကြာပြီ..ရေကန်တူးလဲ..အလကားလူပဲပင်ပန်းမှာပေါ့..."

ကျွန်တော် အဖေ့ရဲ့လက်မောင်းကိုဆုပ်ကိုင်လိုက်သည်။အဖေ့ကိုကြည့်နေတဲ့ ကျွန်တော့်ရဲ့မျက်၀န်းတွေထဲမှာ တိကျမှုတွေရှိနေတယ်။ဒါကိုအဖေလည်း သိလောက်မှာပါ။

ဘီလူးနမ်းသော...အရိုင်းပန်း         Wo Geschichten leben. Entdecke jetzt