ဘီလူးနမ်းသော..အရိုင်းပန်း
..အခန်း(၂၆)..."ကျေးဇူးပဲဟာ...ငါ့သူငယ်ချင်းလေး ဘုန်းကြီးလို့အသက်ရှည်ပါစေ..."
"အမယ်လေး...နေ့တိုင်းတင်ခေါ်နေကြကိုများ..ကြွ မြန်မြန်ကြွ..."
"အေးပါ..မိဖြူရယ်..."
"ဟာ...ဒီအေးပုကတော့..."
အေးပုမက ဖြူလုံးကို မျက်နှာပြောင်ပြပြီး တစ်ဖက်ခြံထဲသို့ ပြေး၀င်သွားလေသည်။
ကျောင်းဆင်းတိုင်း အေးပုကိုစက်ဘီးနဲ့ တင်ခေါ်လာတာ နှစ်ပတ်ရှိနေလေပြီ။ကိုကြီး ခရီးထွက်သွားတာလည်း နှစ်ပတ်တောင်ပြည့်နေပါပြီ။ဆောင်း၀င်ပြီး အချမ်းပိုလာတာကြောင့် အနွေးထည်ထပ်ပြီး၀တ်ထားပေမဲ့ စက်ဘီးနင်းလာရတော့ နားရွက်တွေကအစအေးနေလေပြီ။
စက်ဘီးကို ဂိုထောင်ထဲသို့ ထည့်လိုက်ချိန်မှာ ကားအနက်ရောင်ကို သတိထားလိုက်မိသည်။"ကိုကြီး...ကိုကြီးပြန်လာပြီထင်တယ်..."
ပျော်လွန်းလို့ စံအိမ်ဆီသို့ ကဆုန်ပေါက်ပြီး ပြေးသွားနေမိသည်။
ကိုကြီးဘယ်တုန်းက ပြန်ရောက်နေတာလဲမသိဘူး။ဖြူလုံးမှာဖြင့် သတိရလွန်းလို့ သေတော့မယ်။သူကတော့ နေနိုင်လိုက်တာ။"ဟဲ့..ဟဲ့...ဖြူလုံး...ဘာဖြစ်လာတာတုန်း..."
"အန်တီနှင်းမြတ်...ကိုကြီးရောက်နေတာလား..."
"ညည်းကဘယ်လိုသိတုန်း..."
"ဟာ...ဖြေမှာသာဖြေစမ်းပါ..."
"ရောက်နေတယ်လေ...အပေါ်ထပ်ကသူ့အိပ်ခန်းထဲမှာ..."
"ဟာ..ပျော်လိုက်တာ..."
"ဟဲ့...ဟဲ့..အော်...ချော်လဲနေမှဖြင့်..."
YOU ARE READING
ဘီလူးနမ်းသော...အရိုင်းပန်း
General Fiction"မင်းငါ့ကို အဲ့လိုလာမကြည့်နဲ့....ငါ့မှာလည်း ငါသိက္ခာတရားဆိုတာရှိတယ်.... မင်းလိုချင်တာဘာလဲ ကိုယ့်ကိုပြော... ဥစ္စာလား ကိုယ့်မှာအပြည့်ရှိတယ်...ကိုယ်နဲ့လက်ထပ်ပြီးရင် မင်းဘာမှလုပ်စရာမလိုအောင်ကို ဘုရင်မတစ်ပါးလို ပြည့်စုံအောင် ထားပေးမှာ...ချစ်ခြင်းမေတ္တာလာ...