အခန်း၃၅
🌸ဘီလူးနမ်းသော အရိုင်းပန်း🌸"ငါပြီးပြီ....."
"ဟယ်....တကယ်ပြီးသွားတာလား...."
"အင်း....."
"ပြစမ်း...ပြစမ်း...."
ဖြူလုံးရဲ့အဖြေစာရွက်ကို လာလုကြည့်နေသော မြတ်ချက်မရဲ့ လက်ကို တမင်ပုတ်ထုတ်ပစ်လိုက်သည်။မေးခွန်းဟောင်းလေ့ကျင့်နေပါတယ်ဆိုနေမှ ကိုယ့်အဖြေလွှာကို ပြီးအောင်မဖြေပဲ သူများစာရွက်ကို
ကြည့်မယ်တကဲကဲလုပ်နေလေရဲ့။"အစ်မကြီးရယ်....နင့်ဟာကိုပဲပြီးအောင်ဖြေပါအုံး....ငါရေသောက်ချင်လို့...ရေဗူးသွားယူလိုက်အုံးမယ်...."
"အေးပါဟယ်...ရေဗူးလိုချင်ရင် ထမင်းစားခန်းထဲမှာ ရေခဲသေတ္တာရှိတယ်....ဒေါ်အေးကိုသာပြောလိုက်...."
"အေးပါ...ငါသွားနေတုန်း နင်ခိုးကြည့်မနေနဲ့နော်..."
"အမယ်လေးစိတ်ချပါရှင်...တို့ကတရားနည်းလမ်းကျကျပဲဖြေမှာ...."
"ဟုတ်ပါပြီ...."
ဖြူလုံးလည်း ထိုင်ရာမှထလာလိုက်ပြီး မြတ်ချယ်ရဲ့အခန်းထဲမှ ထွက်လာလိုက်သည်။မြတ်ချယ်တို့အိမ်က တော်တော်ကျယ်တယ်။အခန်းထဲကနေ ထွက်လိုက်တယ်ဆိုရင် အခန်းအရှေ့မှာ လူသွားလမ်းအကျယ်ကြီးရှိပြီး တစ်ဖက်ခြမ်းမှာ အခန်းတွေမရှိပါပဲ ခြံအပြင်ဘက်ကို အတိုင်းသားမြင်နေရလေသည်။
မသိရင် ဟော်တယ်အကြီးစားကြီးလိုပါပဲ။
မြတ်ချယ်ရဲ့ အခန်းကဒုတိယထပ်မှာ ရှိနေတာဖြစ်လို့ အခန်းအပြင်ထွက်လိုက်တာနဲ့ ခြံထဲက အဝါရဲရဲနှင်းဆီခင်းကြီးကို အ၀ရှုစားခွင့်ရတာ သိပ်မိုက်တာပဲ ။မြတ်ချယ်ရဲ့ တီလေးက အဝါရောင်ကြိုက်သူဆိုတော့ သူ့နှင်းဆီခင်းကိုလဲ အဝါရောင်ပဲစိုက်ထားတာထင်ပါတယ်။ဖြူလုံးလည်း မြင်နေရတဲ့ပန်းခင်းကြီးကို ပြုံးပြီးကြည့်လိုက်ရင်းနှင့် လက်ရန်းကိုကိုင်ကာ အောက်ထပ်သို့ ဆင်းလာခဲ့လိုက်သည်။
မြတ်ချယ်တို့အိမ်မှာက ကိုကြီးရဲ့စံအိမ်လောက် အလုပ်သမားမများဘူး။ဒါပေမဲ့ ခြံ၀န်းကလည်းကျယ်ပြီး အဆောင်တွေကများတော့ တစ်ပတ်တစ်ခါလောက် အပိုင်း(၃)ကအလုပ်သမားတွေကိုငှားပြီး သန့်ရှင်းရေးလာလုပ်ခိုင်းတတ်တယ်တဲ့ ။
မီးဖိုချောင်ကိစ္စကို တော့မြတ်ချယ်ရဲ့အမေအန်တီဆုဝေကပဲ စီမံတယ်လို့မြတ်ချယ်တစ်ခါကပြောဖူးတယ်။ဖြူလုံးရဲ့မေမေသာ အသက်ရှင်လျှက် ရှိနေသေးရင် ဒီလိုပဲနေမှာသေချာပါတယ်။
KAMU SEDANG MEMBACA
ဘီလူးနမ်းသော...အရိုင်းပန်း
Fiksi Umum"မင်းငါ့ကို အဲ့လိုလာမကြည့်နဲ့....ငါ့မှာလည်း ငါသိက္ခာတရားဆိုတာရှိတယ်.... မင်းလိုချင်တာဘာလဲ ကိုယ့်ကိုပြော... ဥစ္စာလား ကိုယ့်မှာအပြည့်ရှိတယ်...ကိုယ်နဲ့လက်ထပ်ပြီးရင် မင်းဘာမှလုပ်စရာမလိုအောင်ကို ဘုရင်မတစ်ပါးလို ပြည့်စုံအောင် ထားပေးမှာ...ချစ်ခြင်းမေတ္တာလာ...