အခန်း(၂၄) Part24🌹Uni/Zawgyi

1.2K 41 6
                                    

......အခန်း(၂၄).....
.....ဘီလူးနမ်းသော အရိုင်းပန်း.....

ဦးအဂ္ဂနှင့်အတူ လုပ်ငန်းတူပါတနာတွေဟာ
လက်ပ်တော့နဲ့အခွေထိုး၍ နားထောင်နေကြရာမှ ကြားလိုက်ရသည့် အသံဖိုင်လ်ကြောင့် အားလုံးဒေါသထွက်နေသည့် ဟန်ပန်များ ဖြစ်သွားကြလေသည်။

"ဒုန်း!!!ဒီကောင်တော်တော်အတင့်ရဲတာပဲ..."

‌ဦးအဂ္ဂ စိတ်ဆိုးမာန်ဆိုးနှင့် ခုံကိုထုချပစ်လိုက်သည်။ကိုယ်ပစ်လိုက်တဲ့ မျှားဦးဟာ ကိုယ့်ဆီတည့်တည့်ပြန်လာတာကြောင့်လည်း မကျေမနပ်ဖြစ်နေမိလေသည်။

"သူကအတင့်ရဲတာမဟုတ်ဘူး...ခင်ဗျားကိုက...
အိပ်နေတဲ့ခြင်္သေ့ကို သွားနိုးလိုက်တာ...
အခုတော့ဘယ့်နှယ့်လည်း အကုန်ထောင်ထဲရောက်ကုန်ပြီလေ..."

"ကျွန်တော်လည်း...ကိုဇော်ဌေးပြောတာလက်ခံတယ်...ကိုအဂ္ဂ...ဒီတစ်ခါတော့ ခင်ဗျားရဲ့ဆုံးဖြတ်ချက်သိပ်မှားတယ်ဗျာ...
ဒေ၀က ကျုပ်တို့နဲ့ မပူးပေါင်းဘူးဆိုပေမဲ့...
ကျုပ်တို့ကိုလာရှုပ်နေတာမှ မဟုတ်ပဲ...
ခင်ဗျားကအစိုးရိမ်လွန်ပြီး ဒီလိုတွေလျှောက်လုပ်လိုက်တော့....သူ့လုပ်ကွက်ထဲကို ၀င်သွားတာပေါ့...."

"ဘာ..ကျုပ်ကအစိုးရိမ်လွန်တယ်...
ဟား...ခင်ဗျားတို့အားလုံးကို...ဒီလောက်တုံးမယ်မထင်ထားမိဘူး..."

ဦးအဂ္ဂဟာ မတ်တပ်ထရပ်လိုက်ပြီးနောက် အခန်းထဲတွင်ရှိသော လုပ်ငန်းရှင်တွေအားလုံးကို လက်ညှိုးငေါက်ငေါက်ထိုးကာ လှောင်ရယ်ပစ်လိုက်သည်။

"အခု...အဲ့ဒီ့ဒေ၀ဆိုတဲ့ကောင် ဘာတွေလုပ်နေသလဲ...ခင်ဗျားတို့သိကြသလား....
အဲ့ကောင်က ထက်မြတ်နဲ့ပေါင်းပြီ...
သုန္နကမှာ ခရီးသွားစီမံကိန်းအကြီးကြီးလုပ်နေတာ...အေး...အဲ့ဒီစီမံကိန်းအတွက်...ရိုးမထဲက ရေတံခွန်ကြီးကနေ ပိုက်တွေနဲ့ ရေသွယ်ဖို့လုပ်တော့မယ်...ဒါတင်မကသေးဘူး..‌‌
တောင်ပေါ်မှာပါ အပန်းဖြဟိုတယ်တွေ ဆောက်မယ်လို့သတင်းရထားတယ်...
အဲ့ဒီ့ကိစ္စတွေအားလုံးသာ အောင်မြင်သွားရင်...နိုင်ငံခြားမှာတောင် အောင်မြင်နေတဲ့
ဒီကောင်က...ပြည်တွင်း၊ပြည်ပ‌က ခရီးသွားတွေကို...ဒီမြို့ကြီးကို အရောက်ခေါ်လာတော့မှာ...
အဲ့ဒီ့အချိန်ကြရင်...ဒီမြို့ကို လာတဲ့ခရီးသွားတိုင်းရဲ့ အဓိကဦးစားပေးလည်ပတ်မဲ့နေရာက သုန္နကရတောင်တန်းတွေနဲ့ သုန္နကရိုးမဖြစ်လာမှာပဲ...ကျုပ်တို့လုပ်နေတာက
ဘာလဲ...ဒီရိုးမကြီးကို အမှီပြုပြီး သစ်‌တွေထုတ်နေတာမဟုတ်ဘူးလား...
အဲ့ဒီ့ခရီးသွားစီမံကိန်းကြီးအောင်မြင်သွားရင်...
မီဒီယာတွေကို ဒီနေရာအထိခေါ်လာမှာပဲ...
ပြီးရင်...တီဗွီနဲ့ ဆိုရှယ်မီဒီယာပလက်ဖောင်းတိုင်းမှာ...ပါလာမယ်...အဲ့ဒါဆို...ကျုပ်တို့အတွက်ချောင်မယ်ထင်နေသေးတာလား...
တစ်နည်းနည်းနဲ့ပေါက်ကြားကုန်မှာ...အားလုံးဂျေးအောင်းရမှာခင်ဗျားတို့...မတွေးမိကြဘူးလား...ဟမ်!!!"

ဘီလူးနမ်းသော...အရိုင်းပန်း         Where stories live. Discover now