အခန်း(၂၈)
ဘီလူးနမ်းသော အရိုင်းပန်း"သွေးပေါင်တွေ အရမ်းကျနေတယ်...အဖျားကလည်း ၁၀၀.၄ကျော်နေပြီ...ဘယ်လိုဖြစ်တာလဲ
...အဆုတ်လည်းအားနည်းနေတယ်
ရေအချိုးမှားတာတို့...အအေးပတ်တာမျိုးဖြစ်ခဲ့တာလား...""ဖြေလိုက်လေ...ဒေါက်တာ့ကို..."
ကိုကြီးကဖြူလုံးရဲ့ကျောကို လှမ်းပုတ်ပြီးပြောလိုက်သည်မို့ ဖြူလုံးလည်း အမှန်အတိုင်းဖြေဖို့သာဆုံးဖြတ်လိုက်ပါတယ်။
"မနေ့ညတုန်းက...ရေကူးကန်ထဲကို ခြေချော်ကျမိလို့ပါ....."
"ဟုတ်လား...ရေးကူးတတ်လို့လား..."
"မကူးတတ်ဘူးဆရာမ...သမီးရေနစ်ပြီး သတိမေ့သွားခဲ့သေးတယ်.."
"နောက်ဆို ဂရုစိုက်ပါ...ဒါမျိုးက အသက်အန္တရာယ်ပါ ထိခိုက်သွားနိုင်တယ်...ဒါကြောင့်အဆုတ်ပွသလို ဖြစ်နေတာပါ...အသက်ရှူလမ်းကြောင်းထဲကို
ရေ၀င်သွားတာဖြစ်လိမ့်မယ်..ဆေးထိုး ပေးလိုက်မယ်နော်...
သောက်ဆေးကိုလည်း သုံးရက်စာပေးလိုက်မယ်...သုံးရက်ပြည့်လို့မှ မသက်သာရင်
ပြန်လာပြပါ..ရေနစ်ထား တော့ဆေးရုံမှာ
ဓာတ်မှန်သွားရိုက်စေချင်တယ်...""ဟုတ်ကဲ့..."
ဆရာ၀န်မလေးကို ပြန်ဖြေပြီးနောက် ကိုကြီးရဲ့မျက်နှာကို ကြည့်လိုက်မိတော့ ကိုကြီးကဖြူလုံးကိုလည်း ကြည့်မနေသလို ဆရာ၀န်မလေးကိုလည်း ကြည့်မနေပေ။ကိုကြီးရဲ့ မျက်၀န်းတွေကသူ့ပေါင်ပေါ်က လက်သီးဆုပ်ကိုသာ ကြည့်နေပြီး တစ်ခုခုကို အပြင်းအထန်တွေးနေပုံပေါ်နေသည်။
"ကုတင်ပေါ်ကို တက်ပါ...."
ဆရာ၀န်မလေးက ဆေးတစ်လုံးထိုးပေးလိုက်ပြီးနောက် သောက်ဆေးတွေပေးလိုက်လေသည်။
အပြန်မှာတော့ ကိုကြီးကပွေ့ချီပြီး မခေါ်တော့တဲ့အပြင် ဖြူလုံးကိုတောင်မစောင့်ပဲ ဆေးယူပြီးတာနဲ့ သူ့ကားဆီသို့သာ ချက်ချင်းတန်းသွားသည်။ဖြူလုံးစိတ်ထဲမှာတော့ နေမကောင်းတာသိလျှက်နဲ့ တွဲပေးရမှန်း မသိတဲ့ကိုကြီးကို စိတ်အလွန်ဆိုးနေမိသည်။
ဒါကြောင့် ကားအရှေ့ခန်းမှာ မထိုင်ပဲအနောက်ခန်းတံခါးကိုသာ ဖွင့်ပြီးထိုင်ဖို့ လုပ်လိုက်သည်။
VOCÊ ESTÁ LENDO
ဘီလူးနမ်းသော...အရိုင်းပန်း
Ficção Geral"မင်းငါ့ကို အဲ့လိုလာမကြည့်နဲ့....ငါ့မှာလည်း ငါသိက္ခာတရားဆိုတာရှိတယ်.... မင်းလိုချင်တာဘာလဲ ကိုယ့်ကိုပြော... ဥစ္စာလား ကိုယ့်မှာအပြည့်ရှိတယ်...ကိုယ်နဲ့လက်ထပ်ပြီးရင် မင်းဘာမှလုပ်စရာမလိုအောင်ကို ဘုရင်မတစ်ပါးလို ပြည့်စုံအောင် ထားပေးမှာ...ချစ်ခြင်းမေတ္တာလာ...