အခန်း(၁၇)
🌹ဘီလူးနမ်းသော အရိုင်းပန်း🌹"ဟဲ့...ဆုမြတ်..."
"ဘာလဲ..."
"နင်လာအုံး..."
နှောင်ဇွဲထက်ဟာ ဆယ်တန်းဘိုင်အိုအခန်း၏
ပြူတင်းပေါက်အနားမှနေရင်းနှင့် သူ့အစ်မဆုမြတ်ချယ်အားလက်ယက်၍လှမ်းခေါ်လေသည်။
အမွှာမောင်နှမတွေဆိုပေမဲ့ ဘယ်သောအခါမှ
မတည့်ကြသောကြောင့် ဆုမြတ်ကလည်း နှုတ်ခမ်းကြီးစူပုပ်ကာ ပြူတင်းပေါက်အနားသို့ ကပ်သွားလိုက်သည်။"ဘာလဲ...ပြော..."
"မြတ်ချယ်...နင့်ရုပ်ကဘာဖြစ်နေတာလဲ..."
"ဘာဖြစ်ဖြစ်ပေါ့ဟယ်...ပြောစရာရှိတာသာပြော..."
နှောင်ဇွဲထက်လည်း အစ်မဖြစ်သူကိုကြည့်မရပေမဲ့ ကိုယ့်အကြောင်းနှင့်ကိုယ်မို့ ပြောစရာရှိတာတော့ ပြောရပေမည်။
"ရော့...ဒါတွေကို ဖြူလုံးကိုပေးလိုက်...."
"ဟင်...ဘာတွေလည်း...."
"ဟဲ့...အဲ့ဒါနင့်အတွက်မဟုတ်ဘူးနော်...လျှောက်ပြီးဖွင့်ကြည့်မနေနဲ့...."
မုန့်မျိုးစုံကို၀ယ်ထည့်ထားသော အထုပ်ကြီးအားမွှေနှောက်ကြည့်မိသော အမဖြစ်သူကိုတောင်မသထှာသည့် နှောင်ဇွဲကိုမြတ်ချယ်ကလည်းမျက်စောင်းပိတ်ထိုးပစ်လိုက်သည်။
"နည်းနည်းလေးကြည့်တာတောင်မကြိုက်ရင်လည်း ဘာလို့ဒါတွေကိုလာပေးနေသေးလဲ..."
"နင့်ကိုလည်း အရမ်းပေးချင်နေတယ်များမှတ်နေလား...ဒါတွေအားလုံးကဖြူလုံးအတွက် ၀ယ်ပေးတာ...ဘိုင်အိုကျလို့ ဘိုင်အိုဆရာမကဖြူလုံးကိုရိုက်တယ်ဆို...ဟုတ်လား..."
"ဟဲ့...အီကိုအတန်းကကောင်...နင်ကဘယ်လိုဖြစ်ပြီး ဒီနေ့ဖြစ်တဲ့ကိစ္စကို နေ့တွင်းချင်းသိသွားရတာလဲ..."
"ငါ့ဘာသာ ဘယ်လိုသိသိပေါ့ဟာ...မေးတာပဲဖြေစမ်းပါ ကျောင်းတက်ခေါင်းလောင်းကတီးတော့မယ်..."
တစ်မအေတည်း၊ တစ်နေ့ထဲမှာမွေးထားပေမဲ့ ဒီကောင့်ကိုတစ်စက်မှကြည့်မရပေ။
တကယ့်ကို မောင်အလိမ္မာလေးပါပဲ။
ဘာ၀ယ်၀ယ်ဖြူလုံးအတွက် မပါမဖြစ်ပေမဲ့
အစ်မဆိုရင်တော့ သိပ်ကပ်စေးနည်းတဲ့ကောင်။
YOU ARE READING
ဘီလူးနမ်းသော...အရိုင်းပန်း
General Fiction"မင်းငါ့ကို အဲ့လိုလာမကြည့်နဲ့....ငါ့မှာလည်း ငါသိက္ခာတရားဆိုတာရှိတယ်.... မင်းလိုချင်တာဘာလဲ ကိုယ့်ကိုပြော... ဥစ္စာလား ကိုယ့်မှာအပြည့်ရှိတယ်...ကိုယ်နဲ့လက်ထပ်ပြီးရင် မင်းဘာမှလုပ်စရာမလိုအောင်ကို ဘုရင်မတစ်ပါးလို ပြည့်စုံအောင် ထားပေးမှာ...ချစ်ခြင်းမေတ္တာလာ...