အခန်း(၁၁)
ဘီလူးနမ်းသောအရိုင်းပန်းရတုမဟာစံအိမ်....
ရတုမဟာစံအိမ်ကြီးရဲ့ ခြံ၀န်းထဲကို ကျွန်တော်ရောက်နေပေမဲ့ ကျွန်တော်၀င်လာတာက အရှေ့ပေါက်ကမဟုတ်ပဲ ခွေးတိုးပေါက်ကနေပါ။
ခြံ၀န်းကြီးက အင်မတန်ကျယ်ပြီး သစ်ပင်
ပန်းမံတွေနဲ့ ပြည့်နေတာကြောင့် ခြံရဲ့မြောက်ဘက်မှာရှိတဲ့ ဒီခွေးတိုးပေါက်ကို ဘယ်သူကမှသတိထားမိမယ်မထင်ဘူး။အခြားလူတွေမြင်မှာစိုးလို့ တွေ့ရာသစ်ကိုင်းခြောက်ကိုဆွဲယူလိုက်ပြီး ချိုင်းထောက်အဖြစ်အသုံးပြုလိုက်ကာ ခပ်မြန်မြန်သွားနေမိသည်။
ကံကောင်းချင်တော့ အလုပ်သမားတန်းလျားက ကျွန်တော်နေခဲ့တဲ့အခန်းလေးဟာ တံခါးပိတ်ထားခြင်းမရှိဘူး။
အခန်းထဲကို အမြန်၀င်ပြီး အဖေနဲ့ပတ်သတ်တဲ့ အမှတ်တရပစ္စည်းလေးတွေရယ်
ကျွန်တော့်ပစ္စည်းတစ်ချို့ရယ်ကို အခန်းထောင့်မှာချထားတဲ့ ခရီးဆောင်အိတ်ကလေးထဲသို့ ထည့်လိုက်သည်။အဖေ့သေတ္တာထဲမှ ပစ္စည်းတွေကိုယူနေတုန်းမှာ ယွန်းဘူးလေးတစ်ခုကို သွားတွေ့သည်။
ဖွင့်ကြည့်လိုက်တော့ အသဲပုံလော့ကတ်သီးလေးပါတဲ့ ငွေရောင်ဆွဲကြိုးလေးတစ်ကုံးနဲ့ ဒိုင်ယာရီစာအုပ်အနွမ်းလေး။အသဲပုံလော့ကတ်သီးလေးကို ဖွင့်ကြည့်လိုက်တော့ အတွင်းထဲမှာ ဓာတ်ပုံလေးနှစ်ပုံကို ကပ်ထားလေသည်။
တစ်ပုံက အမေ့ပုံဖြစ်ပြီး တစ်ခြမ်းကပုံဟာ
အဖေ့ပုံမဟုတ်ပဲ အနောက်နိုင်ငံသားတစ်ယောက်ရဲ့ပုံ။
ဒါဘာအဓိပ္ပာယ်လည်း ဒီလူကရော ဘယ်သူလဲ။
ဒီဓာတ်ပုံထဲက လူကကျွန်တော်နဲ့တော်တော်လေးကို ရုပ်တူနေသည်။ဒိုင်ယာရီစာအုပ်လေးကို အလျှင်အမြန်ဖွင့်ဖတ်ကြည့်လိုက်တော့ အဖေ့ရဲ့လက်ရေးနဲ့ရေးထားတာတွေပဲ။
""ဒီနေ့ ကျွန်တော်တို့စံအိမ်ကို ဧည့်သည်တစ်ယောက် ရောက်လာတယ်။
သူ့နာမည်က လီယို..
ဒီလူကအင်မတန်ခင်ဖို့ကောင်းတယ်...
သူကပြင်သစ်ကနေ အလည်လာတာဖြစ်ပြီး အဖေက လီယိုကိုမြို့တစ်ပတ်လိုက်ပြခိုင်းတယ်...ကျွန်တော့်ညီတွေဖြစ်ကြတဲ့ အဂ္ဂနဲ့
ဂန္တ၀င်ကတော့ လီယိုနဲ့သိပ်မပတ်သတ်ကြဘူး...လီယိုက အင်မတန်ကြွားလို့တဲ့လေ
...တကယ်တော့ လီယိုကအင်မတန်ဗဟုသုတကြွယ်တဲ့သူ ဖြစ်တာကြောင့် သူ့ရဲ့စကားပြောဆိုမှုတွေက အရမ်းIQမြင့်နေခဲ့တာပါ...
ဒါကြောင့် လီယိုနဲ့စကားပြောရင် သူတို့ကလိုက်မမှီဖြစ်ခဲ့တာပေါ့
...ကျွန်တော်ကတော့ လီယိုပြောလိုက်တဲ့ စကားလေးတစ်ခွန်းကိုကြိုက်တယ်..
အမှန်ကိုမကြိုက်တဲ့သူမရှိဘူး..ဒါပေမဲ့
မှန်တာကို မလုပ်တဲ့လူတွေတော့ အများကြီးပေါ့ဗျာတဲ့..."
YOU ARE READING
ဘီလူးနမ်းသော...အရိုင်းပန်း
General Fiction"မင်းငါ့ကို အဲ့လိုလာမကြည့်နဲ့....ငါ့မှာလည်း ငါသိက္ခာတရားဆိုတာရှိတယ်.... မင်းလိုချင်တာဘာလဲ ကိုယ့်ကိုပြော... ဥစ္စာလား ကိုယ့်မှာအပြည့်ရှိတယ်...ကိုယ်နဲ့လက်ထပ်ပြီးရင် မင်းဘာမှလုပ်စရာမလိုအောင်ကို ဘုရင်မတစ်ပါးလို ပြည့်စုံအောင် ထားပေးမှာ...ချစ်ခြင်းမေတ္တာလာ...