အခန်း(၁၄)Part[14]/Unicode🌹Zawgyi

1.8K 49 7
                                    

အခန်း[14]
🌸ဘီလူးနမ်းသော အရိုင်းပန်း🌸

"အန်ကယ်လ်....ရိုစီလေ...ဆွဲကြိုးလေးတစ်ကုံးကို အရမ်းသဘောကျနေမိတယ် သိလား...."

"ဟုတ်လား...."

"အင်း...."

မစ္စတာအင်ဒရူးသည် ရိုစီဆိုသောမိန်းကလေးအား ကလေးတစ်ယောက်လို ပွေ့ချီလိုက်ရင်းပေါင်ပေါ်သို့ တင်ထားလေသည်။
ရိုစီကလည်း အင်ဒရူး၏ လည်ပင်းကို သိုင်းဖက်လိုက်ရင်း ရင်ခွင်ထဲသို့ တိုး၀င်‌ချွဲနွဲ့နေလေသည်။

"အန်ကယ်လ့်ကို ပြပါအုံး ဘေဘီက
ဘယ်ဆွဲကြိုးလေးကို လိုချင်တာလဲ...."

ခုံပေါ်တွင်တင်ထားသော ဖုန်းကိုကောက်ယူလိုက်ပြီးနောက် အန်ကယ်လ့်ရင်ခွင်ထဲတွင်ပင် ခေါင်းလေးမှီကာ ဖုန်းကိုဖွင့်လိုက်သည်။
websiteတစ်ခုထဲသို့ ၀င်လိုက်ပြီးနောက် စိန်ဆွဲကြိုးလေးတစ်ကုံးကို လက်ထောက်ပြီး
အင်ဒရူး၏ မျက်နှာရှေ့သို့ ထောင်ပြလိုက်သည်။

အင်ဒရူးသည်လည်း ထိုစိန်ဆွဲကြိုးပုံလေးအောက်မှ ဈေးနှုန်းကိုကြည့်လိုက်ပြီးနောက် တစ်ချက်မျှသာပြုံးပြီး ၀ယ်သည်ဆိုသော အကွက်ကလေးကို နှိပ်လိုက်သည်။ ဘဏ်အကောင့်နာမည်တွေပါထည့်ရေးလိုက်ပြီးနောက် စတင်ငွေလွှဲလိုက်သည်။

ထိုအချင်းအရာကို ကြည့်နေသော ရိုစီမှာအင်မတန်အံ့ဩနေပြီး မျက်ရည်တောင်ဝဲချင်လာသည်။
အင်ဒရူးဟာ ငွေလွှဲပြီးစီးကြောင်း ဖုန်းကိုရိုစီ့အရှေ့မှာ ထောင်ပြပြီး ရယ်ပြလေတော့ ရိုစီကအင်ဒရူး၏ နှုတ်ခမ်းအား အနမ်းတစ်ပွင့်ခြွေပစ်လိုက်သည်။

"US ဒေါ်လာ ခြောက်သောင်းတောင်နော်...
အန်ကယ်လ်မနှမျှောဘူးလားဟင်...ရိုစီက
ဒီအတိုင်း ပါးစပ်ထဲရှိရာလျှောက်ပြောလိုက်တာပါ..."

"ဘေဘီ့အတွက်ဆိုရင် အန်ကယ်လ်ဘာကိုမှ
မနှမျှောတတ်ဘူး....ဘေဘီ့ရဲ့အရာအားလုံးကိုအန်ကယ်လ်ကပိုင်ဆိုင်နေပြီပဲ မဟုတ်ဘူးလား......"

‌"ပိုင်ဆိုင်နေပြီ..."ဆိုသောစကားကို အန်ကယ်လ်ကလျှာဖျားလေးနဲ့ ပြောလိုက်ပြီးနောက် ရိုစီ့ကိုယ်လုံးလေးကို ဆိုဖာအပေါ်သို့လှဲစေကာ ရင်ခွင်ကျယ်ကြီးနဲ့အုပ်မိုးလာလေသည်။

ဘီလူးနမ်းသော...အရိုင်းပန်း         Where stories live. Discover now