ဘီလူးနမ်းသော အရိုင်းပန်း
အခန်း(၃၂)ကားလေးတစ်စီးဟာ တောင်ကြားလမ်းလေးအတိုင်း တစ်ဖြည်းဖြည်းမောင်းနှင်လာပြီးနောက်ကုန်းကိုကျော်တက်ကာ ဟိုတယ်ဆောက်လုပ်ရေးနေရာနှင့် တစ်ဖြေည်းဖြည်းနီးကပ်လာလေသည်။
ဒေ၀သည် သူ့တဲနဲ့ ခပ်လှမ်းလှမ်းနေရာ၌ ကားကိုရပ်လိုက်တယ်ဆိုရင်ပဲ စိတ်ပူပြီးစောင့်နေကြသူတွေဟာ ထိုကားအနားသို့ ဝိုင်းအုံလာကြလေသည်။
ဦးလူထိန်က ကားတံခါးကို ဆွဲဖွင့်လိုက်ပြီးနောက်မှာ ဒေ၀ကတော့ ယာဉ်မောင်းဘက်အခြမ်းမှ တံခါးကိုဆွဲဖွင့်၍အပြင်ကို ထွက်လိုက်သည်။"ကျွန်တော် ပွေ့မယ်..."
ဦးလူထိန်ဟာ သတိလစ်နေသောဖြူလုံးအား ခါးပတ်ကြိုးဖြုတ်ပေးလိုက်ပြီးနောက် ပွေ့ချီဖို့လုပ်တော့ ဒေ၀ကအချီမခံပဲ ချက်ချင်းပြေးလာလေသည်။
သတိလစ်မေ့မျောနေသည့်အပြင် သွေးမရှိတော့လောက်အောင် ဖြူဖက်နေတဲ့ ကလေးမလေးကို ဒေ၀လည်း ချက်ချင်းပွေ့ချီလိုက်ပြီး တဲအထဲသို့၀င်လာလိုက်သည်။ဦးလူထိန်အပြင် ဦးထက်မြတ်တို့မိသားစုနှင့် လူကြီးအချို့ဟာ တဲထဲသို့အတူ လိုက်ပြီး၀င်ကြလေသည်။
တဲအ၀မှနေ၍ စိတ်၀င်တစားကြည့်နေသူတွေကလည်း အများသားပင်။"သတိမေ့နေတာလား...
ဘယ်လိုလုပ်ကြမလဲ...
ဆရာ၀န်ပြရအောင်လည်း အဆင်မပြေဘူး...""ဟုတ်တယ်...ကားပေါ်မှာတုန်းက သတိလည်လာသေးတယ်...အခုပြန်ပြီးတော့သတိမေ့သွားတာ...တောင်တက်လမ်းဘေးကုန်းဆင်းကြီးမှာ လိမ့်ကျနေတာတဲ့...နှင်းတွေတောင် ခန္ဓာကိုယ်ပေါ်မှာအုပ်နေတယ်ဆိုတော့...လိမ့်ကျတာအတော်ကြာခဲ့မှာသေချာတယ်..."
"ဒီလောက်အဝေးကြီးအထိရောက်လိမ့်မယ်လို့ တကယ်ကိုမထင်ထားခဲ့မိဘူး... ခရီးအဝေးကြီးကို သူတစ်ယောက်တည်းသွားတာတော့မဖြစ်နိုင်ဘူး..ကားကလည်း ဒီမှာကဆရာ့ကားရယ်..ဦးထက်မြတ်တို့ကားရယ်....ဒေါက်တာမလေးတို့ကားရယ်ပဲ ရှိတာဆိုတော့...ဆရာ...."
ဦးလူထိန်က ဒေ၀ကိုအဓိပ္ပာယ်ရှိသော အကြည့်တစ်ခုနဲ့ကြည့်လိုက်လေသည်။
ဒေ၀လည်း အဖြေမှန်တစ်ကို သေချာလေးခန့်မှန်းလိုက်မိသည်မို့ အလွန်ဒေါသထွက်သွားလေသည်။သို့ပေမဲ့ ဖြူလုံးကိုသတိရအောင် လုပ်ရမည့်အရေးက ခေါင်းထဲသို့ရောက်လာသည်မို့ ဖြူလုံးဆီသို့သာ အာရုံစိုက်လိုက်သည်။
YOU ARE READING
ဘီလူးနမ်းသော...အရိုင်းပန်း
General Fiction"မင်းငါ့ကို အဲ့လိုလာမကြည့်နဲ့....ငါ့မှာလည်း ငါသိက္ခာတရားဆိုတာရှိတယ်.... မင်းလိုချင်တာဘာလဲ ကိုယ့်ကိုပြော... ဥစ္စာလား ကိုယ့်မှာအပြည့်ရှိတယ်...ကိုယ်နဲ့လက်ထပ်ပြီးရင် မင်းဘာမှလုပ်စရာမလိုအောင်ကို ဘုရင်မတစ်ပါးလို ပြည့်စုံအောင် ထားပေးမှာ...ချစ်ခြင်းမေတ္တာလာ...