🌸ဘီးလူးနမ်းသောအရိုင်းပန်း🌸
🍁အခန်း၅🍁လွန်ခဲ့သော ၁၂နှစ်တာကာလ🍁🍁🍁
"ကလင်...ကလင်...ကလင်..."
"မင်္ဂလာပါဆရာမ...နှုတ်ဆက်ပါတယ်ဆရာမ..."
မုန့်စားဆင်းခေါင်းလောင်ထိုးသံကြောင့် ကျောင်းသားတွေအားလုံး ဗလောင်ဆူသွားကြသည်။ကျွန်တော်ကလွဲလို့ ကျန်တဲ့ကျောင်းသားတိုင်းက လူချမ်းသာတွေရဲ့သားသမီးတွေဆိုတော့
မုန့်ဈေးတန်းဆီကိုပဲ အကုန်လုံးစုပြုံပြီး သွားကြတော့တာပေါ့။အတန်းထဲမှာ ကျန်ခဲ့တာဆိုလို့ ကျွန်တော်ရယ်၊စာသင်ခုံတွေရယ်သာ ကျန်ရှိခဲ့ပါတယ်။ပိုက်ဆံတစ်ပြားမှမပါတဲ့ကျွန်တော်ကတော့ အိမ်မှာကိုယ်တိုင်ချက်လာတဲ့ မန်ကျဉ်းရွက်သုပ်ကလေးနဲ့ ပဲကြော်လေးကိုပဲ ထမင်းနဲ့တွဲပြီးမြိန်အောင်စားနေလိုက်တယ်။
ကျွန်တော်က ဘာလုပ်လုပ်ခပ်မြန်မြန်ပဲမို့ ထမင်းကိုလည်း ခပ်မြန်မြန်ပဲစားမိတယ်။ထိုအချိန် အခန်း၀မှာပေါ်လာတဲ့လူရိပ်တွေကြောင့် ကျွန်တော်ထမင်းစားတာကိုအမြန်လက်စသတ်လိုက်ပြီး ထမင်းချိုင့်ကို သိမ်းဖို့လုပ်လိုက်တယ်။သို့ပေမဲ့ ထမင်းချိုင့်တွေ သိမ်းမပြီးခင်မှာပဲ ထိုလူရိပ်တွေက ကျွန်တော့်ဘေးနားကိုရောက်လာကြတယ်။
"ဟား...ဟား...ဆင်းရဲသားလေးက မန်ကျဉ်းရွက်သုပ်နဲ့စားနေတယ်တဲ့ကွာ..."
"ဒုန်း!!!"
ကျွန်တော့်ဟင်းခွက်ကို ကိုင်ပြီး စာသင်ခုံပေါ်ကိုကိုင်စောင့်ချလိုက်တဲ့ ကောင်ကိုမော့ကြည့်လိုက်တော့.. ထက်အာကာဆိုတဲ့ကောင်။သုန္နကမြို့ကိုအုပ်ချုပ်တဲ့ မြို့တော်၀န် ဦးတေဇရဲ့မြေး ၊အချမ်းသာဆုံးမြို့မျက်နှာဖုံး ဦးအဂ္ဂရဲ့သား။
ကျွန်တော်သူ့ကိုကြောက်လို့တော့မဟုတ်ဘူး။
"သည်းခံပါသားရယ်...ပညာတတ်မှသားရဲ့ဘ၀တစ်ဆစ်ချိုးပြောင်းလဲနိုင်မှာမို့...ခဏတာပဲ..
သည်းခံပါ.."ဆိုတဲ့အဖေ့ရဲ့ ဆုံးမစကားကြောင့် သာ အဲ့ဒီ့ကောင်ကို ကျွန်တော်မှင်သေသေပဲ ပြန်ကြည့်လိုက်ပြီး သူ့လက်ထဲက ကျွန်တော့်ဟင်းခွက်ကို ပြန်လုလိုက်တယ်။ဒါပေမဲ့ ဒီကောင့်လက်က လေထဲကိုမြောက်တတ်သွားပြီး..။
BINABASA MO ANG
ဘီလူးနမ်းသော...အရိုင်းပန်း
General Fiction"မင်းငါ့ကို အဲ့လိုလာမကြည့်နဲ့....ငါ့မှာလည်း ငါသိက္ခာတရားဆိုတာရှိတယ်.... မင်းလိုချင်တာဘာလဲ ကိုယ့်ကိုပြော... ဥစ္စာလား ကိုယ့်မှာအပြည့်ရှိတယ်...ကိုယ်နဲ့လက်ထပ်ပြီးရင် မင်းဘာမှလုပ်စရာမလိုအောင်ကို ဘုရင်မတစ်ပါးလို ပြည့်စုံအောင် ထားပေးမှာ...ချစ်ခြင်းမေတ္တာလာ...