အခန်း(၃၆)
ဘီလူးနမ်းသော အရိုင်းပန်း"ဒုန်း!!!!!!"
"သမီး....အဖေတို့အခုချက်ချင်း ဒီအိမ်ကနေထွက်သွားကြရအောင်...."
အဖေက တံခါးကိုအားနဲ့တွန်းဖွင့်လိုက်ပြီး အခန်းထဲသို့ အပြေး၀င်လာလေသည်။တစ်ဆက်တည်းမှာပဲ သူ့ရဲ့ပုဆိုးနှစ်ထည်ကို ကြမ်းပြင်ပေါ်မှာ ဖြန့်ချလိုက်ပြီး ဖြူလုံးနဲ့
အဖေ့ရဲ့အိင်္ကျီတွေကို ထုပ်ပိုးနေပြန်သည်။ဖေဖေဘာတွေလုပ်နေတာလဲ။
ဖြူလုံးတော့ လုံး၀နားမလည်နိုင်တော့ဘူး။"အဖေ့....ဘာလို့အ၀တ်အစားတွေကို ထုပ်ပိုးနေရတာလဲ....ဘယ်ကိုသွားမလို့လဲ...."
"အဖေ့ကိုအများကြီးမမေးနဲ့ သမီးရယ်...
ဒီအိမ်ကနေအရင်ထွက်သွားနိုင်မှ သမီးကိုအကြောင်းစုံပြောပြမယ်....
အခုတော့ အဖေတို့သွားကြရအောင်...."အဖေက ဖြူလုံးရဲ့လက်မောင်းကနေအတင်းဆွဲထူပြီး ထခိုင်းလေသည်။ထွက်သွားမယ်တဲ့။
ဘယ်ကိုလဲ။ဘာကြောင့်လဲ။ဖြူလုံးတစ်ခုမှ နားမလည်တော့ဘူး။
နောက်နှစ်လလောက်နေရင် ဆယ်တန်းစာမေးပွဲဖြေရမှာကို ဖြူလုံးကဘယ်ကိုထွက်သွားရမှာလဲ။"မြန်မြန်လာပါသမီးလေးရယ်...."
ဖြူလုံးရဲ့ လက်ကိုအဖေကဆောင့်ဆွဲလိုက်တာကြောင့် အရှေ့ကိုငိုက်ကနဲ အရှိန်လွန်သွားပေမဲ့ ချော်မလဲအောင်တော့ ထိန်းလိုက်နိုင်ပါတယ်။
အဖေက အတင်းဆွဲနေပေမဲ့ ဖြူလုံးရဲ့ခြေထောက်တွေကတော့ မရွေ့နိုင်ဘူးဖြစ်နေလေသည်။အနည်းဆုံးတော့ အကြောင်းပြချက်တစ်ခုကိုဖြူလုံးကြားရမှဖြစ်မယ်။"ဘာကြောင့် ထွက်သွားရမှာလဲဆိုတဲ့ အကြောင်းပြချက်ကို ခိုင်ခိုင်လုံလုံမပေးနိုင်ရင် သမီးမလိုက်နိုင်ဘူး..."
အဖေဆုပ်ကိုင်ထားတဲ့လက်ကို ခါထုတ်လိုက်မိတော့ အဖေကစိတ်ရှုပ်သွားဟန်ဖြင့် ဖြူလုံးကို ကြည့်လာသည်။ဘာလဲဆိုတာ တပ်အပ်မပြောနိုင်ပေမဲ့ အဖေ့မျက်၀န်းတွေထဲမှာ အကြောက်တရားတွေ အတိုင်းသားထင်ဟပ်နေသည်။
အဖေဘာကို ကြောက်နေတာလဲ။
ဘယ်သူ့ကိုလဲ။
YOU ARE READING
ဘီလူးနမ်းသော...အရိုင်းပန်း
General Fiction"မင်းငါ့ကို အဲ့လိုလာမကြည့်နဲ့....ငါ့မှာလည်း ငါသိက္ခာတရားဆိုတာရှိတယ်.... မင်းလိုချင်တာဘာလဲ ကိုယ့်ကိုပြော... ဥစ္စာလား ကိုယ့်မှာအပြည့်ရှိတယ်...ကိုယ်နဲ့လက်ထပ်ပြီးရင် မင်းဘာမှလုပ်စရာမလိုအောင်ကို ဘုရင်မတစ်ပါးလို ပြည့်စုံအောင် ထားပေးမှာ...ချစ်ခြင်းမေတ္တာလာ...