အခန်း၃၉
ဘီလူးနမ်းသော အရိုင်းပန်းမနက်ခင်းလေးမှာ မြူတွေရစ်ဆိုင်းနေသောကြောင့် ပတ်၀န်းကျင်တစ်ခုလုံးက အေးချမ်းမှုအတိဖုံးလွှမ်းနေလေသည်။ငှက်ကလေးတွေဟာ အိပ်ယာမှနိုးထလာကြတာကြောင့် အသိုက်ကလေးတွေထဲမှ ထွက်လာကြကာ တကျီကျီတေးသံသီနေကြလေသည်။
စံအိမ်ကြီးရဲ့ အပြင်ဘက်တွင်တော့ သစ်ပင်၊ပန်းပင်များကို ရေလောင်းပေါင်းသင်နေကြသူတွေရှိနေသလို စံအိမ်ကြီး၏ မီးဖိုချောင်ဘက်အခြမ်းတွင်တော့ ဒေါ်နှင်းမြတ်နှင့်
အိမ်အကူမိန်းကလေးတွေဟာ ချက်ပြုတ်ရေးလုပ်ငန်းကို စတင်နေကြလေသည်။ဒေ၀ကတော့ မနက်ခင်းမှာ အိပ်ယာစောစောထနေကြဖြစ်တာကြောင့် ခြောက်နာရီထိုးတာနှင့် မျက်လုံးကအလိုလိုပွင့်နေလေပြီ။ရာသီဥတုက အေးချမ်းနေပြီး အခန်းထဲမှာလည်း ဘာပစ္စည်းမှ သိပ်မထားတာကြောင့် အမြင်ရှင်းနေပေမဲ့ စိတ်ထဲမှာကတော့ လေးလံနေဆဲပါပဲ။
ငရဲပြောခဲ့သလိုပဲ တစ်ယောက်တည်းရှင်သန်ရပ်တည်နေရတာမဟုတ်ပဲ လူအများရဲ့ဘ၀တွေကိုပါ ထမ်းပေးထားရတာမို့ ကိုယ့်စိတ်ကိုအတတ်နိုင်ဆုံး ထိန်းထားနိုင်မှရလိမ့်မယ်။
ကုတင်ပေါ်ကနေချက်ချင်းဆင်းလိုက်ပြီး အ၀တ်အစားတွေချွတ်ကာ ရေချိုးခန်းထဲသို့ ၀င်လိုက်သည်။မျက်နှာသစ်၊သွားတိုက်ပြီး ရေဘားကိုဖွင့်လိုက်တော့ ခေါင်းပေါ်သို့ စီးကျလာသည့် ရေတွေကို မျက်နှာမော့ရဲ့ ခံယူလိုက်သည်။
နံရံကို လက်ထောက်ပြီး ခေါင်းကို ရေပန်းနဲ့ လွတ်အောင် ငုံ့ထားလိုက်မိတော့ ဂုတ်ပိုးမှတစ်ဆင့် ရေတွေဟာ ခြေထောက်တစ်လျှောက် စီးကျသွားလေသည်။
သူ့စိတ်ထဲမှာ တွေးနေမိတာကတော့ သုန္နကမြို့က ဟိုတယ်စီမံကိန်းတွေကို ဦးလူထိန်နဲ့ လွှဲထားခဲ့ပြီး ပြင်သစ်ကို ပြန်နားဖို့ပါပဲ။ ဒီမြန်မာနိုင်ငံကို စပြီးခြေချမိတည်းက
စိတ်ရှုပ်စရာတွေချည်းပဲ ပြည့်နေခဲ့တယ်။ ရှားရှားပါးပါး ပျော်စရာလေးကို လက်၀ယ်ပိုက်ဖို့ တွေးထားမိပြန်တော့လည်း အဲ့ဒီ့ပျော်စရာလေးက ထွက်ပြေးသွားခဲ့ပြန်တယ်။
YOU ARE READING
ဘီလူးနမ်းသော...အရိုင်းပန်း
General Fiction"မင်းငါ့ကို အဲ့လိုလာမကြည့်နဲ့....ငါ့မှာလည်း ငါသိက္ခာတရားဆိုတာရှိတယ်.... မင်းလိုချင်တာဘာလဲ ကိုယ့်ကိုပြော... ဥစ္စာလား ကိုယ့်မှာအပြည့်ရှိတယ်...ကိုယ်နဲ့လက်ထပ်ပြီးရင် မင်းဘာမှလုပ်စရာမလိုအောင်ကို ဘုရင်မတစ်ပါးလို ပြည့်စုံအောင် ထားပေးမှာ...ချစ်ခြင်းမေတ္တာလာ...