အခန်း(၂၉) Part29🌹Uni/Zawgyi

1.3K 44 2
                                    

ဘီလူးနမ်းသော အရိုင်းပန်း
(အခန်း၂၉)


"သေချာလို့လားရွှေရယ်..."

"အစ်မ...နင်တော်တော်မွှန်နေတာလားဟာ..မနေ့က ငါကိုယ်တိုင်ကြုံခဲ့ရတဲ့‌ကိစ္စဟ....နင့်လူကြီးက ..
နင့်မျက်နှာကိုမှမထောက်...ငါ့အလုပ်ထိတောင်လာပြီးသောင်းကျန်းသွားတာ..
တကယ်ကို စိတ်ဓာတ်က အောက်တန်းကျတယ်....အခုလည်း
ငါ့သူငယ်ချင်းလေးယောက်လုံး အချုပ်ထဲရောက်နေပြီ...မူးယစ်ဆေးဝါးအမှုနဲ့ ...ရင်ဆိုင်နေရတယ်
...အဲ့ဒါနင်ဘယ်လို ဖြေရှင်းပေးမှာလဲ....
ငါ့ဘ၀မှာ ပထမဆုံးအကြိမ် ခြိမ်းခြောက်ခံလိုက်ရခြင်းပဲ...အသဲနာလို့ကို မဆုံးဘူး..."

ဆေးရုံကနေ ဂျူတီအချိန်ပြီးလို့ စောစောပြန်လာမိကာမှ ညီမဖြစ်သူရွှေပန်းချီက ရောက်ရောက်ချင်း အခန်းထဲကို ၀င်လာပြီး တိုင်ချက်ဖွင့်နေသည်။
ကိုကိုဘာလို့ ညီမလေးကို သွားခြိမ်းခြောက်ရတာလဲ။

ကိစ္စတစ်ခုခုဆိုရင် ငွေနဲ့အရင်တိုင်ပင်သင့်တာ‌ပေါ့။ငွေက ကိုကို့ချစ်သူမဟုတ်တဲ့အတိုင်းပဲ ညီမလေးရဲ့အလုပ်အထိ ပြဿနာသွားရှာ‌တယ်တဲ့။
ဒါ ငွေ့သိက္ခာကို တမင်စော်ကားလိုက်တာပဲ။
ငွေ့မိသားစုကို အလေးမထားမှန်း သိပ်ကိုသိသာလွန်းတယ် ကိုကိုရယ်။

"အခုကိစ္စကို....ဖြူလုံးပြောလိုက်လို့...ကိုကိုသိသွားတာလား..."

"အစ်မရယ်...နင်တော်တော်တုံးတာပဲ...
အဲ့ကောင်မလေးမပြောလို့ ဘယ်သူကသွားပြောမှာလည်းဟ...ဒါကြောင့်မို့ ဟိုကလှိမ့်တာကို နင်ခံနေရတာ..."

"ရွှေ...နင်ဘာကိုပြောချင်တာလဲ..."

ဒီလောက်ပြောပြနေတာတောင် တုံးအချင်ယောင်ဆောင်နေသည့် အစ်မဖြစ်သူကို ရွှေစိတ်တိုလာသည်။ဖြူလုံးက နင့်အကောင်ကို စနှိုက်ကြော်နေတာဟေ့လို့ ပြောလိုက်ရမကောင်းရှိတော့မယ်။
စာကလွှဲပြီး ကျန်တဲ့နေရာမှာ တွေးခေါ်မှုညံ့ဖျင်းလို့လည်း သူဒီလိုခံနေရတာ။

"အစ်မ...နင်သတိမထားမိဘူးလား...ဖြူလုံးရဲ့အဖေ ဆေးရုံတက်တဲ့ နေ့တည်းက ကိုဒေ၀က...ဟိုကောင်မဖြူလုံးကို ဘယ်လောက်အထိ ပစားပေးထားသလဲဆိုတာ..အဲ့ဒီ့နေ့က ဆရာ၀န်ဂျူတီကုဒ် ၀တ်ထားတဲ့နင့်ကို...ဆေးရုံထဲမှာတောင် မရှောင်ပဲ ပြောဆိုလုပ်သွားတာလေ..."

ဘီလူးနမ်းသော...အရိုင်းပန်း         Where stories live. Discover now