ဘီလူးနမ်းသော အရိုင်းပန်း
(အခန်း(၄၀)ဟော်တယ်ကြီးရဲ့ အကျယ်ဆုံး ဟောခန်းထဲမှာ တော့ ခမ်းနားထည်ဝါသော စီးပွားရေး သံတမန်တံတားပွဲကြီး ကျင်းပနေသောကြောင့် ရှန်ပိန်ခွက်သံ၊ဝိုင်ခွက်သံနှင့် လူမျိုးစုံ၏ ဘာသာစကားမျိုးစုံထွက်ပေါ်နေလေသည်။
နံပါတ်စဉ်တပ်ထားသော စားပွဲအသီးသီးမှာ ကိုယ့်နေရာကိုယ်ထိုင်နေကြပေမဲ့ ဗွီအိုင်ပီနံပါတ်တစ်စားပွဲနေရာမှာတော့ လူတော်တော်များများက ဝိုင်းဖွဲ့ရပ်နေကြလေသည်။သူတို့လုပ်ချင်သည့် တစ်ခုတည်းသော အရာမှာ ထိုင်ခုံတွင် ပြုံးယောင်သန်းနေသော နှုတ်ခမ်းတွေအား စေ့ပိတ်ထားပြီး ခပ်မိန့်မိန့်ထိုင်နေသော ပုဂ္ဂိုလ်နှင့် ခွက်ချင်းတိုက်ပြီး စကားစမြည်ပြောခွင့်ရဖို့ပါပဲ။
သို့ပေမဲ့ ထိုပုဂ္ဂိုလ်ရဲ့ ဘေးနားမှာ တောင့်တောင့်ကြီးရပ်နေသော သူ့ရဲ့လက်ထောက် ဂျက်ခ်ဆိုသည့်
လူဖြူကြောင့် လီယို၏အသားကို မထိရဲကြပေမဲ့ တစ်ယောက်တစ်ပေါက်နဲ့ နှုတ်ဆက်စကားပြောနေကြတာတော့ မရပ်တန့်သေးပေ။လီယိုကတော့ စတိခ်(steak )ကိုသာ ဓားနဲ့ခပ်ပါးပါး လှီးရင်း ကြေညှပ်အောင်ဝါးနေလေသည်။
ထိုစဉ် ခရမ်းရောင်မျက်၀န်းတွေကို ပိုင်ဆိုင်ထားသည့် လီယိုနဲ့ ရုပ်ချင်းဆင်တူသော အသက်၆၀ခန့် လူကြီးတစ်ယောက်ဟာ ခုံနံပါတ်တစ်နဲ့ နီးကပ်လှသော စတိတ်စင်ပေါ်သို့ မိုက်ကိုကိုင်၍ တက်သွားလေသည်။"အားလုံးပဲ သောမက်စ်လီယိုကို အာရုံစိုက်တာခဏလျော့ပြီး....ဟောဒီကအဖိုးကြီးလီယိုကို အာရုံစိုက်ပေးနိုင်မလား....."
"ဟား....ဟား...."
ပြင်သစ်လူမျိုးက အင်္ဂလိပ်စကားနဲ့ဟာသပြောလိုက်တာကြောင့် အကုန်လုံးထရယ်ကြလေသည်။
အဖိုးကြီး လီယိုကလည်း ခပ်ပြုံးပြုံးဖြစ်သွားသောသူ့သားနဲ့ တစ်စားပွဲထဲထိုင်နေသည့် ဆူဇီ့ထံသို့ အကြည့်ရောက်သွားလေသည်။ထိုစဉ် စားပွဲထိုးမလေးတစ်ယောက်အား ပါတီပွဲ ကြည့်ကြပ်သူ ခေါင်းဆောင်က လှမ်းခေါ်လိုက်လေသည်။
ESTÁS LEYENDO
ဘီလူးနမ်းသော...အရိုင်းပန်း
Ficción General"မင်းငါ့ကို အဲ့လိုလာမကြည့်နဲ့....ငါ့မှာလည်း ငါသိက္ခာတရားဆိုတာရှိတယ်.... မင်းလိုချင်တာဘာလဲ ကိုယ့်ကိုပြော... ဥစ္စာလား ကိုယ့်မှာအပြည့်ရှိတယ်...ကိုယ်နဲ့လက်ထပ်ပြီးရင် မင်းဘာမှလုပ်စရာမလိုအောင်ကို ဘုရင်မတစ်ပါးလို ပြည့်စုံအောင် ထားပေးမှာ...ချစ်ခြင်းမေတ္တာလာ...