အခန်း(၂၀)
ဘီလူးနမ်းသော အရိုင်းပန်းအဖေ့ကို လူနာစောင့်လုပ်ပေးဖို့အတွက် ကျောင်းကိုတစ်ရက်လောက်ခွင့်ယူလိုက်ရလေသည်။
ဒီနေ့ ကျောင်းပြန်တက်ရမည့်နေ့ဖြစ်တာကြောင့် အဖြူအစိမ်း၀တ်စုံလေးကို သပ်သပ်ရက်ရက်
၀တ်ကာ လွက်အိတ်ကလေးကိုလွယ်ရင်းနှင့်
ခြံအပြင်သို့ထွက်လာလိုက်သည်။"ဖြူလုံးရေ...."
အေးပု၏ခေါ်သံကိုကြားလိုက်တာကြောင့် နှုတ်ခမ်းတွေကို ညွှတ်တတ်နေအောင် ပြုံးလိုက်မိပြီး သူငယ်ချင်းလေးကိုပြေးဖက်မိလေသည်။
တကယ်တော့ အေးပုမရဲ့နာမည်အရင်းက အေးအေးပိုဖြစ်ပြီး အရပ်ပုတာကြောင့် အတန်းဖော်တွေက အေးအေးပုလို့ စနှောက်ရင်းကနေ အေးပုဖြစ်သွားလေတော့သည်။
ဖြူလုံးရဲ့ အချစ်ဆုံးလေးပေါ့။"အံမယ်...ဘာအခုမှလာအသဲပိုနေရတာလဲ...လူကိုပစ်ထားတုန်းကပစ်ထားပြီး...."
"မဟုတ်ပါဘူး...အေးပုရယ်...ဖေဖေဆေးရုံတက်နေရလို့ပါ..."
"ဟယ်...ဟုတ်လား...အခုရော...နင့်အဖေဘယ်လိုနေသေးလဲ...."
"သက်သာနေပါပြီ...ဒါပေမဲ့....ဒီတစ်နေ့တော့ ဆေးရုံတက်ရအုံးမယ်တဲ့...ညနေကျောင်းကပြန်ရင်...အဖေ့ဆီကို သွားရအုံးမယ်.."
"အေးဟယ်...ကိုယ့်ကိုမကြင်ပေမဲ့လို့...အဖေဆိုတော့...မေတ္တာတော့မပျက်ပါနဲ့ဟယ်..."
"မပျက်ပါဘူး...အေးပုရယ်...ငါအဖေ့ကိုချစ်ပါတယ်...ဘယ်လိုပဲဖြစ်ဖြစ်...အရင်လိုမချမ်းသာတော့တာတောင်...အဖေက ငါ့ကိုကျောင်းမထုတ်ပဲ...ဆက်တတ်ခွင့်ပေးထားတယ်လေ..
အဲ့ဒါနဲ့တင်...အဖေ့ကျေးဇူးက ကြီးနေပါပြီ...""လိမ္မာလိုက်တဲ့ ငါ့သူငယ်ချင်းလေး.."
အေးပုက ဖြူလုံးကိုခေါင်းလေး ပုတ်ပေးတာကြောင့် ဖြူလုံးလည်း အေးပု၏ပုခုံးကိုဖက်လိုက်သည်။
သူငယ်ချင်းနှစ်ယောက်သား သစ်ရွက်ဝါတွေ ကြွေကျနေသော လမ်းမ၏ဘေးလေးမှာ ခြေလှမ်းသွက်သွက်ကလေးနှင့်ကျောင်းတော်ကြီးဆီသို့ ပျော်ပျော်ကြီး ချီတက်မိကြလေသည်။"တူ ဝေ ဝေ.....ဆွမ်းတော်ဗျို့...."
ဖြူလုံးနဲ့ အေးပုတို့နှစ်ယောက်သားသုန္နကကျောင်းတိုက်အရှေ့သို့ ဖြတ်အလျှောက်မှာတော့ ဘုန်းကြီးကျောင်း၀န်းထဲမှ ဘုန်းကြီးကျောင်းသားတို့သည် ရှေ့မှကြေးစည်တီး၍ ဦးဆောင်ကာသင်္ကန်းတို့ဆင်မြန်းထားသော ဘုန်းကြီးများ၊ဦးဇင်းများနှင့် ကိုရင်ငယ်လေးများတို့သည် အေးချမ်းမှုအတိဆောင်ကျဉ်းကာ အနောက်မှဆွမ်းခံကြွထွက်လာကြလေသည်။
YOU ARE READING
ဘီလူးနမ်းသော...အရိုင်းပန်း
General Fiction"မင်းငါ့ကို အဲ့လိုလာမကြည့်နဲ့....ငါ့မှာလည်း ငါသိက္ခာတရားဆိုတာရှိတယ်.... မင်းလိုချင်တာဘာလဲ ကိုယ့်ကိုပြော... ဥစ္စာလား ကိုယ့်မှာအပြည့်ရှိတယ်...ကိုယ်နဲ့လက်ထပ်ပြီးရင် မင်းဘာမှလုပ်စရာမလိုအောင်ကို ဘုရင်မတစ်ပါးလို ပြည့်စုံအောင် ထားပေးမှာ...ချစ်ခြင်းမေတ္တာလာ...