🍁အခန်း၇🍁
🌸ဘီးလူးနမ်းသောအရိုင်းပန်း🌸"ကုလား...ငါနာရီ၀က်လောက်အနားယူမယ်
...ဘယ်လောက်အရေးကြီးတဲ့ ကိစ္စဖြစ်ဖြစ် ငါ့ကိုလာမနှိုးနဲ့ ကြားလား...""ဟုတ်ကဲ့ပါဆရာ..."
အပိုင်(၂)မှ ဦးတေဇရဲ့လက်ထောက် ကုလားဆိုသူထွက်သွားတဲ့နောက်မှာတော့ ဓာတ်ပြားစက်နှင့်သူအိပ်နေရင်ဇိမ်ခံ၍ နားထောင်ဖို့ရာနန်းတော်ရှေ့ဆရာတင်၏ သီချင်းလေးကို ဖွင့်ထားလိုက်ပြီးပက်လက်ကုလားထိုင်ပေါ်သို့၀င်လှဲလိုက်သည်။
မျက်လုံးတွေမှေးစဥ်းလာသည့်နည်းတူ ဓာတ်ပြားသီချင်းလေးကလည်း အေးအေးငြိမ့်ငြိမ့်လေးသွားနေသည်။🎵အစကတော့ ဖြူဖြူ
🎵ညိုသွားပြီ အခုတော့ညိုသွားပြီ
🎵ပျိုမှားပါပြီရှင် ခေါ်လာမိတယ်...
🎵အင်းလျားရေ တစ်စည်လောက်တော့
လိုချင်ပါတယ်..၀ယ်ချင်ရှာသူ🎵ရွှေမန်းသူတွေ ရေခေါ်ချိုးမယ်
တစ်မျိုးနော်လှအောင် မိုးပေါ်ကျသူ🎵အင်းလျားရေကိုယူ...
အင်းလျားရေကိုယူ.."ဒုန်း!!!..."
ရုတ်တရက် ကုလားသည်ရုံးခန်းတံခါးကို အားနဲ့တွန်းဖွင့်ပြီး အပြေး၀င်လာလေတော့ ဦးတေဇလည်း လန့်ပြီးမျက်လုံးတွေပြူးကျယ်ကုန်သည်။
ဘယ်တုန်းကမှ ကုလားဆိုတဲ့ကောင် သူအိပ်နေတုန်း၀င်မလာရဲဘူး။အခုကခေါင်းပြုတ်ချိန်တန်လို့နေမယ်။"ဟေ့ကောင်...မင်းဘာဖြစ်နေတာလဲ..."
"ဆရာ့!!...ဆရာ့!!...ဟိုဟာ.."
"ဟာ...ငါဆောင့်ကန်လိုက်ရ..."
ပါးစပ်ထက် ခြေထောက်ကအရင်ရောက်သွားလေရာ ကုလားမှာ ကြမ်းပြင်ပေါ်သို့ပက်လက်လန်ကျသွားသည်။ဦးတေဇဆိုသည်မှာ သုန္နကမြို့ကို အုပ်ချုပ်နေသော အကြီးအကဲ။မျိုးရိုးစဉ်ဆက်က သူကြွယ်မျိုးရိုးဆိုတော့ လူအများကလည်း သူ့အရှိန်အဝါကိုကြောက်ကြသည်။
သူ့မှာ အဂ္ဂနဲ့ ဂန္တ၀င်ဆိုပြီး သားနှစ်ယောက်ရှိသည့်နည်းတူ သုန္နကမြို့ရဲ့ စီးပွားရေးသုံးပုံ နှစ်ပုံနီးပါးလောက်ကို သူ့သားတွေသာလျှင် ပိုင်စိုးထားစေသည်။
YOU ARE READING
ဘီလူးနမ်းသော...အရိုင်းပန်း
General Fiction"မင်းငါ့ကို အဲ့လိုလာမကြည့်နဲ့....ငါ့မှာလည်း ငါသိက္ခာတရားဆိုတာရှိတယ်.... မင်းလိုချင်တာဘာလဲ ကိုယ့်ကိုပြော... ဥစ္စာလား ကိုယ့်မှာအပြည့်ရှိတယ်...ကိုယ်နဲ့လက်ထပ်ပြီးရင် မင်းဘာမှလုပ်စရာမလိုအောင်ကို ဘုရင်မတစ်ပါးလို ပြည့်စုံအောင် ထားပေးမှာ...ချစ်ခြင်းမေတ္တာလာ...