အခန်း၃၃
🌸ဘီလူးနမ်းသော အရိုင်းပန်း🌸မျက်လုံးတွေကို ဖြည်းညှင်းစွာဖွင့်ကြည့်လိုက်တဲ့အချိန်မှာအပြာရောင်တဲခေါင်မိုးကြီးကိုမြင်လိုက်ရသည်။သေချာတာကတော့
ဒါဖြူလုံးတို့ရဲ့တဲမဟုတ်ဘူး။ဗိုက်ကလည်း ဆာလာသလို အာခေါင်တွေကလည်း ခြောက်လာတာကြောင့် မွေ့ယာပေါ်မှာအားယူကာထိုင်လိုက်သည်။ဘေးဘီကို ကြည့်လိုက်မိတော့ ဖြူလုံးရဲ့ခြေရင်းဘက်အခြမ်းမှာ အောက်ကအခင်းပေါ် မွေ့ယာအသေးလေးခင်းပြီး ကြပ်ကြပ်သပ်သပ်အိပ်နေရှာသော မြတ်ချယ်တို့ သားအမိတွေကို မြင်လိုက်ရသည်။
သေချာပြန်တွေးကြည့်လိုက်တော့ ဖြူလုံးကိုလူခြေတိတ်တဲ့အချိန်မှာ မမရွှေပန်းချီက
ကားနဲ့ခေါ်သွားပြီး တောင်လမ်းပေါ်ကနေ တွန်းချခဲ့တာ။"ဘာကြောင့် ဒီလိုလုပ်ရက်ရတာလဲ..."
အဲ့ဒီညက တောင်လမ်းကုန်းဆင်းအတိုင်းလိမ့်ကျသွားပြီး မြေပြင်ကနေထိုးထွက်နေတဲ့ ကျောက်တုံးကြီးနဲ့ ခြေထောက်ပစ်ရိုက်လိုက်သလိုဖြစ်ပြီးနောက်မှာ နာတာရောထိတ်လန့်တာတွေပါရောပြီး ဖြူလုံးသတိလစ်သွားခဲ့တယ်။
ပထမဦးဆုံးသတိရတဲ့အချိန်မှာ နှင်းတွေကမျက်လုံးထဲကို ၀င်လာပြီး ဖြူလုံးရဲ့ခန္ဓာကိုယ်ပေါ်မှာ နှင်းတွေအုပ်နေခဲ့တယ်။ ခန္ဓာကိုယ်က ရေခဲတုံးတစ်တုံးလို အေးခဲတဲ့ခံစားချက်ကြီးကို ခံစားလိုက်ရပြီးတဲ့နောက်မှာ လူကထုံကျင်လာပြီး ပြန်ပြီးသတိမေ့သွားခဲ့တယ်။
ဒုတိယအကြိမ်အိပ်မက်လိုလို ဘာလိုလိုနဲ့ သတိရလာတော့ ကိုကြီးကဖြူလုံးကိုပွေ့ချီထားခဲ့တယ်။
"ဘာကြီးလဲဟ..."
အိင်္ကျီလက်ကောက်ဝတ်နေရာမှ ခုလုခုလုဖြစ်နေသည့် အရာကို ဆွဲထုတ်လိုက်မိတော့ စာရွက်ခေါက်လေးတစ်ခုဖြစ်နေသည်။ဘယ်သူက ဖြူလုံးရဲ့အိင်္ကျီလက်အ၀ထဲမှာ ဒါကိုထားလိုက်တာလဲ။?အတွေးတွေနဲ့ အတူ စာကိုဖွင့်ပြီးဖတ်ကြည့်လိုက်သည်။
"ညီမလေးဖြူလုံး...ဒီစာကို မမငွေရေးပြီး
ထည့်ထားခဲ့တာပါ...အရင်ဆုံးပြောချင်တာက
ညီမလေးကို တောင်းပန်ပါတယ်...
ဒီစကားကမမတစ်ယောက်ထဲရဲ့
စကားမဟုတ်ပဲ...ရွှေပန်းချီရဲ့
တောင်းပန်စကားဆိုလည်းဟုတ်ပါတယ်...
တကယ်တော့ တစ်နေ့က မမနဲ့ ကိုဒေ၀စကားများခဲ့ကြတယ်...ပြီးတော့သူကမမကိုလမ်းခွဲစကားပြောခဲ့တယ်...အကြောင်းအရင်းကတော့ ဖြူလုံးကို...
သုတကရေနှစ်ပြီး လုပ်ကြံတဲ့ကိစ္စကြောင့်ပါပဲ...
ကိုဒေ၀က သုတကိုမူးယစ်ဆေးဝါးအမှုနဲ့
ထောင်ချပစ်နိုင်ဖို့အတွက် ရွှေ့ကိုခြိမ်းခြောက်ပြီး အစ်မေးခဲ့တယ်လို့...ရွှေကမမကိုပြန်ရင်ဖွင့်ခဲ့တယ်
...ဒါကြောင့် ရွှေ့ကိုပြန်တောင်းပန်ဖို့ မမတောင်ပေါ်အထိလိုက်လာပြီး တောင်းဆိုမိတာပါ ဖြူလုံးရယ်
...ကိုဒေ၀ကရွှေ့ကိုပြန်မတောင်းပန်တဲ့အပြင်
မမနဲ့ပါလမ်းခွဲဖို့အထိပြောလာတော့...ရွှေကဖြူလုံးကြောင့်ဖြစ်ရတာလို့ အထင်လွှဲပြီး...အဆင်အခြင်မဲ့စွာ...မလုပ်သင့်တာတွေကို လုပ်ခဲ့ပါတယ်
ညီမလေးမြို့ထဲကိုပြန်လာတဲ့နေ့ကြရင် ဒူးထောက်ပြီးတောင် တောင်းပန်ပါ့မယ်လို့ ရွှေကကတိပေးထားပါတယ်...နောက်တစ်ခါဒီလိုထပ်မဖြစ်စေရဘူးလို့ ကျိန်ဆိုပါတယ်ကွယ်....တို့တွေက ညီအစ်မတွေပဲမို့ ထောင်တန်းအထိရောက်အောင် မလုပ်ပါနဲ့လို့မမငွေတောင်းပန်ပါရစေ...
အနည်းဆုံးတော့...ဒီနေ့ညီမလေးကို ဆေးကုပေးခဲ့တဲ့မမငွေရဲ့ စေတနာကျေးဇူးကိုတော့ ထောက်ထားပေးစေချင်တယ်ဖြူလုံးရယ်...ကိုယ့်အစ်မ၀မ်းကွဲကို ညီမဖြစ်သူကပြန်တိုင်တောတယ်ဆိုတာလဲ
ပတ်၀န်းကျင်အမြင်မှာ ကြားလို့မှမကောင်းတဲ့ကိစ္စကြီးပါ...ပြီးတော့ ဖြူလုံးရဲ့အဖေနဲ့တို့အဖေကြားမှာလည်း အနေစိမ်းခဲ့ရာကနေ...သွေးပါစိမ်းရမဲ့ရန်သူတွေအဖြစ်
မမြင်ပါရစေနဲ့..မမပြောချင်တာတွေကို
ဖြူလုံးနားလည်မယ်လို့ ထင်ပါတယ်....
တို့တွေကညီအစ်မတွေပါကွာ...
ရွှေလည်း နောင်တရနေပါတယ်...
ကိုဒေ၀ကိုပြန်မပြောလိုက်ပါနဲ့ကွယ်
...တို့တွေရဲ့ကိစ္စကို တို့တွေကြားမှာပဲ နားလည်မှုရယူကြရအောင်..."
YOU ARE READING
ဘီလူးနမ်းသော...အရိုင်းပန်း
General Fiction"မင်းငါ့ကို အဲ့လိုလာမကြည့်နဲ့....ငါ့မှာလည်း ငါသိက္ခာတရားဆိုတာရှိတယ်.... မင်းလိုချင်တာဘာလဲ ကိုယ့်ကိုပြော... ဥစ္စာလား ကိုယ့်မှာအပြည့်ရှိတယ်...ကိုယ်နဲ့လက်ထပ်ပြီးရင် မင်းဘာမှလုပ်စရာမလိုအောင်ကို ဘုရင်မတစ်ပါးလို ပြည့်စုံအောင် ထားပေးမှာ...ချစ်ခြင်းမေတ္တာလာ...