အခန်း(၂၇)
ဘီလူးနမ်းသော အရိုင်းပန်း"
အဲ့ဒါနင့်အပြစ်ပဲ နင်ဘာလို့ဒီကောင်မလေးကို ခေါ်လာရတာလဲ ...."
"ဘာကို ငါ့အပြစ်လဲ နင့်ရဲ့ဗရုတ်သုတ်ခ အပေါင်းအသင်းကောင်ကြောင့်သာ မဟုတ်ရင်ဒီလို ဖြစ်စရာလား...နင်အပေါင်းအသင်းပေါင်းတာ မဟုတ်သေးဘူးနော်...အရက်သမား၊ဆေးသမားတွေချည်းပဲ...."
"အစ်မ...နင်အကြီးဖြစ်ပြီး မဟုတ်တမ်းတရားတွေနဲ့ ဆုံမစကားလာမခြွေနဲ့နော်..
ဒီကိစ္စက ငါ့မွေးနေ့အတွက် နင်ကိုယ်တိုင်တာ၀န်မယူပဲ ကလေးအရွယ်ကို လုပ်ခိုင်းလို့ဖြစ်ရတာ...""ဘာတွေ လာပြောနေတာလဲ...ငါနဲ့ဘာမှမဆိုင်ဘူး...နင့်လူသာ တဏှာမကြီးရင် အခုလိုဖြစ်စရာလား...နင်ကိုယ်တိုင်လည်း
တွေ့လျှက်နဲ့ တမင်မျက်နှာလွှဲ ခဲပစ်လုပ်ထားတာမဟုတ်လား...""ဟဲ့ ဒါကပျော်ပွဲရွှင်ပွဲလေ အဝေးကနေလှမ်းကြည့်တော့ သုတက တမင်စနောက်နေတယ် ထင်လို့ပေါ့...အခုလည်း ဖြူလုံးသတိရလာရင် တောင်းပန်ဖို့စောင့်ပေးနေပြီမဟုတ်လား...."
ငွေပန်းချီလည်း အခန်းထောင့်တွင် ထိုင်နေသော သုတဆိုသူကို တစ်ချက်လှမ်းကြည့်လိုက်သည်။
မျက်နှာက ပြုံးချင်သလို၊ငိုချင်သလိုရုပ်နဲ့ နောင်တရနေတဲ့ ပုံလည်းမပေါက်ဘူး။ထိုးကြိတ်ခံထားရလို့ မျက်နှာကယောင်နေပေမဲ့ ကြည့်လိုက်တာနဲ့ နှာဘူးရုပ်မှန်းသိသာလိုက်တာ။
YOU ARE READING
ဘီလူးနမ်းသော...အရိုင်းပန်း
General Fiction"မင်းငါ့ကို အဲ့လိုလာမကြည့်နဲ့....ငါ့မှာလည်း ငါသိက္ခာတရားဆိုတာရှိတယ်.... မင်းလိုချင်တာဘာလဲ ကိုယ့်ကိုပြော... ဥစ္စာလား ကိုယ့်မှာအပြည့်ရှိတယ်...ကိုယ်နဲ့လက်ထပ်ပြီးရင် မင်းဘာမှလုပ်စရာမလိုအောင်ကို ဘုရင်မတစ်ပါးလို ပြည့်စုံအောင် ထားပေးမှာ...ချစ်ခြင်းမေတ္တာလာ...