အခန်း၁၆
🌸ဘီလူးနမ်းသော အရိုင်းပန်း🌸"အမယ်လေး...ဖဲကလည်း ဒီနေ့တစ်စက်မှကို
လာဒ်မကောင်းပါလား..."ဖြူလုံး အခန်းထဲမှာအ၀တ်တွေခေါက်နေတုန်းအန်တီရွှေကအခန်းထဲသို့ ညည်းတွားရင်း၀င်လာလေသည်။အချိန်ကိုကြည့်လိုက်တော့ညခြောက်နာရီထိုးနေလေပြီ။
အဖေကလည်း အခုရက်ပိုင်းအလုပ်မှာပဲ
ညအိပ်တာများသောကြောင့် ဖြူလုံးနဲ့အန်တီရွှေသာ အခန်းထဲတွင် အတူနေရသည်။"ဟဲ့...အဲ့ဒီ့အရေးမပါတဲ့ အ၀တ်တွေကို ချထားလိုက်စမ်းပါ...ငါ့ကိုရေသွားယူပေးစမ်း..."
"ဟုတ်ကဲ့ပါ..."
အလုပ်သမားတွေအတွက် သီးသန့်ထားသော ရေခဲသေတ္တာထဲမှ ရေခဲရေတစ်ဗူးကို အမြန်ပြေးယူလိုက်သည်။
"ဒီမှာပါ...အန်တီရွှေ...."
ဖြူလုံးက ရေဗူးကိုကမ်းပေးတော့ အန်တီရွှေက ဒေါသထွက်သောမျက်၀န်းတွေနဲ့ ကြည့်လာသည်။
"နင်ဒါလေးတောင်အလိုက်မသိဘူးလား...
ရေသောက်ပါမယ်ဆိုမှ ရေခွက်ပါယူလာခဲ့ရမှာကို နင့်ဦးနှောက်က မစဉ်းစားတတ်ဘူးလား..
တုံးအလွန်းတဲ့ နေရာမှာတော့တကယ့်ကို အဖေတူသမီးပါလား..သွား...ရေခွက်သွားယူ...မဟုတ်ရင်ငါရိုက်မိတော့မယ်နော်...လူကစိတ်ညစ်နေရတဲ့ကြားထဲ...သွား!!!မြန်မြန်..."ဖြူလုံးလည်း လူသားပဲမို့ ဒေါသထွက်မိသည်။
ပြန်ပြောချင်တာလည်း ပါးစပ်တွေကိုယားနေလေသည်။သို့ပေမဲ့ကိုယ့်အဖေရဲ့ မိန်းမဖြစ်တာကတစ်ကြောင်း၊အဖေက တစ်ခုခုဆိုရင် အန်တီရွှေ့ဘက်ကနေပဲ လိုက်မှာသေချာတာကြောင့် အန်တီရွှေနဲ့ဖြူလုံးတို့နှစ်ယောက်ထဲက တစ်ယောက်ကိုရွေးဖို့ ပြောလာခဲ့လျှင် လမ်းဘေးကို ရောက်သွားမည့်လူက ဖြူလုံးဖြစ်မှာသေချာသည်။ဖြူလုံးကလည်း တွေးထားပြီးသားပါ။
ဆယ်တန်းပြီးတာနဲ့ အခြားကိုထွက်သွားဖို့ပေါ့။
ဆယ်တန်းမပြီးသေးမချင်းတော့ လမ်းဘေးမှာတေလေဂျပိုးလို လွှင့်မနေအောင် ကုပ်ကပ်ပြီး နေရမှာပါပဲ။"ဟဲ့...ဘာရပ်ပြီးငိုင်နေတာလဲ...သွားစရာရှိတာမသွားဘူး..."
ကိုယ့်အတွေးနဲ့ကိုယ်ငိုင်နေမိစဉ်မှာပဲ အန်တီရွှေ၏ ငှက်ဆိုးထိုးသော အသံကြီးကြောင့် ရေခွက်ကို မီးဖိုခန်းထဲမှ အမြန်သွားယူပြီး အန်တီရွှေကို ရေသောက်ဖို့ပေးလိုက်သည်။
BINABASA MO ANG
ဘီလူးနမ်းသော...အရိုင်းပန်း
General Fiction"မင်းငါ့ကို အဲ့လိုလာမကြည့်နဲ့....ငါ့မှာလည်း ငါသိက္ခာတရားဆိုတာရှိတယ်.... မင်းလိုချင်တာဘာလဲ ကိုယ့်ကိုပြော... ဥစ္စာလား ကိုယ့်မှာအပြည့်ရှိတယ်...ကိုယ်နဲ့လက်ထပ်ပြီးရင် မင်းဘာမှလုပ်စရာမလိုအောင်ကို ဘုရင်မတစ်ပါးလို ပြည့်စုံအောင် ထားပေးမှာ...ချစ်ခြင်းမေတ္တာလာ...