အခန်း၁၉
🌸ဘီလူးနမ်းသော အရိုင်းပန်း🌸"အား!!!ကျွန်တော်တို့ကို ဘာမှမလုပ်ပါနဲ့ဗျာ...တောင်းပန်ပါတယ်..."
"မင်းရဲ့တောင်းပန်စကားက ဘာအသုံး၀င်လို့လဲ..ငါတို့လိုချင်တာက ပိုက်ဆံ..."
ကာရာအိုကေအခန်းဖြစ်တာကြောင့် အခန်းကြီးတစ်ခုလုံးမှာ အလင်းရောင်မှိန်ဖျဖျသာ ဖြစ်နေလေသည်။
အသံလုံ အခန်းဖြစ်တာကြောင့် အခန်းထဲမှ
အော်ဟေ့အကူအညီတောင်းသံတွေကိုလည်း အခြားသူတွေကြားရဖို့ ရာခိုင်နှုန်းအင်မတန်နည်းသည်။"မင်းတို့ လောင်းကစားရှုံးတိုင်း ဆွဲထားတဲ့ပိုက်ဆံတွေကို ဒီနေ့ညတွင်းချင်းလိုချင်တယ်..."
"ခင်ဗျားရူးနေလား...ခင်ဗျားကဘာကောင်လဲ...
ကျုပ်တို့ ဘယ်လိုလူတွေလဲဆိုတာ မသိဘူးထင်တယ်...."လက်တွေအချုပ်ခံထားရပြီးကြမ်းပြင်မှာ
ဒူးထောက်နေရသည့်ဘ၀ရောက်နေတာတောင်လေကျယ်နိုင်သေးသော ဇော်မင်းနှင့် ဟိန်းဇေ၏မျက်နှာကို ခပ်မဲ့မဲ့နဲ့စိုက်ကြည့်နေရင်းမှ ဦးလူထိန်ဟာ အချက်ပြသည့်သဘောအနေနဲ့ လက်တွေကိုလေထဲမှာ ဝေ့ရမ်းပြလိုက်သည်။အချက်ပြလိုက်သည်နှင့် သံတုတ်ကိုင်ထားသောလူဟာ သူ့ရဲ့သံတုတ်ကြီးကို အားပြင်းပြင်းနဲ့ဝေ့ရမ်းပစ်လိုက်ပြီးဇော်မင်းနဲ့ ဟိန်းဇေ၏ လက်မောင်းတွေကို ရိုက် ချလိုက်သည်။
"အား!!!!!"
"အား!!!သေပါပြီ...အာ့..."
ငယ်သံပါအောင် အော်ဟစ်ညည်းတွားနေကြသောဇော်မင်းနှင့် ဟိန်းဇေသည် လက်တွေ ကျိုးပဲ့သွားလောက်အောင်အထိ နာကျင်သွားတာကြောင့် ကြမ်းပြင်အပေါ်သို့မှောက်လျှက်လဲကျသွားကြသည်။
"ဟေ့...အဲ့နှစ်ယောက်လုံးကို ပြန်ထူစမ်း....
...ရေခဲရေပုံးသွားယူပြီးလောင်းကွာ...."ဦးလူထိန်၏ ခိုင်းစေချက်ကြောင့်
အခန်းထဲမှဗလ တာင့်တောင့်နှင့် လူနှစ်ယောက်ဟာ အပြင်သို့ထွက်သွားပြီး သိပ်မကြာခင်မှာပဲ လက်ထဲမှာ ရေခဲရေတွေအပြည့်ထည့်ထားသောပုံးတွေပါလာလေသည်။"အား!!!!!!" "အား!!"
မျက်နှာနှင့်ခန္ဓာကိုယ်မှာ ထိုးကြိတ်ထားခံရ၍ နာကျင်မှုလွန်ကဲနေရသည့်အချိန် အေးစက်လွန်းသော ရေခဲရေတွေနှင့်ပါ အဖြန်းခံလိုက်ရတာကြောင့် ငယ်သံပါအောင်ထအော်ကြလေသည်။
VOCÊ ESTÁ LENDO
ဘီလူးနမ်းသော...အရိုင်းပန်း
Ficção Geral"မင်းငါ့ကို အဲ့လိုလာမကြည့်နဲ့....ငါ့မှာလည်း ငါသိက္ခာတရားဆိုတာရှိတယ်.... မင်းလိုချင်တာဘာလဲ ကိုယ့်ကိုပြော... ဥစ္စာလား ကိုယ့်မှာအပြည့်ရှိတယ်...ကိုယ်နဲ့လက်ထပ်ပြီးရင် မင်းဘာမှလုပ်စရာမလိုအောင်ကို ဘုရင်မတစ်ပါးလို ပြည့်စုံအောင် ထားပေးမှာ...ချစ်ခြင်းမေတ္တာလာ...