အခန်း(၂၃) Part23🌹Uni/Zawgyi

1.2K 53 5
                                    

ဘီလူးနမ်းသော အရိုင်းပန်း
အခန်း(၂၃)

နေ့လည်က ကိစ္စကြောင့် ဖြူလုံးဟာ အခန်းထဲမှာပဲ တံခါးပိတ်နေပြီး စာသာကျက်နေလေသည်။
သူ့ကိုလည်းထွက်မတွေ့တော့တာကြောင့် အလုပ်ကိုရောက်တဲ့ အထိ စိတ်ထဲမှာ နေမထိထိုင်မသာ ဖြစ်နေရသည်။

ဖြူလုံးအပေါ်ကို အတတ်နိုင်ဆုံးအလိုလိုက်ဖို့ စဉ်းစားမိပေမဲ့ ပညာရေးကိစ္စနဲ့ပတ်သတ်ရင်တော့ ကိုယ်ဆယ်တန်းတုန်းကတောင်ကျူရင်
မတတ်ရ ဘာမတတ်ရပဲ ကိုယ့်ဘာသာ စည်းကမ်းတင်းကျပ်ပြီး ကြိုးစားခဲ့သည်။
သူမကိုလည်း အရမ်းကြိုးစားတဲ့လူတစ်ယောက် ဖြစ်စေချင်သည်။
သူမနဲ့ ပတ်သတ်ပြီးသူအများကြီးတွေးထားပြီးသာပင်။
သူမကို နိုင်ငံခြားမှာ ပညာရေးတင်မကပဲ အခြေတကျနေနိုင်ဖို့အထိပေါ့။

"ဒေါက်...ဒေါက်..."

"ဝင်ခဲ့...."

အတွေးစတွေကို ခဏလောက်ဖြတ်လိုက်ပြီးနောက် ဦးလူထိန်ဝင်အလာကိုသာ ထိုင်စောင့်နေလိုက်သည်။

"ဆရာ...ဟိန်းထက်ကို မိပြီဆရာ..."

ဒေဝချက်ချင်းဆိုသလို ထရပ်မိပြီးသားဖြစ်သွားသည်။
သူ့မျက်ဝန်းတွေမှာ ဒေါသထွက်သည့်အရိပ်အယောင်တွေချက်ချင်းဆိုသလိုပေါ်ပေါက်လာသည်။
သူ့ကို သေလောက်သောဒဏ်ရာပေးခဲ့တဲ့ကောင်တွေ တစ်ယောက်မှမလွတ်စေရဘူး။

"ဒီကောင့်ဆီကို ကျုပ်ကိုယ်တိုင်သွားမယ်...."

"ဟုတ်ကဲ့..."

ရုံးခန်းထဲမှ ခြေလှမ်းကျဲကြီးတွေနှင့် ထွက်ခွာသွားသော ဒေဝ၏မျက်နှာတွင် ရက်စက်မှုများထင်ဟပ်နေလေသည်။
သူဟာ ချစ်ခင်ရသူတွေကိုသာ သိုးရည်ခြုံပြတတ်ပြီး သူ့အပေါ်ကောက်ကျစ်လာသည့်လူတွေကိုတော့ ဝံပုလွေတစ်ကောင်ကဲ့သို့ ပြန်၍မာန်ဖီပြတတ်သည့် လူမျိုးပင်။

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

"အား!!!!" "မလုပ်ပါနဲ့...အား..."

ဆောက်လုပ်ပြီးတာမကြာသေးသော ရေသန့်စက်ရုံကြီး၏ အတွင်းဘက်ကျသော ခပ်မှောင်မှောင် အခန်းတစ်ခုထဲတွင်
မီးချောင်းလေးတစ်ခုကိုသာထွန်းထားလေသည်။
ထိုအခန်းထဲတွင် ခန္ဓာကိုယ်ခပ်တောင့်တောင့်နှင့် လူငါးယောက်ဟာ ဟိန်းထက်ဆိုသည့် ငနဲကို ပတ်ချာလည်ဝိုင်းထားကြလေသည်။

ဘီလူးနမ်းသော...အရိုင်းပန်း         Where stories live. Discover now