အခန်း၃၆
🌸ဘီလူးနမ်းသော အရိုင်းပန်း🌸"အန်တီနှင်းတို့ လက်ဖက်သုပ်နေကြတာလား..."
"အေး...ဟုတ်တယ်သမီးလေး...တီဗွီကြည့်ရင်း စားကြမလို့လေ...သမီးလေးရော စာကျက်ရင်စားဖို့ယူအုံးမလား..."
ဖြူလုံးလည်း ခေါင်းလေးညိမ့်ပြလိုက်ပြီး မီးဖိုအခန်းထဲသို့ ၀င်လိုက်သည်။
ညခုနှစ်နာရီခွဲနေပြီ ဖြစ်တာကြောင့်
ဒီအချိန်ဟာ အိမ်အလုပ်သမားတွေရဲ့
နားချိန်ဖြစ်လေသည်။
နားချိန်တိုင်း အန်တီနှင်းမြတ်က
သရေစာမုန့်တွေ ဦးဆောင်ပြီး လုပ်ကျွေးတတ်သည်။
ကျန်အလုပ်သမား အမျိုးသမီးအုပ်စုကတော့ ဝိုင်းလုပ်ဝိုင်းစားပေါ့။"ဟဲ့...ဖြူလုံး...ညနေက ဆရာဒေ၀ရဲ့ ကောင်မလေးကို နင်မမြင်လိုက်ရဘူးမလား
...ဒေါက်တာမလေးဆိုတဲ့အတိုင်း ချောချက်တော်....""ဟဲ့...မမြင်ဖူးပဲနေမလား...ဆင်ပေါက်မရဲ့...
အဲ့ဒါဖြူလုံးရဲ့ အစ်မ၀မ်းကွဲလေ..."နှင်းမြတ်က မဆင်ပေါက်ကိုကျောကုန်းပိတ်တီးရင်း ပြောလိုက်လေသည်။
"ဟယ်...ဖြူလုံး...ညည်းကတကယ်ပဲ ဒေါက်တာမလေးနဲ့...အမျိုးတော်တာပေါ့နော်...."
အန်တီနှင်းမြတ်ကလွှဲပြီး အခန်းထဲမှ ရှိသမျှလူတွေက ဖြူလုံးကို တထူးတဆန်းကြီး ကြည့်ပြီး မေးလာကြသည်။ဖြူလုံးမှာတော့ သက်ပြင်းမောလေးကိုသာ တိတ်တဆိတ်ရှိုက်လိုက်မိပါတယ်။
လေးပင်စွာပဲ ခေါင်းငြိမ့်ပြလိုက်သည်။ညီအစ်မ၀မ်းကွဲဆိုသည့် စကားကတော့ မှန်ကန်ပါတယ်လေ။
မမှန်ကန်တာက မမငွေပန်းချီတို့ ညီအစ်မ
တွေက ဖြူလုံးကို ညီအစ်မအဖြစ် ဘယ်တုန်းကမှ သဘောမထားခဲ့လို့ပါပဲ။ဦးလေးအရင်းဖြစ်တဲ့ ဦးအဂ္ဂတောင်မှ
ကိုယ့်ညီတစ်ယောက်လုံး ဒုက္ခရောက်နေချိန်မှာ နေစရာနေရာတစ်ခု ပေးသနားမယ်မရှိခဲ့ဘူး။တော်တော် သွေးအေးတဲ့ ဦးလေးပါပဲ။
အနည်းဆုံးတော့ ညီလေးဘယ်လို အခြေအနေရှိသလဲ တစ်ချက်လာကြည့်ဖို့ကောင်းတာပေါ့။
ဒါက သူ့တို့အကြောင်းပါလေ ။
လူဆိုတာ ကိုယ်ဖြစ်ကိုယ်ခံပဲပေါ့။
ဘယ်သူ့ကိုမှ အားကိုးဖို့မတွေးတာ
အကောင်းဆုံးပါပဲ။
YOU ARE READING
ဘီလူးနမ်းသော...အရိုင်းပန်း
General Fiction"မင်းငါ့ကို အဲ့လိုလာမကြည့်နဲ့....ငါ့မှာလည်း ငါသိက္ခာတရားဆိုတာရှိတယ်.... မင်းလိုချင်တာဘာလဲ ကိုယ့်ကိုပြော... ဥစ္စာလား ကိုယ့်မှာအပြည့်ရှိတယ်...ကိုယ်နဲ့လက်ထပ်ပြီးရင် မင်းဘာမှလုပ်စရာမလိုအောင်ကို ဘုရင်မတစ်ပါးလို ပြည့်စုံအောင် ထားပေးမှာ...ချစ်ခြင်းမေတ္တာလာ...