အခန်း(၁၂)Part12🌹 Unicode/Zawgyi

1.8K 61 5
                                    

ဘီလူးနမ်းသောအရိုင်းပန်း
အခန်း(၁၂) Unicode

"ဆရာ...မိုးတိတ်သွားပါပြီ...ကားလည်းရေဆေးပြီးသွားပါပြီ...ဆရာNight House ကိုသွားချင်ရင် သွားလို့ရပါပြီ...."

ဒေ၀ နာရီကို တစ်ချက်ကြည့်လိုက်သည်။
ခြောက်နာရီတောင်ထိုးနေလေပြီ။‌ဆောက်လုပ်ရေး ဆိုက်တစ်ခုမှာရောက်နေရင်းနဲ့ မိုးတွေအရမ်းသည်းလာလို့ စံအိမ်ကိုပဲပြန်လာမိခဲ့တာ။
အရေးအကြီးဆုံး ကိစ္စရပ်တစ်ခုဖြစ်တာနေကြောင့် သူသွားကိုသွားရမည်။ သူ့ရဲ့ရန်သူတော် ဟောင်းကြီးတွေနဲ့ ပြန်တွေ့ရမည်မဟုတ်လား။

"ဆရာ့...ဆရာ့..."

"ဒေါ်နှင်းမြတ်...ဘာဖြစ်လာတာလဲ..."

အိမ်မှုကိစ္စ ကြီးကြပ်သူအဖြစ်ခန့်ထားသော ဒေါ်နှင်းမြတ်က ‌ဒေ၀ရဲ့အိပ်ခန်းတံခါးအ၀မှာရပ်ပြီး အရိုအသေပေးဟန်ပြုလေသည်။

"ဆရာ...အောက်ထပ်မှာ လူတစ်ယောက်ရောက်နေပါတယ်..ကိုလူထိန်ကိုတွေ့ချင်လို့ပါတဲ့..."

"ဘယ်သူလည်း ဒေါ်နှင်းမြတ်...."

"ဟို...အနောက်ဘက်တန်းလျားက လူပါ...
အရေးကြီးလို့ ခေါ်ပေးပါဆိုပြီး အတင်းပြောလို့ပါ...."

"ကောင်းပြီ...ကျွန်တော်ဆင်းလာခဲ့မယ်လို့ ပြန်ပြောလိုက်ပါ...."

ဒေါ်နှင်းမြတ် ပြန်ဆင်းသွားပြီးနောက် ဦးလူထိန်က ဒေ၀ ဘက်သို့တစ်ချက်ကြည့်လိုက်သည်။
‌အနောက်တန်းလျားကဆိုတည်းက ဦးဂန္တ၀င်သာဖြစ်နိုင်သောကြောင့်ပင်။

ဒေ၀၏ မျက်နှာဟာ တစ်ခုခုကိုမာန်ဖီချင်နေပုံပေါ်လာသည်။သူ့မျက်လုံးတွေဟာ မှေးကျင်းသည့်ပုံသဏ္ဍာန်သို့ပြောင်းသွားပြီး သေသပ်သော ခပ်ပါးပါးသူ့နှုတ်ခမ်းမှလည်း မဲ့ပြုံးတစ်ခုပေါ်လာ လေသည်။

"ဦးလူထိန်...သွားကြမယ်...ကျွန်တော့်ရဲ့ရန်သူက ဘယ်‌ လောက်တောင်စိတ်ဓာတ်ကျနေပြီလဲဆိုတာ...သေချာလေး ကြည့်ရမှာပေါ့...."

"ဆရာအပင်ပန်းမခံပါနဲ့...ဒီကိစ္စကို
ကျွန်တော်ပဲကိုင်တွယ်လိုက်ပါ့မယ်...."

ဦးလူထိန်က အပြုသဘောဆောင်ပြီး သာမန်ပြောလိုက်ပေမဲ့ ထိချက်ပြင်းထားတဲ့ ဒေ၀ကတော့ ‌ဦးလူထိန်ကိုပါ ဒေါသမျက်လုံးနဲ့ကြည့်လိုက်သည်။

ဘီလူးနမ်းသော...အရိုင်းပန်း         Donde viven las historias. Descúbrelo ahora