အခန်း(၁၀)Part 10🌹Unicode/Zawgyi

1.9K 38 0
                                    

အခန်း၁၀(Unicode )
🌸ဘီလူးနမ်းသော အရိုင်းပန်း🌸

ဒီနေ့က အောင်စာရင်းထွက်တဲ့နေ့ဆိုတော့ ဆယ်တန်းကျောင်းသား၊ကျောင်းသူများနဲ့မိဘများဟာ ကျောင်း၀န်းထဲမှာ အုတ်အော်သောင်းနင်းဖြစ်နေကြလေသည်။

သူကြွယ်တွေရဲ့ ကားတွေဆိုတာဟာလည်း ကျောင်း၀န်းထဲမှာရော ကျောင်းအပြင်ဘက်မှာရော ပွထနေတာပါပဲ။

ကျွန်တော်ကတော့ အောင်မယ်ဆိုတာသိပြီးသားမို့ အထူးတလည် ရင်ခုန်ပြီးထူပူမနေမိပါဘူး။

"မင်းအောင်လား..."

"အေး...အောင်တယ်.."

"အေးစု..နင်ဂုဏ်ထူးပါလား..."

"မပါပါဘူးဟာ..ရိုးရိုးပဲ..."

"အဖေ..သားဂုဏ်ထူးနှစ်ဘာသာတောင်ပါတယ်.."

"ဟား..ဟား...ဒါမှငါ့သားကွ...အရမ်းတော်တယ်..ကဲ..သားဘာလိုချင်လဲ..အကုန်ပေးမယ်ကွာ..."

"ကျွန်တော် ရန်ကုန်မှာတက္ကသိုလ်သွားတက်ဖို့ ကားအကောင်းစားကြီး ၀ယ်ပေးရမယ်နော်.."

"ဖြစ်စေရမယ်ကွာ..."

"ဟေး...ဒါမှတို့အဖေကွ..."

ဒီလိုမျိုး သားသမီးစာမေးပွဲအောင်တဲ့အတွက် အကြီးကြီးဂုဏ်ပြုနေကြတဲ့မိဘများလည်းရှိကြသလို စာမေးပွဲကျ ရှုံးလို့ကျိန်ဆဲ ဆူပူနေတဲ့မိဘတွေလည်း ဒုနဲ့ဒေးပါပဲ။

ကျိန် ချင်လည်း ကျိ န်စရာပဲကို ချမ်းသာတဲ့လူတွေက သူတို့သားသမီးဆယ်တန်းအောင်ဖို့အရေး ကျူရှင်ထားရတာနဲ့၊အိမ်မှာဂိုက်ဆရာခေါ်သင်ပေးရတာနဲ့ နောက်ဆုံးကိုယ့်ကလေးနဲ့အတူ စာတောင်ထိုင်ကျက်ပေးကြပါသေးတယ်။

ဆယ်တန်းကျောင်းသားတော်တော်များများက ညဉ့်နက်တဲ့အထိအိပ်ရပြီး မနက်ကျပြန်တော့လည်း လေး၊ငါးနာရီလောက်တည်းကထကြရတယ်။

ဒီလိုနဲ့တစ်နှစ်ပတ်လုံးကို ကျောင်းသားတွေတင်ပင်ပန်းကြတာ မဟုတ်ပါဘူး။
မိဘတွေကလည်း စာကျက်စောင့်ရတာနဲ့ အိမ်မှုကိစ္စ၊စီးပွားရေးကိုစီမံရတာနဲ့ လုံးလည်ချာလည်လိုက်နေရတော့ ကလေးက စာမေးပွဲကျတယ်ဆိုရင် ဆူပြီပေါ့။

"နင်...အသုံးကိုမကျဘူး..သူများတွေမှာ အောင်လိုက်ကြတာ..ဂုဏ်ထူးတွေတောင်ပါတယ်....
နင်ကတော့ ဒီလောက်လိုလေသေးမရှိဂရုစိုက်ပေးတာတောင် ကျဖြစ်အောင်ကျသေးတယ်
နင်ဘာလုပ်စားမဲ့အကောင်လဲ..ပြော...
တောင်းစားမှာလား...ငါခွက်၀ယ်ပေးရမလား.."

ဘီလူးနမ်းသော...အရိုင်းပန်း         Where stories live. Discover now