အခန်း၃၁
🌸ဘီလူးနမ်းသော အရိုင်းပန်း🌸မနက်ခင်းမှာ နေမင်းကြီးဆီမှပတ်ဖြန်းလိုက်သောရောင်ခြည်နုနုလေးသည် သုန္နကတောင်တန်းကြီးအပေါ်သို့ ဖြာထွက်ကျဆင်းနေလေသည်။
တစ်ညလုံးသည်းထားသော နှင်းမိုးကြောင့် ပတ်၀န်းကျင်တစ်ခုလုံးကတော့ ဖြူစွတ်နေ
သဏ္ဍန် ဖြစ်နေလေသည်။သစ်ရွက်တွေအပေါ်မှာ ခိုနားနေကြသော နှင်းမှုန်လေးတွေဟာလည်း နေရောင်လေးနဲ့ ထိတွေ့မိတဲ့အခါ အရည်ပျော်သွားသည်များလည်း ရှိနေလေသည်။သွားလာ လှုပ်ရှားနေသူအားလုံးဟာ အနွေးထည်နှင့် ဘောင်းဘီအရှည်တွေကို ၀တ်ထားတာတောင် စောင်ကြီးတွေကို အပေါ်မှထပ်၍ပတ်ထားကြသေးသည်။
နှင်းခဲအချို့က အရည်ပျော်စပြုနေကြသည်မို့ လမ်းချော်မကျစေရန် ရော်ဘာဘွတ်ဖိနပ်
အရှည်တွေကို ၀တ်ဆင်ထားကြလေသည်။မြတ်ချယ်တစ်ယောက်ကတော့ အိပ်နေရင်းမှ ယောင်ပြီး ခြေရင်းကိုကန်ချထားသည့် ဂွမ်း စောင်ကို လှမ်းဆွဲကာ ပြန်အိပ်ရန်ပြင်လေသည်။
ဖျင်တဲဆိုသည့်အတိုင်း အအေးဒဏ်ကို သိပ်မခံနိုင်ပေ။ဒါ့အပြင် တဲအမိုးမှာလည်း နှင်းတွေ အုံခဲနေသည်မို့ ပို၍ အချမ်းပိုနေလေသည်။
အိပ်ချင်မူးထူးနှင့် ခန္ဓာကိုယ်ကို တစ်ပတ်လှိမ့်လိုက်ကာ ဖြူလုံးရှိသောနေရာကို လက်နဲ့လှမ်းဖက်လိုက်မိသည်။လူနှစ်ယောက် ကပ်အိပ်နေရင် ပိုနွေးရမှာ မဟုတ်ဘူးလား။အခု ဘယ်လိုမှမနေသလိုပဲ။
အိပ်ယာအခင်းကို ဟိုစမ်း၊ဒီစမ်းလုပ်မိရင်းနှင့် မျက်လုံးတွေကို အသာဖွင့်ကြည့်လိုက်မိသည်။"ဟင်...ဖြူလုံး...ဘယ်အချိန်ကထသွားတာလဲ....ငါ့ကိုတောင် နှိုးမသွားဘူး..."
ဖိအိပ်ထား၍ ငှက်သိုက်လိုဖြစ်နေသည့် ဆံပင်တွေကို အသာသပ်ချလိုက်ပြီး ခဏလောက်ပြန်မှေးဖို့ရန် စောင်ကိုပြန်ခြုံလိုက်သည်။
"မြတ်ချယ်နဲ့ ဖြူလုံး...အိပ်ပုပ်မတွေရေ..ဟဲ့..."
တဲအပြင်ဘက်ကနေ တပူပူလာလုပ်နေသည့်
နှောင်ဇွဲကြောင့် မှေးနေသည့် မျက်လုံးတွေက ပြန်ပြူးကျယ်သွားလေသည်။
YOU ARE READING
ဘီလူးနမ်းသော...အရိုင်းပန်း
General Fiction"မင်းငါ့ကို အဲ့လိုလာမကြည့်နဲ့....ငါ့မှာလည်း ငါသိက္ခာတရားဆိုတာရှိတယ်.... မင်းလိုချင်တာဘာလဲ ကိုယ့်ကိုပြော... ဥစ္စာလား ကိုယ့်မှာအပြည့်ရှိတယ်...ကိုယ်နဲ့လက်ထပ်ပြီးရင် မင်းဘာမှလုပ်စရာမလိုအောင်ကို ဘုရင်မတစ်ပါးလို ပြည့်စုံအောင် ထားပေးမှာ...ချစ်ခြင်းမေတ္တာလာ...