🌸ဘီးလူးနမ်းသောအရိုင်းပန်း🌸
🍁အခန်း၂🍁ညနေခင်း၏လေညှင်းသည် ရွက်ဝါတွေကိုတိုးတိုက်ပြီး ဖြတ်သန်းသွားသည်။မိုးသားတိမ်လိပ်တို့သည် ပုစွန်ဆီရောင်သို့ပြောင်းလဲနေသည်။တိမ်စိုင်တို့၏ပုံသဏ္ဍန်သည် သုန္နကတောင်ခြေက ပက်ကြားအက်နေသော လယ်ယာမြေတွေကဲ့သို့ ဖြစ်နေပြီး ထိုပက်ကြားအက်များအကြားမီးများတောက်လောင်နေသည့် အသွင်မျိုးဆောင်နေသည်။သုန္နကမြို့ကြီးကို အပေါ်စီးမှကြည့်မည်ဆိုပါက ပုစွန်ဆီရောင်သန်းနေသော ပန်းစည်းကလေးနှင့်ပင်တူနေသည်။
ထိုစဉ်သစ်ရွက်ဝါတွေ ကြွေကျနေသော မြေသားလမ်းမကြီးပေါ်သို့ ဖြတ်နင်းသွားကြသည်ကခပ်ညစ်ညစ်ခြေညှပ်ဖိနပ်လေးများ၊ ဆီသုတ်ထားသလို ပြောင်ရွှဲနေသော တန်ဖိုးကြီးရှူးဖိနပ်များ စသဖြင့် စုံလင်လှစွာသောလူတန်းစားမျိုးစုံဟာ တစ်နေရာတည်းဆီသို့ဦးတည်သွားနေကြသည်။ထိုနေရာကတော့ သုန္နမြို့၏ တစ်ခုတည်းသော ဘုန်းကြီးကျောင်း၀န်းထဲမှ ဓမ္မာရုံကြီးဆီသို့ပင်။
"ကဲ..ကဲ...အားလုံးတိတ်တိတ်လေး နေပေးကြပါ.."
ပြောလိုက်တဲ့သူမှာ မြို့မျက်နှာဖုံးဦးအဂ္ဂရဲ့ လူယုံ
ဦးထွန်းရှိန်ဖြစ်သည်။နှာတံပြားပြား နှုတ်ခမ်းမွှေးကားကားနဲ့ အတော်ဂွကျသည့်သူဟု လူအများက
လက်ခံထားကြလေသည်။
လူလတ်တန်းစားအလွှာက ဖြစ်ပြီး ဦးအဂ္ဂထက်ပင် နေရာတကာ၀င်ပါတတ်သေးသည်။
တိတိကျကျပြောရလျှင်တော့ အထက်ဖား၊အောက်ဖိဆိုသည့်လူမျိုး။လူချမ်းသာတွေကိုဆို နွားပွဲစားကဲ့သို့ သွားတဖြဲဖြဲနဲ့ဖားနေတတ်ပြီး ဆင်းရဲသားတွေကိုဆို အင်မတန်ဖိနှိပ်တတ်သည့်လူ။"သုန္နကမြို့ကို ပြာကျစေဖို့
အာဃလူသား ပြန်လာပြီဟေ့
လူမဟုတ် နတ်မဟုတ်
ဘီလူးတစ်ကောင် ပြန်လာမည်...အဲ့ဒီစာသားတွေကို ဘယ်သူလာရေးသွားတာလည်း..ဟမ်!!!"အသံဩဇာအပြည့်နဲ့ လူတစ်ယောက်ကထအော်လိုက်သည်။မိုးကြိုးပစ်သံလို ဟိန်းထွက်လွန်းတာကြောင့် ဓမ္မာရုံကြီးတောင် တုန်လှုပ်လောက်သည်။
လူအားလုံးလည်း စကားတွတ်ထိုးနေရာမှ ရုတ်ချည်းတိတ်သွားကြသည်။အပ်ကြသံပင်ကြားနိုင်သည့် တိတ်ဆိတ်မှုမျိုးအသွင်သို့ ပြောင်းလဲသွားတော့သည်။
YOU ARE READING
ဘီလူးနမ်းသော...အရိုင်းပန်း
General Fiction"မင်းငါ့ကို အဲ့လိုလာမကြည့်နဲ့....ငါ့မှာလည်း ငါသိက္ခာတရားဆိုတာရှိတယ်.... မင်းလိုချင်တာဘာလဲ ကိုယ့်ကိုပြော... ဥစ္စာလား ကိုယ့်မှာအပြည့်ရှိတယ်...ကိုယ်နဲ့လက်ထပ်ပြီးရင် မင်းဘာမှလုပ်စရာမလိုအောင်ကို ဘုရင်မတစ်ပါးလို ပြည့်စုံအောင် ထားပေးမှာ...ချစ်ခြင်းမေတ္တာလာ...