အခန်း၃၇
ဘီဘူးနမ်းသော အရိုင်းပန်းဖြူလုံး ဒီအခန်းထဲမှာပဲ ပိတ်ခံနေရတာ နှစ်ရက်တောင် ပြည့်သွားခဲ့ပြီ။
စားလည်း ဒီအခန်းထဲမှာပဲ စာကျက်တော့လည်း ဒီအခန်းထဲမှာပဲ သူငယ်ချင်းတွေနဲ့လည်းတွေ့ခွင့်မရသလို အခန်းထဲကို ထမင်းလာလာပို့ပေးကြတဲ့ လူတွေကလည်း ချိုင့်လေးသာ ခုံပေါ်တင်ပေးသွားခဲ့ကြတယ်။ဘာစကားမှလည်း ပြောမသွားကြဘူး။အထီးကျန်မှုတွေ တိုးလာတိုင်း စာကိုပဲဖိကျက်နေမိတယ်။တစ်ခါတစ်လေတော့လည်း စကားပြောဖော်လေးတော့ ရချင်မိပါရဲ့။
လသာဆောင်မှာထွက်ပြီး သင်္ချာတွက်နေတာကြောင့် ငှက်သံကိုကြားလိုက်ရလို့ လှမ်းကြည့်လိုက်မိတော့ လသာဆောင်နဲ့ အနီးလေးက အုန်းပင်ကြီးအပေါ်မှ ငှက်သိုက်ကလေးတစ်ခုကို သွားတွေ့မိလေသည်။
ငှက်သိုက်ထဲကနေ ငှက်ကလေးတစ်ကောင်က ကောင်းကင်ပေါ်ကို ပြန်တက်သွားတော့ ဖြူလုံးပြုံးလိုက်မိသည်။
သူတို့များ လွတ်လပ်နေလိုက်ကြတာ။အတောင်ပံလေးတွေကို ဖြန့်ချပြီး လိုရာခရီးကိုလွတ်လွတ် လပ်လပ်သွားနိုင်ကြတယ်။
ငါ့မှာတော့ လှောင်အိမ်ထဲက အတောင်ချိုးခံထားရတဲ့ ငှက်တစ်ကောင်လိုဖြစ်နေရတယ်။ ဘယ်မှလည်း မသွားရ၊ဘယ်သူ့ကိုမှလည်း တွေ့ခွင့်မရနဲ့ တကယ်ကို လူဖြစ်ရှုံးနေရသလိုပါပဲ။"ဖြူလုံးလေး....ဒီမှာထမင်းချိုင့်နော်...."
သူမရဲ့ခေါ်သံကြောင့် လသာဆောင်မှာ မတ်တပ်ရပ်ရင်း လှည့်ကြည့်လာသော ကလေးမလေးရဲ့မျက်နှာကို ကြည့်မိတော့ ဒေါ်နှင်းမြတ်စိတ်မကောင်းဖြစ်ရလေသည်။ ထမင်းချိုင့်လာပို့တိုင်းလည်း တစ်လုတ်နှစ်လုတ်လောက်သာစားပြီး ချိုင့်ကိုပြန်ပြန်ပိတ်ထားတတ်တယ်။
အခန်းထဲမှာ ပိတ်ခံထားရတာ နှစ်ရက်နဲ့ တစ်ညနေပဲရှိသေးတာတောင် မျက်နှာလေးကတော်တော်ကို ချောင်ကျသွားတယ်။ ကလေးကိုကြည့်ပြီး ကိုယ်ပါစိတ်ဆင်းရဲလာမိတာကြောင့် ချိုင့်ကိုခုံပေါ်မှာပဲ
အမြန်တင်ပြီး အခန်းထဲမှ ထွက်သွားဖို့သာ ဆုံးဖြတ်လိုက်သည်။
YOU ARE READING
ဘီလူးနမ်းသော...အရိုင်းပန်း
General Fiction"မင်းငါ့ကို အဲ့လိုလာမကြည့်နဲ့....ငါ့မှာလည်း ငါသိက္ခာတရားဆိုတာရှိတယ်.... မင်းလိုချင်တာဘာလဲ ကိုယ့်ကိုပြော... ဥစ္စာလား ကိုယ့်မှာအပြည့်ရှိတယ်...ကိုယ်နဲ့လက်ထပ်ပြီးရင် မင်းဘာမှလုပ်စရာမလိုအောင်ကို ဘုရင်မတစ်ပါးလို ပြည့်စုံအောင် ထားပေးမှာ...ချစ်ခြင်းမေတ္တာလာ...