အခန်း(၃၈) Part38🌹Uni\Zawgyi

1.3K 43 1
                                    

အခန်း၃၈
ဘီလူးနမ်းသော အရိုင်းပန်း

အဂ္ဂမဟာ စံအိမ်ကြီးဟာ အသက်မဲ့နေသော
လူတစ်ယောက်ကဲ့သို့ ဖြစ်နေလေသည်။
ခြံကြီးတစ်ခုလုံးဟာ ကျေးငှက်တို့ရဲ့အသံများသာ ကြားနိုင်လောက်အောင် တိတ်ဆိတ်လွန်းလှသည်။ယခင်က အလုပ်သမားများ၏ ဂရုစိုက်မှုကို
ခံခဲ့ရသော ပန်းပင်များသည် ယခုတော့ နွမ်း‌ခြောက်၍ညှိုးလျှော်ခြင်းအတိဖြစ်နေ‌လေပြီ။

ယခင်က ပြောင်လက်နေအောင် ကြွေပြားခင်ထားသည့် နေရာတိုင်းဟာလည်း ဖုန်အလိမ်းလိမ်းဖြစ်နေ
လေသည်။
စင်စစ်ပင် ဤစံအိမ်ကြီးသည်
ကြီးမားသော်ငြှားလည်း မင်္ဂလာတရားကင်းမဲ့၍ အသက်မဲ့နေသည်မှာ မလွဲပေ။

"အစ်မ...နင်အဲ့ဒီ့မှာ ဘာထိုင်လုပ်နေတာလဲ...."

ပြူတင်းပေါက်အနားမှာ ထိုင်ရင်းနဲ့
ခြံထဲသို့ငေးကြည့်နေမိရာမှ ငွေပန်းချီဟာ
ညီမဖြစ်သူရွှေ့ထံသို့ ပြန်လှည့်ကြည့်လိုက်မိလေသည်။
အဖေတစ်ယောက်လုံး အကျဉ်းကျနေပြီး
လူသတ်မှုနဲ့ရော တရားမ၀င်သစ်ခိုးမှုနဲ့ပါ
တရားရင်ဆိုင်နေရတာကို သိလျှက်နဲ့
အရောင်ပြိုးပြိုးပြက်ပြက်နဲ့ အလှတွေပြင်ထားသည့် ညီမဖြစ်သူကို အင်မတန် စိတ်တိုမိသည်။

"ရွှေ...ဒါကဘယ်သွားမလို့လဲ...နင့်ပုံစံကိုလည်း
ပြန်ကြည့်လိုက်ပါအုံးဟယ် ငါတကယ်စိတ်ပျက်တယ်..."

"ဟဲ့....ငါ့ပုံစံကဘာဖြစ်နေလို့လဲ...ကလပ်ကိုခဏသွားမလို့ဥစ္စာ..."

"ရွှေရယ်...ဒီအချိန်က ကလပ်ကိုသွားသင့်တဲ့အချိန်လားဟာ..အဖေတစ်ယောက်လုံး ဒုက္ခရောက်နေတာကို နင်ကပျော်ပါးနေတယ်ဆိုတော့
ပတ်၀န်းကျင်က ဘယ်လိုမြင်ကြမလဲ....."

"အစ်မရယ်....ကြံဖန်တွေးပူနေပြန်ပါပြီ....
ပတ်၀န်းကျင်က ငါတို့ကိုဘယ်တုန်းက
အကောင်းမြင်ဖူးလို့လဲ...အခုကိစ္စကလည်း
အဖေက...သူလုပ်ခဲ့လို့ သူပြန်ခံရတာပဲ
မဟုတ်ဘူးလား....နင်လည်း
ဟန်ဆောင်မနေနဲ့တော့ ပင်ပန်းတယ်.....
ဒါနဲ့နင်ရော ဆေးရုံမသွားဘူးလား...."

"ဘယ်လိုမျက်နှာမျိုးနဲ့ ငါကဆေးရုံကိုသွားရမှာလဲဟယ်...အဖေ့ကိစ္စက ဒီလောက်ရပ်ကျော်၊ရွာကျော်ဖြစ်သွားတဲ့ဥစ္စာ ဆေးရုံကိုရောက်တာနဲ့
အကုန်လုံးက အထင်သေးတဲ့အကြည့်တွေနဲ့
ဝိုင်းကြည့်ကြတာ ငါမခံနိုင်ဘူး....
ဘယ်လိုမျက်နှာမျိုးနဲ့ လူလုပ်ရတော့မလဲ
မသိတော့ဘူး....ကျောင်းထိုင်ဆရာတော်တောင်
....သူ့သားရဲ့သတင်းကိုကြားတော့ မူးလဲလို့
ဟိုတစ်နေ့ကပဲ....ငါသွားကြည့်ပေးရသေးတယ်
.....အခြေအနေကတော့ တော်တောစိုးရိမ်ရတယ်..."

ဘီလူးနမ်းသော...အရိုင်းပန်း         Where stories live. Discover now