အခန်း(၆)Part 6🌹 Unicode/Zawgyi

1.9K 36 0
                                    

🌸ဘီးလူးနမ်းသောအရိုင်းပန်း🌸
🍁အခန်း၆🍁

🎵ပြာရီမှိုင်းကာမို့မို့ ညို့ညို့ ညိုလွင်🎵

🎵ညှင်းလေပြေ သွေးလို့သာ ဖေးမကူချင်🎵

🎵တိမ်လွှာလေးတွေ ပြေးကာ တရွေ့ရွေ့ယူငင်

🎵ပြုံးလှောင်ကာ ငြိုးပြည့်မှုံ မိုးပဇ္စုန်ရှင်🎵

🎵သဲသဲမဲမဲ ရွာလိုက်မယ်ပဲ ဟန်တွေဆင်🎵

🎵အဖော်နဲ့ဝေးတဲ့သူမှာ အဆွေးသာပိုချင်🎵

နွားကျောင်းသားလေးဖိုးထူးရဲ့ သီချင်းဆိုသံက ဖတ်နေတဲ့ စာအုပ်ဆီကနေတောင် အာရုံလွတ်သွားလောက်အောင်အထိ ကျွန်တော့်ကိုညှို့ငင်ယူနေလေသည်။
ကျောင်းပိတ်ရက်ဖြစ်တာကြောင့် နွားကျောင်းထွက်နေကျ ဖိုးထူးနဲ့ ကျွန်တော်အဖော်လိုက်လာခဲ့ခြင်းပင်။ ကျွန်တော်ဟာ ကုက္ကိုလ်ပင်ကြီးကို ကျောမှီရင်း စာဖတ်နေပေမဲ့ သုန္နကတောင်ခြေက စားကျက်မြေပေါ်မှာ ကျူတံတစ်ချောင်းနဲ့ နွားများကို ကျောင်းနေတဲ့ ဖိုးထူးဆီသို့သာ အာရုံရောက်နေမိတယ်။

မိုးများရွာသွန်းထားတာကြောင့် ‌မြေပြင်လွှာကြီးမှာ ဖုန်ထခြင်းမရှိပဲ အညိုရောင်လေးသန်းနေသယောင်ဖြစ်နေသည်။ယခင်ကမူ မိုးစက်တို့ကို ငတ်မွတ်နေတဲ့ပက်ကြားအက်နေသော လယ်ယာမြေများမှ မြေဆီလွှာလေးတွေကလည်း နူးညံ့စပြုလာသည်။
ကျွန်တော်လှမ်းမြင်နေရတဲ့ သုန္နကတောင်ခြေမှ နွားတို့မှီတင်းနေကြသော စားကျက်မြေလေးပေါ်မှာလည်း မြက်နုနုကလေးတွေဟာ ဘယ်အချိန်ကတည်းကထွက်ပြူဖို့ ဟန်ရေးပြင်နေကြသလဲ မခန့်မှန်းတတ်အောင်ကို နေ့ချင်း၊ညချင်းရွက်နုစိမ်းစိမ်းလေးတွေ ထွက်လာလိုက်တာများ နှစ်သက်ချင်စရာအလွန်ကောင်းလှပါတယ်။

"ဟေ့..ကဝိ....."

ကျွန်တော်ကြည့်နေမှန်း ရိပ်မိသွားတဲ့ဖိုးထူးက ကျူတံကိုလေထဲမှာလွှဲကာ ကျွန်တော့်ကို
လက်ပြနှုတ်ဆက်လာတယ်။
ဖိုးထူးဆိုတာ ကျွန်တော်နဲ့သက်တူ၊ရွယ်တူ ငယ်ပေါင်းကြီးဖော်တွေပေါ့။သူဟာ သိပ်သနားဖို့ကောင်းတယ်။ကျောင်းလည်း တက်ခွင့်မရတဲ့အပြင် ၊လူ‌ကောင်ထွားကျိုင်းလွန်းတဲ့ဖိုးထူးဟာအသက် ဆယ့်သုံးနှစ်တည်းက အလုပ်ကြမ်းတွေချည်းဖိလုပ်ခဲ့ရတဲ့ကောင်လေးပါ။

ဘီလူးနမ်းသော...အရိုင်းပန်း         Tempat cerita menjadi hidup. Temukan sekarang