အခန်း(၂၂)
ဒီနေ့ ရာသီဥတုသာယာနေတယ်။မိုးစက်၊မိုးပေါက်တို့ကလည်း ၀င်နှောက်ယှက်ခြင်း
မရှိသလို ကောင်းကင်ကြီးကလည်း
နေ၀င်ချိန်လေးကို ခေါ်ဆောင်လာသော ပုစွန်ဆီရောင်လေး သန်းနေလေသည်။ဟိုအရင် ဆယ့်နှနှစ်တာ ကာလတုန်းကဆိုရင် ဒီလိုအချိန်လေးမှာ အဖေပြန်လာနေကြပင်။
အဖေပြန်လာရင် စာကျက်နေတာကိုခဏရပ်လိုက်ပြီး အဖေ့လက်ထဲမှ ထမင်းချိုင့်လေးကို ပြေးယူ၊ချိုင့်ကို ရေဆေးပေးပြီး
တတ်သလောက် ၊မှတ်သလောက်လေးနဲ့ ချက်ထားသော ဟင်းလေးတွေကို
အဖေအသင့်စားလို့ရအောင် စာပွဲပေါ်မှာ တင်ပေးထားပြီး အုပ်ဆောင်းလေး အုပ်ထားခဲ့လိုက်သည်။ထမင်းစားချိန်ရောက်ပြီဆိုတာနဲ့
"ဟာ...ငါ့သားလက်ရာက တယ်ကောင်းကွာ...
စားလို့မြိန်လိုက်တာကွာ..."စသဖြင့်
အဖေ့ချီးကျူးစကားကို ကြားရပြီဆိုရင်
ပြုံးပျော်ပြီး ကိုယ်ပါစာကျက်လို့ကောင်းနေလေသည်။တကယ်တော့ သားအဖနှစ်ယောက်စားဖြစ်တဲ့ နေ့စဉ်ဟင်းလျှာက အလကားရတဲ့
မန်ကျည်းရွက်ကို ခူးပြီး သုပ်လိုက်၊ဟင်းချိုချက်လိုက် စသဖြင့်လည်နေတာပါလေ။ပဲကုလားဟင်းလေးတော့ တသ်ခါတစ်လေချက်ဖြစ်ပါတယ်။
ဒါကိုပဲ အဖေကနေ့တိုင်းချီးမွှမ်းဖြစ်အောင် ချီးမွှမ်းသည်။ဆယ်တန်းအရွယ် ထိုအချိန်လေးတွေမှာ ဆင်းရဲနွမ်းပါးခဲ့ရပေမဲ့ အရမ်းပျော်ခဲ့ရပါတယ်။
စိတ်အချမ်းသာဆုံး ဖြစ်ခဲ့တဲ့ဆိုရင် ပိုမှန်ပါလိမ့်မယ်။ဒါပေမဲ့ အဖေရယ် ကျွန်တော်နေ့စဉ်အစားစားချိန်တိုင်း စားပွဲပေါ်မှာ ဟင်းအမျိုးပေါင်းစုံလင်နေတဲ့ အချိန်ကိုရောက်လာတော့
အဖေကလက်စုံမစားပေးနိုင်တော့
ဘူးတဲ့လား။
ဒီ၀က်သားဟင်းလေးက ဘယ်လိုအရသာ၊
ဒီကြက်သားဟင်းလေးက ဘယ်လိုအရသာ
စသဖြင့် တစ်ဇွန်းချင်းဆီ အဖေ့ပန်းကန်ထဲကို ခပ်ထည့်ပေးချင်ပေမဲ့ ဟင်းလေးတွေကို အရသာခံမြည်းပေးမဲ့ အဖေကမရှိတော့ဘူး။ကျွန်တော် ဘာလုပ်ရမလဲအဖေ။
အခု ကျွန်တော့်ဘ၀မှာ လိုချင်တာမှန်သမျှ အကုန်လုံးရနေနိုင်ပေမဲ့ ကျွန်တော်ပျော်မနေဘူး။
ကျွန်တော့်ဘ၀ကြီးက လစ်ဟာနေသလိုပဲ ။
STAI LEGGENDO
ဘီလူးနမ်းသော...အရိုင်းပန်း
Narrativa generale"မင်းငါ့ကို အဲ့လိုလာမကြည့်နဲ့....ငါ့မှာလည်း ငါသိက္ခာတရားဆိုတာရှိတယ်.... မင်းလိုချင်တာဘာလဲ ကိုယ့်ကိုပြော... ဥစ္စာလား ကိုယ့်မှာအပြည့်ရှိတယ်...ကိုယ်နဲ့လက်ထပ်ပြီးရင် မင်းဘာမှလုပ်စရာမလိုအောင်ကို ဘုရင်မတစ်ပါးလို ပြည့်စုံအောင် ထားပေးမှာ...ချစ်ခြင်းမေတ္တာလာ...