ဘီလူးနမ်းသောအရိုင်းပန်
အခန်း(၁၅)"အဖေ့!!!!!"
ညဆယ်နာရီလောက်မှာ ဒေ၀ ချွေးသီးချွေးပေါက်တွေကျပြီး အိပ်ယာမှလန့်နိုးသွားသည်။
အိပ်မက်ထဲမှာ အဖေကသူ့ဆီကနေပြေးထွက်သွားတာကြောင့် သူ့ယောင်ပြီး လှမ်းခေါ်လိုက်မိခြင်းပင်။"အား...ခေါင်းကိုက်လိုက်တာ..."
ခေါင်းတွေအရမ်းကိုက်လာသည်မို့ နားထင်ကျောတွေကို လက်နဲ့အုပ်ကိုင်လိုက်ပြီး ဘေးသို့ဝေ့ဝဲကြည့်မိတော့ ကုတင်ဘေးမှာ ခွေးခြေခုံအပုလေးတစ်ခုရှိနေပြီး လိမ္မော်ရည်ထည့်ထားသော ဖန်ခွက်ကိုခုံပေါ်မှာတင်ထားလေသည်။
"အိပ်နေတုန်းက ထားသွားတာထင်တယ်..."
လိမ္မော်ရည်ခွက်ကို သောက်ဖို့လှမ်းယူမိတော့ ဖန်ခွက်အောက်မှ စာရွက်ခေါက်လေးတစ်ခုကိုပါတွေ့လိုက်ရသည်။သူ့ဖတ်ကြည့်လိုက်မိတော့ လက်ရေးလေးတွေက ဝိုင်းစက်ပြီး သေသပ်လွန်းသည်။
[သမီးလိမ္မော်ဖျော်ရည်ခွက်လာပို့တော့ ဦးအိပ်မက်ဆိုးတွေမက်ပြီး ယောင်နေတာကိုတွေ့တယ်...
သမီးတို့ဆယ်တန်းအင်္ဂလိပ်စာထဲမှာဆိုရင်...
အိပ်မက်ဆိုးမက်ပြီး လန့်နိုးရင် စာရွက်ပေါ်မှာ
ကိုယ်ဖြစ်ချင်တဲ့ပျော်ရွှင်စရာအိပ်မက်ပုံစံလေးကို ရေးလိုက်ပါတဲ့...
အိပ်မက်ဆိုးတွေနေရာမှာ အိပ်မက်လှလှလေးတွေ ပြောင်းသွားနိုင်တယ်တဲ့...ဦးကိုလည်းစမ်းကြည့်စေချင်တယ်...
အားနာပေမဲ့...နောက်တစ်ခုလည်း အကြံပေးချင်တယ်...အိပ်ရင် အိင်္ကျီလေးတော့၀တ်အိပ်ပါနော်...လူမြင်လို့မကောင်းဘူး.. နောက်ပြီးအအေးပတ်ပြီး ဖျားနေမှာဆိုးလို့....ခန္ဓာကိုယ်မှာလည်း အမာရွတ်တွေချည်းပဲ ဆေးလေးဘာလေးလိမ်းဦး...]စာကိုဖတ်၍အပြီးမှာတော့ ဒေ၀တစ်ချက်ပြုံးလိုက်မိသည်။သူ့မျက်လုံးတွေကပါ လခြမ်းလိုကွေးတတ်သွားလေသည်။
"ဘယ်လိုကောင်မလေးပါလိမ့်..ငါကသူ့ကိုမျက်မုန်းကျိုးနေတာကို သူကငါ့ကိုစိတ်လာပူပေးနေတာလား...."
အအေးသောက်ထားပေမဲ့ ဗိုက်နည်းနည်းဆာလာတာကြောင့် အောက်ထပ်သို့ဆင်းပြီး မီးဖိုချောင်ဆီသို့ ဦးတည်ပြီးသွားနေမိသည်။
ဒီအချိန်အလုပ်သမားတွေလည်း အိပ်နေမည်ဆိုတာ သိသောကြောင့် မနှိုးတော့ဖို့ စိတ်ကူးလိုက်သည်။
YOU ARE READING
ဘီလူးနမ်းသော...အရိုင်းပန်း
General Fiction"မင်းငါ့ကို အဲ့လိုလာမကြည့်နဲ့....ငါ့မှာလည်း ငါသိက္ခာတရားဆိုတာရှိတယ်.... မင်းလိုချင်တာဘာလဲ ကိုယ့်ကိုပြော... ဥစ္စာလား ကိုယ့်မှာအပြည့်ရှိတယ်...ကိုယ်နဲ့လက်ထပ်ပြီးရင် မင်းဘာမှလုပ်စရာမလိုအောင်ကို ဘုရင်မတစ်ပါးလို ပြည့်စုံအောင် ထားပေးမှာ...ချစ်ခြင်းမေတ္တာလာ...