အခန်း(၃၄)/Part34🌹Uni/Zawgyi

1.1K 53 7
                                    

အခန်း၃၄
          🌸ဘီလူးနမ်းသော အရိုင်းပန်း🌸

"အား!!!!"

ခေါင်းအနောက်ဘက်က တဆစ်ဆစ်နာကျင်လာမှုကြောင့် သူညည်းတွားလိုက်မိသည်။
အမြင်အာရုံတွေက ဝေဝါးနေပြီး ပတ်၀န်းကျင်ကို ကောင်းကောင်းမြင်မနေရဘူး။

တဆစ်ဆစ်နာကျင်လာသည့် ဦးခေါင်းနေရာကို စမ်းကြည့်ဖို့ လက်ကိုမြှောက်လိုက်ပေမဲ့ သူ့လက်တွေက နောက်ပြန်ကြိုးတုပ်ထားခံနေရတယ်။
သူ့ခြေထောက်တွေရောပဲ တင်းကြပ်နေသည်အထိ ကြိုးနဲ့တုပ်ခြင်းခံထားရတာ။

"အား!!!!"

သူထပ်၍  ညည်းတွားလိုက်ပြီးနောက် မြေကြီးပေါ်မှာ ပက်လက်လှန်ချလိုက်မိသည်။လက်‌ကကျောအောက်မှာ
ခုသွားတာကြောင့် မသက်မသာခံစားနေရပေမဲ့ သူ့ရဲ့မျက်၀န်းရှေ့မှာ ကြည်လင်ပြတ်သားစွာ မြင်လိုက်ရသော အုံ့ဆိုင်းနေသည့် သစ်ပင်ကြီးတွေကြောင့် မျက်လုံးများ ပြူးကျယ်သွားသည်အထိ အံ့ဩနေမိသည်။

"ငါ....ဘယ်ရောက်နေတာလဲ...."

သေချာပြန်စဉ်းစားကြည့်လိုက်မိတော့ ဒီနေ့မြို့ထဲကို ပြန်တဲ့လမ်းမှာ တမင်ထောင်ချောက်ဆင်ထားတဲ့ သံဆူးခွေတွေကြောင့် ကားဘီးပေါက်သွားခဲ့ရတယ်။

အချိန်မှီသာ မထိန်းလိုက်နိုင်ခဲ့ရင် ကားကလမ်းဘေးသစ်ပင်နဲ့ ၀င်တိုက်မိမှာ သေချာတယ်။
ကားပေါ်ကနေ ဆင်းလိုက်တဲ့အချိန်မှာ သံဆူးခွေတွေ ချထားခဲ့တဲ့လူတွေက ပုန်းနေရာမှအလျှိုအလျှိုထွက်လာကြပြီး ရန်ပြုဖို့ကြိုးစားခဲ့ကြတယ်။

ပြန်တိုက်ခိုက်ခဲ့ပေမဲ့လို့ လူအများနဲ့တစ်ယောက်ဆိုတော့ ဝိုင်းချုပ်တာကို ခံလိုက်ရတဲ့ အပြင် ခေါင်းကိုတုတ်နဲ့ရိုက်ချလိုက်တာကို ခံခဲ့ရတယ်။
ခေါင်းကိုတုတ်နဲ့ ရိုက်ခံလိုက်ရပေမဲ့ သတိလစ်မနေခဲ့ဘူး ။ဒါပေမဲ့ မေ့ဆေးနဲ့ထပ်ပြီး အုပ်ခံလိုက်ရတဲ့အချိန်မှာတော့ လုံး၀ကိုသတိလစ်မေ့မျော သွားခဲ့တယ်။

သေချာတာကတော့ ဒါဟာဦးအဂ္ဂရဲ့လက်ချက်ပဲ။
ဒါပေမဲ့ ဒီနေ့မြို့ကို ပြန်မယ်ဆိုတာ သူကဘယ်လိုသိသွားရတာလဲ။
ဒါမှမဟုတ် ဖြူ လုံးသတိလစ်နေတဲ့နေ့တုန်းက အသစ်ခေါ်လာတဲ့ အလုပ်သမားတွေထဲမှာများ သူလျှိုပါလာခဲ့တာလား။

ဘီလူးနမ်းသော...အရိုင်းပန်း         Tempat cerita menjadi hidup. Temukan sekarang