အခန်း(၈)Part 8🌹Unicode/Zawgyi

1.6K 51 0
                                    

အခန်း(၈)
🌸ဘီးလူးနမ်းသောအရိုင်းပန်း🌸

"ဒီလမ်းတည့်တည့်၀င်သွားလိုက်..."

ကျောအနောက်ကနေ အတင်းတွန်းခံလိုက်
ရတာကြောင့် ကျွန်တော်နဲနဲယိုင်ကျသွားတယ်။
အခုကျွန်တော် ရောက်နေတဲ့နေရာက ဦးအဂ္ဂပိုင်ဆိုင်တဲ့ ခြံ၀န်းကြီးထဲမှာပါ။ဦးအဂ္ဂဆိုတာ
သုန္နကမြို့ရဲ့အချမ်းသာဆုံးစာရင်းမှာ
ထိပ်ဆုံးကနေရပ်တည်နေတဲ့လူ။

ဒီလိုပုဂ္ဂိုလ်မျိုးကကျွန်တော့်လိုဆယ်တန်းကျောင်းသားလေး တစ်ယောက်ကိုတွေ့ချင်တာ ဘာသဘောလဲ။
ဧကန်နသူ့သားကို သွားတိုင်လိုက်တဲ့ကိစ္စများလား။

ခြံ၀န်းကြီးတစ်ခုလုံးက အလှမြက်ခင်းတွေနဲ့စိမ်းလန်းနေပြီး ဦးအဂ္ဂသည် ခြံရဲ့တောင်ဘက်စွန်းစွန်းမှာဆောက်ထားတဲ့ မှန်ချက်တွေအပြည့်ကာရံထားသော အပန်းဖြေစံအိမ်ထဲကနေ ကျွန်တော်လာတာကို ကြည့်နေပုံရသည်။

ခြေလှမ်းခပ်ကျဲကျဲနဲ့ပဲ ထိုစံအိမ်ထဲသို့၀င်သွားလိုက်ပြီး ကျွန်တော့်ကိုရယ်ပြနေတဲ့ဦးအဂ္ဂရဲ့အရှေ့မှာ ရပ်လိုက်တယ်။

"မင်းနာမည်...ကဝိလား..."

အထူးတလည် မက်တပ်တောင်ရပ်ပြီး
ကျွန်တော့်နာမည်ကို မေးလာပေမဲ့ ကျွန်တော်ကတော့ ခေါင်းပဲညိမ့်ပြလိုက်တယ်။

"ဦးနာမည် အဂ္ဂပါ....."

လက်ကိုရှေ့ထုတ်လာပြီး နှုတ်ဆက်ဖို့ကမ်းလှမ်းလာပေမဲ့ ...

"ကျွန်တော်သိပြီးသား ကိစ္စတွေကိုမပြောပါနဲ့ အဓိကအကြောင်းအရင်းကိုပဲ ပြောပါ..."

"အိုး..ဟိုး..ကောင်လေး..အေးဆေးပေါ့ကွာ...
ထိုင်ပါအုံး..ကော်ဖီနဲ့ မုန့်တွေကို သုံးဆောင်ပါအုံး..."

ထိုင်ခုံမှာပြန်ထိုင်ပြီး အသင့်ပြင်ဆင်ခင်းကျင်းထားတဲ့ အစားအစာတွေကို မေးငေါ့ပြနေတော့ ကျွန်တော့်စိတ်ထဲမှာ ကသိကအောင့်နိုင်လာတယ်။
ဒီလူနဲ့ကျွန်တော်က တစ်စားပွဲထဲမှာ ကော်ဖီအေးဆေးထိုင်သောက်ရလောက်အောင်အထိ ရင်းနှီးတာမှမဟုတ်ပဲ။

"ဦးအဂ္ဂ...လိုရင်းကိစ္စကိုပဲ ပြောပါ...
ဝေ့လည်ကြောင်ပတ်တွေသိပ်မလုပ်နဲ့...
ခင်ဗျားကအဲ့လောက် သဘောမကောင်းဘူးဆိုတာ ကျွန်တော်သိတယ်..."

ဘီလူးနမ်းသော...အရိုင်းပန်း         Where stories live. Discover now