ဘီလူးနမ်းသော အရိုင်းပန်း
(အခန်း၁၃)အချိန်အားဖြင့် သုံးနာရီခွဲနေလေပြီ။
နေကတော့ အရှိန်ပြင်းပြင်းနဲ့ ပူနေဆဲဖြစ်ပေမဲ့ ဒေ၀ကတော့ ဦးဂန္တ၀င်ဆီမှ အကြွေးတွေကိုကူဆပ်ပေးခအဖြစ် ပြန်ရထားသော ရေသန့်စက်ရုံကို လှည့်ပတ်ကြည့်နေလေသည်။ပြန်လည်တိုးချဲ့နေသည်မို့ ဆောက်လုပ်ရေးဆောင်ရွက်နေသူများလည်း ရှိလေသည်။
ဒေ၀၏ပုံစံမှာ ရိုးရိုး တီရှပ်အဖြူကို
စတိုင်ပဲင်လ်နဲ့တွဲ၀တ်ထားပြီး လုပ်ငန်းရှင်တွေသုံးသော ဆောက်လုပ်ရေးဦးထုပ်မီးခိုးရောင်ကိုဆောင်းထားလေသည်။အရပ်ထောင်ထောင်မောင်းမောင်းနဲ့
ဖြစ်နေကာခါးပတ်ပတ်လည်မှာလည်း စကားပြောစက်သုံးလုံးလောက်ကို ချိတ်ထားလေသည်။"ဆရာ့...ညနေကျရင် ဦးထက်မြတ်တို့အိမ်က
ထမင်းစားဖိတ်ထားတဲ့ကိစ္စ...သွားမှာလား..."ဒေ၀ခေတ္တမျှစဉ်းစားလိုက်သည်။
ဦးထက်မြတ်ဆိုတာ ဦးအဂ္ဂလောက်
ဩဇာမညောင်းပေမဲ့ ဒီမြို့မှာတော်တော်လေး နေရာယူထားနိုင်တယ်။အခုနောက်ပိုင်း သုန္နကမြို့ရဲ့ ဟော်တယ်နဲ့ ခရီးသွားလာရေး စီမံကိန်းတွေကိုလည်း ဒီလူကပဲစပြီး အကောင်အထည်ဖော်ခဲ့တာ။
ပြောရရင် စီးပွားရေး အကွက်မြင်သလို သမာသမတ်လည်း ကျတဲ့လူ။အဓိကကတော့ ဦးအဂ္ဂနဲ့မတည့်တာပဲ။
ထမင်းစားဖိတ်တယ်ဆိုတည်းက သူ့ရဲ့ နောက်ကြောင်းကို အနည်းနဲ့အများတော့
တီးခေါက်မိမှာပဲ။
ဒါကြောင့် ထမင်းစားဖိတ်တာဟာ ရိုးရိုးမဟုတ်ပဲ သူ့ဘက်ပါအောင် စည်းရုံးရေးဆင်းမှာက ခုနှစ်ဆယ်ရာခိုင်နှုန်းသေချာသည်။
ဦးထက်မြတ်ဆီကို သွားရင် ဦးအဂ္ဂဘက်ကလည်း လှုပ်ရှားလာနိုင်တယ်။"ကျွန်တော်သွားဖြစ်အောင် သွားမယ်....
အချိန်ရောက်ရင်...သတိပေးပါ...""ဟုတ်ကဲ့ဆရာ..."
"ဒါနဲ့ဆရာ...ကိုဂန္တ၀င်ကိုရော ဘယ်လိုဆက်လုပ်မှာလည်း..."
"ခင်ဗျား...သူ့ကို ဘယ်နေရာမှာခိုင်းထားလဲ..."
"ပစ္စည်းအ၀င်အထွက် စာရင်းစစ်နေရာလောက်ပါပဲ..."
YOU ARE READING
ဘီလူးနမ်းသော...အရိုင်းပန်း
General Fiction"မင်းငါ့ကို အဲ့လိုလာမကြည့်နဲ့....ငါ့မှာလည်း ငါသိက္ခာတရားဆိုတာရှိတယ်.... မင်းလိုချင်တာဘာလဲ ကိုယ့်ကိုပြော... ဥစ္စာလား ကိုယ့်မှာအပြည့်ရှိတယ်...ကိုယ်နဲ့လက်ထပ်ပြီးရင် မင်းဘာမှလုပ်စရာမလိုအောင်ကို ဘုရင်မတစ်ပါးလို ပြည့်စုံအောင် ထားပေးမှာ...ချစ်ခြင်းမေတ္တာလာ...