ဘီလူးနမ်းသော အရိုင်းပန်း
အခန်း(၉)"ဟဲ့ရေတွေကို မြန်မြန်သယ်ကြလေ...."
"ဖိုးစိန်...နှေးတိနှေးကွေးနဲ့ဟယ်...ထမင်းစားပြီးကြီးလာတာ မဟုတ်တဲ့အတိုင်းပဲ...."
"အယ်..ကြည့်စမ်း...ရေတွေဖိတ်ကျကုန်ပြီ...
နင်တို့ပထွေး၀ယ်ထားတဲ့ရေမဟုတ်ဘူးဟဲ့...
ရေတစ်စက်ဖိတ်ကျရင် နင်တို့ရဲ့လစာထဲကနေ တစ်ထောင်လျှော့မယ်...
လုပ်ကြမြန်မြန်..."ရတုမဟာစံအိမ်ကြီးထဲမှာ ကျွန်တော့်ရဲ့
နေ့ရက်တိုင်းကဒီလိုအသံမျိုးတွေကို နားထောင်ရင်းနဲ့သာရှင်သန်နေရတာပါ။
လူတွေကို ကျွန်တစ်ယောက်လိုပြူမူ ပြောဆိုနေကြတာကို ကျွန်တော်အရမ်းမုန်းတယ်။တခါတလေမှာကျွန်တော်စိတ်ပျက်တယ်။
တခါတလေမှာထွက်တောင်ပြေးချင်တယ်။
ဒါပေမဲ့ ကျွန်တော့်မှာ အခြားသွားစရာနေရာမှမရှိပဲကို။ဒီတော့ သည်းခံအောင့်အီးပြီးသာ နေရတော့တာပေါ့။ဒီစံအိမ်ကြီးအတွက် ရေတွေကို အခြားအရပ်ဒေသကနေ တိုင်ကီလိုက်၀ယ်လေ့ရှိတာကြောင့်လစဉ် တိုင်းကားနဲ့ရောက်ရောက်လာတတ်တယ်။
ကွန်တိန်နာထဲကနေ ဖောက်ချလိုက်တဲ့ ရေကို အလုပ်သမားတွေက ပုံးကြီးတွေထဲသို့ထည့်ပြီးတွန်းလှည်းနဲ့သယ်လာကြရတယ်။ဒါတင်မပြီးသေးပါဘူး။
ခပ်မြင့်မြင့်ဆောက်ထားတဲ့ တာဝါတိုင်ပေါ်မှာရှိတဲ့ တိုင်ကီကြီးထဲကိုလည်း ကြိုးဆိုင်းတွေနဲ့ဆွဲပြီး အပေါ်မှာအသင့်ဆောင့်နေတဲ့ အလုပ်သမားတွေက ထည့်ပေးရတယ်။ကျွန်တော်တို့ ဒေသကလျှပ်စစ်မီးရပေမဲ့ မြေအောက်ရေတွေကတူးလို့ကို
အဆင်မပြေဘူး ။
တူးလို့ ရပြန်တော့လည်း သံဂျေးနဲ့နနွင်းမှုန့်ရောထားသလို အရောင်မျိုးတွေပဲ ဖြစ်နေတာကြောင့် ဘယ်သူကမှ မသုံးဆွဲရဲကြဘူး။နေရာဒေသတော်တော်များများမှာ ရေတွင်းတူးရင်တောင် ရေခမ်းတာပဲ အဖက်တင်ကြပါတယ်။သူကြွယ်တွေကသာ ရေကိုတကူးတက အခြားအရပ်တွေကနေ ကားတွေနဲ့တိုက်ပြီး၀ယ်ကြတာပါ။
ကျွန်တော်တို့ အပိုင်သုံးကလူတွေဆိုရင်
သုန္နကတောင်နဲ့က နီးတော့ တောနက်ထဲအထိသက်စွန့်ဆံဖျားသွားပြီး တောင်ကျရေတွေကို သွားသယ်ကြရတယ်။
YOU ARE READING
ဘီလူးနမ်းသော...အရိုင်းပန်း
General Fiction"မင်းငါ့ကို အဲ့လိုလာမကြည့်နဲ့....ငါ့မှာလည်း ငါသိက္ခာတရားဆိုတာရှိတယ်.... မင်းလိုချင်တာဘာလဲ ကိုယ့်ကိုပြော... ဥစ္စာလား ကိုယ့်မှာအပြည့်ရှိတယ်...ကိုယ်နဲ့လက်ထပ်ပြီးရင် မင်းဘာမှလုပ်စရာမလိုအောင်ကို ဘုရင်မတစ်ပါးလို ပြည့်စုံအောင် ထားပေးမှာ...ချစ်ခြင်းမေတ္တာလာ...