အခန်း၄၄
🌸ဘီလူးနမ်းသော အရိုင်းပန်း🌸"ဘာ....ငါကမင်းရဲ့ ညီမကို တောင်းပန်ရမယ်...
အဟင်း...သိပ်ရယ်စရာ ကောင်းမနေဘူးလား..."ကိုကိုက ဘာကြောင့်အရမ်းပြောင်းလဲသွားရတာလဲ။ငွေ့ကိုတောင် ဟာသလုပ်ပြီး မဲ့ပြုံးပြုံးလိုက်သေးတယ်။တကယ်ဆိုရင်
ဒီတောင်ပေါ်အထိ မိုက်မဲပြီး လိုက်လာခဲ့မိတဲ့ ငွေ့ကို သူ့အနေနဲ့ဒီလို မကြိုဆိုသင့်ဘူး။ဒါပေမဲ့ ငွေ့ရဲ့စိတ်ကို အတတ်နိုင်ဆုံးနှိမ့်ချထားဖို့သာ ဆုံးဖြတ်လိုက်ပါတယ်။
ငွေက ပိုချစ်ရသူဖြစ်နေတာကို။"ကိုကို...ငွေမေတ္တာရပ်ခံပါတယ်...ညီမလေးကို တောင်းပန်လိုက်ပါကိုကိုရယ်...
အနည်းဆုံးတော့ ငွေ့ရဲ့ မျက်နှာကိုထောက်ထားပြီး...ကိုကို ညီမလေးကို တောင်းပန်လိုက်ပါနော်...""ဒုန်း!!!!"
"ကိုကို့...."
ဒေ၀လည်း အလုပ်လုပ်နေတဲ့ နေရာအထိစိတ်ဒုက္ခလာပေးနေသည့် ငွေပန်းချီကိုဒေါသထွက်လာကာ ဒီဇိုင်းစာရွက် တွေ တင်ထားသော ခုံကို လက်သီးနဲ့ ထုပစ်လိုက်သည်။
"ငွေပြောတာ ဘာမှားနေလို့ ကိုကိုကဒေါသထွက်နေရတာလဲ...ကိုကိုလုပ်လိုက်တဲ့ကိစ္စက ဘယ်လောက်တောင် အကျဉ်းတန်သလဲ
သိရဲ့လား....ရွှေက ကိုကို့ကြောင့် အရမ်းကိုထိတ်လန့်သွားတာ..ကိုကို့အနေနဲ့ အမှားလုပ်ပြီးရင် တောင်းပန်ရမယ်ဆိုတဲ့ အခြေခံ
လူ့ကျင့်၀တ်ကို နားလည်ဖို့တော့ ကောင်းပါတယ်...."ဆရာ၀န်တစ်ယောက်လုပ်နေပြီး တစ်ဖက်ပိတ်အတွေးနဲ့ ဖြစ်ရပ်တစ်ခုကို ပြောင်းပြန်လှန်တွေးနေသည့် ငွေပန်းချီကို သူသိပ်အံ့ဩမိလေသည်။
ဦးအဂ္ဂရဲ့ သမီးတွေလို့ မပြောရဘူး။
ကိုယ့်အတွက်ပဲ ကိုယ်ကြည့်ကြတာပဲ။
ဦးယျာဉ်မှူးက အတ္တသမားဆိုတော့
သူပျိုးလိုက်တဲ့ ပန်းတွေကလည်း
အတ္တသမားတွေဖြစ်တာမဆန်းပါဘူးလေ။
ဒေ၀အဖို့ ဒီမိန်းမကို ကြည့်ပြီး နှုတ်ခမ်းကိုသာ မဲ့ချလိုက်သည်။"ကိုကို...ဘာလို့မဲ့လိုက်တာလည်း...ငွေ့စကားတွေကို ကလေးကစားစရာလို့ သတ်မှတ်လိုက်တာလား..."
YOU ARE READING
ဘီလူးနမ်းသော...အရိုင်းပန်း
General Fiction"မင်းငါ့ကို အဲ့လိုလာမကြည့်နဲ့....ငါ့မှာလည်း ငါသိက္ခာတရားဆိုတာရှိတယ်.... မင်းလိုချင်တာဘာလဲ ကိုယ့်ကိုပြော... ဥစ္စာလား ကိုယ့်မှာအပြည့်ရှိတယ်...ကိုယ်နဲ့လက်ထပ်ပြီးရင် မင်းဘာမှလုပ်စရာမလိုအောင်ကို ဘုရင်မတစ်ပါးလို ပြည့်စုံအောင် ထားပေးမှာ...ချစ်ခြင်းမေတ္တာလာ...