Uni
ခပ်မြန်မြန်နှုန်းဖြင့်မောင်းနှင်းလာတာကြောင့် နာရီဝက်အတွင်းမှာပင် ဗာရစ် အိမ်တော် သို့ ရောက်ရှိလာခဲ့သည်၊၊ အစောနက သည်းထန်နေသောမိုးမှာ အခုတော့ သူမဟုတ်သလိုပင် တိတ်ကြသွားသည်မှာ တမဟုတ်ခြင်းအတွင်း၊၊ ကားကို စင်ဝင်အောက်၌သာ ထိုးရပ်လိုက်ပြီး ဗာရစ် ကားပေါ်ကနေ ဆင်းလာခဲ့လိုက်သည်၊၊ ကား နောက်ခန်းက မေ့နေတဲ့လူကို လက်မောင်းရင်းမှကိုင်လျက် ပုခုံးပေါ်သို့ ပြစ်တင်ကာဖြင့် ဗာရစ် အိမ်ထဲသို့ ဝင်လာခဲ့သည်၊၊ လူအိပ်ချိန်မို့ အိမ်တော်ထဲက လမ်းမီးတိုင်များသာ လင်းနေပြီး အိမ်ကြီးတစ်ခုလုံးကတော့ မှောင်မဲကာ ဖြင့် တိတ်ဆိတ်နေ၏၊၊
" ဒီကို ခဏ လာပါအုံး အကိုရစ်ရယ် "
ဧည့်ခန်းရှေ့ကဖြတ်အလျှောက် ချောက်ခနဲဆိုကာ ပွင့်လာသော မီးတွေနှင့်အတူ မာမီက ညအိပ်ဝတ်စုံ သခွားမွှေးရောင်ဖြင့် ဗာရစ်အား ထိုင်စောင့်လို့နေ၏၊၊ အမှောင်ထဲထိုင်စောင့်နေတဲ့ မာမီက မသိရင် သူခိုးများ စောင့်ဖမ်းနေသလိုလို
" ဟောဗျာ စောင့်နေမယ်လို့ မထင်ထားဘူး "
မာမီရှိရာဆီသို့ သွားကာ ဗာရစ် ထိုင်မနေတော့ဘဲ မတ်တတ် ရပ်အတိုင်းသာ ပြောလိုက်လျှင် မာမီက မျက်စောင်းခဲကာ ကြည့်လာ၏၊၊ ဗာရစ်ကတော့ ခပ်ပြုံးပြုံးပါဘဲ ဘာလို့ဆို သူကြိုက်တာ လုပ်လာရသည်ကို
" ဒါက ဘယ်လိုပုံစံဖြစ်လာတာလဲ၊၊ နှစ်ယောက်လုံးစိုရွဲနေတာဘဲ၊၊ သားရစ် မင်းသူများသားသမီးကို အလိုမတူဘဲ ခေါ်လာတာတော့ မဟုတ်ဘူးမလား "
ကိုယ်သားအကြောင်းကိုယ်သိနေတာမို့ နှောင်းရစ် တွေးဆဆဖြင့် ထုတ်မေးရသည်၊၊ မတော်လို့ ပြောသလို လုပ်လာမှဖြင့် အမှုပတ်နေအုံးမည်၊၊ တကယ်ကို မာဗာရစ်ကို ထိန်းရသည်မှာ နွားတစ်ထောင်ထိန်းရတာထက်ပင်ခက်သေး၏၊၊ ဒီဟာဆို ဟိုဟာ ၊ ဟိုဟာဆို ဒီဟာ လုပ်လာသည်မှာ ငယ်ငယ်ထဲကပင်ဖြစ်သည်၊၊ ဂျစ်တစ်တစ်ဂျစ်ကန်ကန်နဲ့ မို့ သားရစ်ကို ထိန်းနိုင်မဲ့လူက ရှိတောင်ရှိပါ့မလားဘဲ
" ဘယ်လိုထင်လဲ မာမီ ၊၊ မှန်းကြည့်လေ "
" မေးနေရင်ဖြေစမ်းပါ၊၊ ပြစမ်း အဲ့ကလေး မျက်နှာ အသက်တောင်ပြည့်သေးရဲ့လား "