မနက်ခင်းပိုင်းရန်နိုးလာတဲ့အချိန်ဟာ 9 နာရီဖြစ်ပြီး ရန်ဘေးမှာ အိပ်နေကျဖြစ်သော မောင်ကတော့မရှိချေ၊၊ မနေ့ကထဲက ဒီနေ့ ကုမ္ပဏီ ကို အရေးကြီးအစည်းအဝေးရှိတာမလို့ အစောကြီးထသွားမယ်ဆိုတာ ရန်ကိုတော့ ကြိုပြောပြထား၏၊၊ထို့ကြောင့် ဒီမနက် မောင်ကရန်ဘေးမှာမရှိတော့တာ၊ ကုမ္ပဏီ သွားတာလည်းရန်ကိုနိုးပြီးပြောသွားခြင်းလည်းမရှိ၊ အရင်နေ့တွေကတော့ ရန်အိပ်နေရင်တောင် ဘယ်သွားမယ် ဘယ်လာမယ်ဆိုတာကအစ နိုးပြီးပြောတတ်တာကို အခုတော့ ထူးထူးဆန်းဆန်း နိုးပြီးတောင်မပြောသွား၊၊
ရေပူစပ်ပေးနေကျမောင်ကလည်း မရှိတော့နိုးလာထဲက ရန် ရေမချိုး ဖြစ်ပေ၊၊ မနက်စာ စားပြီးသာ ဧည့်ခန်းထဲ၌ ထိုင်ပြီး ရန် TV ထိုင်ကြည့်နေသည်မှာ နေ့လယ် 12 ပင်ရောက်လာခဲ့သည်၊၊ မောင်ကတော့ အခုထက်ထိရောက်မလာသေး၊၊ တစ်ယောက်ထဲထိုင်ပြီး TV ကြည့်တာ ကြာလာတော့ ပျင်းလာလေသည်၊၊ ပျင်းလွန်းလို့ လူကအရည်ပါပျော်ကျတော့မည်၊၊
ဆက်ပြီးဧည့်ခန်းထဲ၌ထိုင်ကာ TV မကြည့်ချင်တော့တာကြောင့် TV ကို ပိတ်ပြီး အညောင်းပြေအညာပြေ လေ့ကျင့်ခန်းနည်းနည်းလုပ်ပြီးရန် ဧည့်ခန်းထဲက ထွက်လာခဲ့သည်၊၊
"ဟေး ကောင်လေး"
အပေါ်ထပ်သို့တတ်မည်ရန်၏ ခြေလှမ်းတွေက အနောက်က မိန်းကလေးတစ်ယောက်၏ ခေါ်သံကြောင့် ရပ်တန့် သွားရသည်၊၊ ရန် အနောက်ဘက်သို့ လှည့်ကြည့်လိုက်တော့ ခပ်ချောချောမိန်းကလေးတစ်ယောက်ပင်ဖြစ်သည်၊၊ သူမ၏ ဝတ်စားပုံက ခေတ်နဲ့အညီ တအားဖော်ချွတ်ထားသည်မျိုးလည်းမဟုတ်ပေမဲ့ လုံလုံခြုံခြုံ ဝတ်စားထားသည်မျိုးလည်းမဟုတ်ပေ၊၊ ဒူးအပေါ်ထိရောက်သော ကိုယ်ကျပ်ဂါဝန်အနက်ရောင်ကို ဝတ်ဆင်ထားပြီ ဆံနွယ်တွေကိုတော့ ဆံထုံး စုထုံးထားသည်၊၊ အရပ်အနေအမောင်းနဲ့ ရှပ်ရည်ကအစ ဒီမိန်းကလေးက ပြစ်ချက်ပြောစရာမရှိ၊၊
"ဒီအိမ်မှာ အချစ် ရှိလား"
"အမ် "
"အပေါ်ထပ်မှာ အချစ် ရှိလားလို့မေးတာ၊ဘာတွေအူတူတူလေးလုပ်နေတာတုန်း အသဲယားအောင်"