( Warning အနည်းငယ်ပါသည့်မို့ စာဖတ်သူတို့ဘက်က အဆင်ပြေမှဖတ်ပေးကြပါဗျ)
"မေနှောင်း"
နှောင်းရစ် အခန်းထဲ၌ အလုပ်သွားဖို့အတွက် လိုအပ်သော ဖိုင်တွဲတွေကို စစ်ဆေးပြီး အိတ်ထဲထည့်နေတုန်း သားရန်လေးက နှောင်းရစ်အခန်းထဲသို့ဝင်လာခဲ့သည်၊၊ မျက်နှာသိပ်မလန်းသလို ဖြစ်နေသော ရန်လေးက ဒီရက်တွေမှာ သားရစ်နဲ့အဆင်သိပ်ပြေဟန်မရှိ၊၊ ရန်လေးဘက်ကတော့ လိုက်ချော့နေတာကို တွေ့ပေမဲ့ သားရစ်ကတော့ အိုက်တင်းကြီးတစ်ခွဲသားနဲ့အခုထိတင်းခံနေသေးသည်၊၊ မချစ်တာလည်းမဟုတ်ဘဲနဲ့ အဲ့ဒီကောင်လေးက ဘာဖြစ်ချင်နေမှန်းကို နှောင်းရစ်မပြောတတ်တော့တာ
"မေနှောင်း ရန် မေးစရာလေးရှိလို့"
"မေးလေ ဘာမေးမှာလဲရန်လေး"
"ဟိုလေ မောင်က ဘယ်လိုဖြစ်ပြီး ပြန် ရှင်လာတာလဲ၊၊ ရန် မေးချင်နေတာ ကြာပြီိဆိုပေမဲ့ အခုမှ လာမေးဖြစ်တာ"
"ဒဏ်ရာရပြီးဆေးရုံတတ်ရတယ်ဆိုတာကတော့ အမှန်ဘဲ၊ ဒါပေမဲ့ ခွန်းကမ္ဘာရန်နိုင်နဲ့ အိုဆိုင်းရစ်တို့ကြောင့်သာ မာမီတို့က သားရစ်သေဆုံးသွားပြီးလို့လိမ်ခဲ့ရတာ၊၊ လှည့်ကွက်တစ်ခုဆိုလည်း ဟုတ်တယ် ရန်လေး"
"ဒါဆိုဘာလို့ရန်ကို မပြောပြခဲ့ရတာလည်း၊ ရန်ကိုသာပြောပြခဲ့ရင် ရန် နာကျင်ခဲ့ရမှာမဟုတ်ဘူး"
" ပြောပြလို့ရတဲ့အခြေအနေမဟုတ်လို့ပေါ့သားရန်လေးရယ်၊ မင်းနောက်မှာ မင်းကိုအပြင် ရစ်အိမ်တော်ကို စောင့်ကြည့်နေတဲ့လူတွေရှိသေးတယ်၊၊အကယ်လို့ မေနှောင်းသာ သားရန်လေးကို ပြောပြလိုက်တယ်ထားအုံး ယောက်ျား ဖြစ်သူဆုံးတာကို ဘာမှမဖြစ်သလိုနေနိုင်တဲ့လူလို့ ရန်လေးကို မထင်သွားနိုင်ဘူးလား၊၊နောက်ပြီး ခွန်းကမ္ဘာရန်နိုင်နဲ့ အိုဆိုင်းရစ်တို့ဘက်က ပိုပြီးသံသယဝင်နိုင်တယ်လေ၊၊ မာမီပြောတာ နားလည် လား"
ခေါင်းညိတ် ပြပြီး သားရန်လေးက ဘာမှဆက်မပြောလာတော့၊၊ အတွေးထဲနစ်နေပုံရပြီး မတ်တတ် ရပ်အတိုင်းနဲ့သာ ငြိမ်သက်နေသည်၊၊ ရန်လေးက over thinking သမားဆိုတာ အတူနေတာကြာလာတာနဲ့အမျှ နှောင်းရစ် သိလာသည်၊၊ တစ်ခုခုကို အလွန်အကျွံ တွေးတတ်ပြီး ထို အတွေးတွေကြောင့်ဘဲ စိတ်ရွှင်မလန်းဖြစ်နေတတ်သည်၊၊