Uni
ရွာကိုရောက်ပြီး တစ်ပတ်မြောက်နေမှာတော့ ရန်အိမ်တွင်းထဲမှာဘဲ ဆက်မအောင်းနေနိုင်တော့၊၊ ဒီရက်တွေမှာ ရန်နေကောင်းလို့အပြင်ထွက်ချင်သော်လည်း မာဗာရစ်က စိတ်မချဘူးဆိုကာ အပြင်ပေးမလွတ်၊၊ထို့ကြောင့် ဒီအိမ်ကြီးထဲမှာဘဲ ရန် သောင်တင်နေရတော့သည်၊၊အခုနေကောင်းသွားပြန်တော့လည်း သူမပါရင်မထွက်ရဘူးဆိုကာ လူကို အမိန့်ချထားပြန်ပြီ၊၊ ဟိုနေရာလည်း မလွတ် ဒီနေရာလည်းမလွတ်နဲ့ ကြာတော့ လူက ထွက်ပြေးစိတ်က ပေါ်လာ၏၊၊
ရန် ဒီအခန်းတွင်းမှာဘဲ ထိုင်နေတာ 2 နာရီကျော်လောက်ရှိပြီဖြစ်သည်၊၊ မာဗာရစ်နဲ့ ရွန်တို့ကတော့ အတတ်အဆင်းလှေကားဘေးက အခန်း၌ အလုပ်လုပ်နေကြလိမ့်မည်၊၊ ထိုအခန်းကို ဒီအိမ်စရောက်ထဲက အလုပ်အခန်းဖြင့် သူတို့ကသုံးခဲ့သည်၊၊ ထို့ကြောင့် အိမ်ရှေ့ကနေ အပြင်ထွက်မယ်ဆိုရင် ထိုအခန်းက တန်းပြီး အိမ်ရှေ့ဘက်ကိုမြင်နေရတာမို့ ရန် အပြင်ထွက်လို့မရနိုင်၊၊ ဒီအိမ်ကြီးရဲ့ အောက်ထပ်က အခန်း တွေ က အခန်းတံခါးကိုလိုက်ကာ အပါးလေးနဲ့သာ လုပ်ထားတာဖြစ်ပြီး အပေါ်ထပ်က အခန်းတွေကိုတော့ ကျွန်းသစ်သားတံခါးတွေဖြင့် ဆောက်လုပ်ထားသည်၊၊ တစ်အိမ်ထဲဆိုပေမဲ့လည်းအပေါ်ထပ်နဲ့ အောက်ထပ်ရဲ့ ဖွဲ့စည်းဆောက်လုပ်မှုပုံစံကအနည်းငယ်ကွဲပြားသည်၊၊
ဘယ်ကနေ အပြင်ခိုးထွက်ရမလဲ ဆိုတာ အခန်းထဲထိုင်လျက်ရန် စဥ်းစားနေသည်မှာ တဖြည်းဖြည်းနဲ့ ထပ်ပြီး နာရီဝက်ကျော်လာခဲ့သည်၊၊ ဦးနှောက်ထဲ ဘာမှ စဥ်းစားမရသေး၊၊ အခန်းထဲ ဟိုလျှောက်လိုက်ဒီလျှောက်လိုက်ဖြင့် ရန် မှာ အသည်းအသန်စဥ်းစားနေရသည်၊၊
"ဒီနေ့ ရအောင် အပြင်ထွက်ရမယ် "
နောက်ထပ် အချိန်တစ်ခုကြာပြီးမှာတော့ ရန် အကြံဥာဏ်တစ်ခုရလာလေသည်၊၊ အရင် ရန်နိုင်အိမ်မှာတုန်းကလိုဘဲ လိုက်ကာတွေဆက်ပြီး အောက်သို့တွဲလောင်းချ၍ တွယ်ဆင်းလျှင်တော့ သေချာပေါက် လွတ်နိုင်ခြေရှိသည်၊၊ ထို့ပြင် ဒီချိန်ကလည်း မာဗာရစ်တို့ အလုပ်များနေလောက်မဲ့အချိန်မို့ ရန်ခိုးထွက်တာကို ဘယ်သူမှ သိလောက်မည်မဟုတ်၊၊ အပြင်ခဏဘဲသွားပြီး ချက်ချင်းပြန်လာရင်တော့ မာဗာရစ်နဲ့ ရန်ပက်ပင်းမတိုးနိုင်၊၊