44(uni)

34K 1.4K 98
                                    

မနက်ပိုင်းအချိန်4 နာရီခွဲကျော်လောက် မှာတော့  ကျိုက်ထီးရိုးဘုရားရင်ပြင်တော်ပါ်သို့ ရန်တို့ အုပ်စု ရောက်ရှိလာခဲ့သည်၊၊ မနက်ပိုင်းမို့  တောင်ပေါ်၌ အအေးဓာတ်က တောင်အောက်ထက်ပို၏၊၊   မိုးမလင်းသေးသည်ကြောင့် သဘာဝ ပတ်ဝန်းကျင် ၏ ရှူခင်းကိုမမြင်ရဘဲ  မြူခိုးမှိုင်းတွေဆိုင်းကာဖြင့်မှောင်မိုက်နေသည်၊၊  မနက်အစောကြီးတောင်မှ ဘုရားရင်ပြင်၌ သွားလာနေသော လူများနှင့် တစ်ချို့စျေးဆိုင်တန်းတွေက ဖွင့်လှစ်နေကြပြီဖြစ်သည်၊၊

မွန်ပြည်နယ်ထဲသို့ စဝင်လာထဲက ကားပေါ်၌ သားနှစ်ယောက်က အိပ်ပျော်သွားကြသည်မို့  အခုတော့ မောင်လက်ထဲမှာ ဗမာလေးက အိပ်နေပြီး ရန်လက်ထဲမှာတော့ ရှန်ရှန်က အိပ်ပျော်နေလေသည်၊၊ အိမ်ကစထွက်ကတည်းက မအိပ်ဘဲ တစ်လမ်းလုံး  စကားများလာကြတဲ့နှစ်ယောက်က မွန်ပြည်နယ်ထဲအရောက်မှာ အလဲလဲ အပြိုပြိုနဲ့ အိပ်ပျော်သွားကြ၏၊၊

ကလေးနှစ်ယောက်ကို နေရာချရင်း ပစ္စည်းအိတ်တွေထားဖို့အတွက် ဘိုကင်ကြိုလုပ်ထားသော တည်ခိုးဆောင်ရှိရာသို့    ရန် တို့ လျှောက်လာခဲ့သည်၊၊  အခန်းအကြီးနှစ်ခန်းကို မှာယူထားပြီး  ဒင်ဒင်နဲ့ ရိုင်းစက်မာန်က တစ်ခန်းဖြစ်၍ ရန်တို့ မိသားစုက တစ်ခန်းဖြစ်သည်၊၊  အစပိုင်းက အခန်းသုံးခန်း မှာထားသော်လည်း ခရီးသွားတွေ လာရောက်လည်ပတ်မှုအများဆုံးရာသီဖြစ်နေသည်ဟုဆိုတာကြောင့်  အခန်းက နှစ်ခန်းဘဲ ရလိုက်ခြင်းဖြစ်၏၊၊ ဒီနှစ်ခန်းတောင်  ရှိရင်းပုံမှန်စျေးနှုန်းထက်  နှစ်ဆလောက်ကို  ကိုပေးခဲ့ရသည်၊၊

လေးယောက်လုံးက ခရီးပန်းနေသည့်အပြင် ကလေးတွေသည်လည်း ပင်ပန်းနေပုံရတာမလို့   အရင်ဆုံး နားနေပြီးမှ  ညနေလောက်မှသာ ဘုရားထွက်ဖူးဖို့စီစဥ်ကြပြီး  မနက်နဲ့နေ့လယ်ကိုတော့ အပြည့်အဝနားရန် ဆုံးဖြတ်ကြသည်၊၊ ထို့ကြောင့်   ငှားရမ်းထားသော တန်ခိုးဆောင်သို့ရောက်တော့  ဒင်ဒင်တို့နဲ့ လူချင်းခွဲပြီး ကိုယ်အခန်းထဲ ကိုယ်ဝင်နားကြ၏၊၊  ရန် တို့အခန်းနဲ့ ဒင်ဒင်တို့အခန်းက    ကြားထဲမှာ  လေးခန်းလောက်တော့ ခြားသည်၊၊  ရန်တို့က ဒင်ဒင်တို့အတွက် ဘေး ချင်းကပ်ရက် အခန်းကိုငှားပေမဲ့  မရတာမို့ လက်လျော့ပြီးသာ ရတဲ့အခန်းကို ယူလိုက်ရသည်၊၊

My  Stranger   Husband   RICKWhere stories live. Discover now