တစ်လကြာပြီးနောက်....
ဒေါက် ဒေါက်!
"ဝင်ခဲ့"
ကျွီဆိုသာတံခါးပွင့်သံနဲ့အတူ စာရင်းဖိုင်များကိုင်လျက်ဖြင့် ဒါလီယာက ဗာရစ်အလုပ်ခန်းထဲသို့ဝင်လာခဲ့သည်၊၊ ရုံးဆင်းချိန်နီးနေသည်မို့ အနှစ်ချုပ်စာရင်းအကုန်ကိုလာပေးပုံရ၏၊၊
"ဒီမှာ မင်းပြောတဲ့အနှစ်ချုပ်စာရင်းအကုန်လုံး၊ ရုံးဆင်းရင် မင်းအိမ်ပြန်မှာလား ဆေးရုံသွားမှာလား"
"ဆေးရုံသွားမှာ၊ နင်ကတော့အိမ်ဘဲပြန်လိုက်ပြီး ရွန်ကို တစ်ချက်ကူကြည့်ပေး"
"မင်းမပြောတောင် ငါကြည့်ပေးနေကျပါ"
တစ်လကြာသွားပေမဲ့ လွန်းရန်က အခုထက်ထိသတိလည်မလာသေး၊၊ စောင့်ကြည့်လူနာမဟုတ်တော့ပေမဲ့ ကိုမာဝင်နိုင်တဲ့အနေအထားမှာရှိနေသည်၊၊ အခုဆို တစ်လတောင်ကြာခဲ့ပြီး လုံးလုံးသတိလည်မလာသေးတာမို့ ဗာရစ်အခုထက်ထိ ရင်ပူနေရတုန်း၊၊ နှစ်ချီ ကိုမာသာဝင်သွားမယ်ဆိုရင် လက်လွှတ်ရတဲ့အနေအထားကိုရောက်လာနိုင်သည်၊၊နှစ် နှစ်လောက် ကိုမာဝင်ပြီးပြန်နိုးထလာရင်တော့ တစ်မျိုးဆိုပေမဲ့ လေးငါးနှစ်ထိ ကိုမာဝင်ပြီး ပြန်မနိုးထလာရင် လက်လွှတ်ဆုံးရှုံးရလိမ့်မည်၊၊ထို့သို့သော်နေ့ကို စိတ်ကူးနဲ့တောင်မှန်းမကြည့်ရဲပါ၊၊
ရွန်၏အခြေအနေကလည်း လုံးဝဆိုးရွားနေတာမျိုးမဟုတ်ပေမဲ့ လုံးလုံးပြန်ကောင်းလာသည်တော့လဲမဟုတ်ပေ၊၊ ဆေးရုံကနေဆင်းပြီး အိမ်မှာဘဲ စိတ်ရောဂါကုဆရာဝန်နဲ့စပြခဲ့သည်မှာ လွန်ခဲ့တဲ့ တစ်လထဲက၊၊ အခြားသူတွေလို ကိုယ်ကိုကိုယ်ထိခိုက်ဒဏ်ရာရအောင်လုပ်တာမျိုး တစ်ဖက်လူကို ထိခိုက်ဒဏ်ရာ ရအောင်လုပ်တာမျိုးတွေတော့မရှိပေမဲ့ ငိုလိုက်ရယ်လိုက်အခြေအနေနဲ့ ကိုယ်ကို ကိုယ်တောင်ဘယ်သူမှန်းမမှတ်မိတော့တဲ့အခြေအနေက တော်တော်ဆိုး၏၊၊ ဒီစောင့်ကြည့်ခဲ့တဲ့တစ်လအတွင်းမှာ ရွန်က ကိုယ်ကို ကိုယ်သာ ဘယ်သူဘယ်ဝါ မှန်းမေ့သွားတတ်ပေမဲ့ မင်းသန့်၏ အမည်နာမကိုတော့ တစ်ရက်တောင်မေ့လျော့သွားခြင်းမရှိ၊၊ တစ်ခါတစ်လေ ထိုအမည်ကိုဘဲ ထပ်ခါတလဲလဲရေရွတ်ရင်း နံရံ၌ ပုံတူပန်းချီတွေကိုရေးဆွဲနေတတ်သည်၊၊ ရွန်အရင်တုန်းက သိမ်းထားတဲ့ဆေးခြယ်ပစ္စည်းတွေက အခုတော့ အသုံးဝင်လာပုံရသည်၊၊ အစားစားချိန်နဲ့ အိပ်ချိန်တွေကတော့ ပုံမှန်လူလိုဘဲ မှန်ပေမဲ့ ကယောင်ချောက်ချား ဖြစ်မှုကတော့ နေ့တိုင်းဆက်တိုက်ပင်၊၊