please read it ‼️

17K 653 69
                                    


မာဗာရစ်  စာဖတ်သူအချို့ကို  ကျွန်တော် နည်းနည်း ရှင်းပြစရာ ကိစ္စအချို့ရှိပါတယ်၊၊  နှောင့်ယှက်မိသလို မျိုး ဖြစ်ခဲ့ရင် ကြိုတောင်းပန်ပါတယ်ဗျာ



မာဗာရစ်  fic ပြီးကတည်းကပေါ့နော်    ဇာတ်ဝင်ခန်းတစ်ခုကို  လူတော်တော်များများ ကျွန်တော် ဆီလာပြီး  လာပြောကြတယ်၊၊  အစပိုင်းတော့  လာထောက်ပြတယ် ထင်ပြီး  ကျွန်တော် အေးဆေးပဲ ပြန်တုန့်ပြန်ခဲ့ပါတယ်၊၊ ဒါပေမဲ့   အဲ့ဇာတ်ဝင်ခန်းက  လူပြောများလာတာမလို့  အခုလို မျိုး  လာရှင်းပြရခြင်းပါ၊၊


အများဆုံးလာပြောဖြစ်တဲ့ ဇာတ်ဝင်ခန်းက  မာဗာရစ်  သတ်သေတဲ့ အခန်းပါ၊၊    ခွန်းညီလွန်းရန်  ရဲ့ အသံဖိုင်ကြောင့် မာဗာရစ် က  စဥ်းစားဥာဏ်မရှိပဲ  နုံအပြီး  သတ်သေတယ်လို့ ခဏခဏ လာပြောကြပါတယ်၊၊  ဇာတ်ကောင်တွေ  အများကြီးထဲမှာ  တော်တော် အမြင်ကတ် ဆုံးဇာတ်ကောင် တစ်ခုဖြစ်ခဲ့တယ်လို့ လဲ ကျွန်တော် အပြောခံခဲ့ရပါတယ်၊၊ အဲ့ဒီအတွက် စိတ်မကောင်းဖြစ်မိပေမဲ့လည်း အရေးအသား ညံ့ခဲ့လို့  ခေါင်းငုံ့ခံရမှာပဲ ၊၊ ဒါက ဖြစ်နေကျ ကိစ္စ တစ်ခုလိုမို့    ဘာမှတော့မဖြစ်ပါဘူး၊၊


ကျွန်တော် အဓိကထားပြီး  ရှင်းပြ ချင်တာက     မာဗာရစ်  သတ်သေတဲ့ အကြောင်းပါ၊၊   ကိုယ်ချစ်တဲ့လူက   စာလည်းမရေးထားခဲ့သလို  ဘာမှလည်းပြောကြားခြင်းမရှိပဲ ရုတ်တရက် ပျောက်သွားခဲ့တဲ့အချိန်   ကိုယ်တိုင်ကလည်း ပူထူနေတဲ့အချိန်ပေါ့၊၊ အဲ့အချိန်မှာ   ကိုယ်နောက်ကွယ်မှာ ဖောက်ပြန်နေတဲ့ ကိုယ်ချစ်သူရဲ့ အသံဖိုင်ဖြစ်ဖြစ် ဓာတ်ပုံဖြစ်ဖြစ်   ရုတ်တရက်  ကိုယ်ဆီရောက်လာခဲ့မယ်ဆိုရင်  ဘယ်သူကများ  အကြောင်းအရင်းအားလုံးကိူ  အကျိုးအကြောင်းဆက်စပ်ပြီး တွေးတောနိုင်ပါ့မလဲ၊၊   ခွန်းညီလွန်းရန် က  ရန်နိုင်လက်ထဲ ရောက်နေခဲ့တာကို  စစချင်းမှာ   မာဗာရစ် က လုံးဝ မသိခဲ့ပါဘူးနော်၊၊ ဒါက သတိမှုရမဲ့အချက်ပါပဲ၊၊ ခွန်းညီလွန်းရန် ရဲ့ အသံဖိုင်ကို  ကြားမှ   ရန်နိုင် ဆီ ရောက်နေမှန်း မာဗာရစ် က သိခဲ့တာပါ၊၊  အချစ်ကြောင့် လူတိုင်းက စုံလုံးကန်းတတ်ကြပါတယ်၊၊  ရူးရူးမူးမူး ချစ်ဖူးခဲ့ရင် နားလည်ပါလိမ့်မယ်၊၊


You've reached the end of published parts.

⏰ Last updated: Feb 15 ⏰

Add this story to your Library to get notified about new parts!

My  Stranger   Husband   RICKWhere stories live. Discover now